စီးပွားရေးအကြပ်အတည်းဖြစ်နေတဲ့ သီရိလင်္ကာအစိုးရကို ကမ္ဘာ့ဘဏ် အမေရိကန်ဒေါ်လာသန်း ၆ဝဝ ကူညီ

774

ဂျန်ဇက် (NP News) - ဧပြီ ၂၇
ကမ္ဘာ့ဘဏ်ဟာ စီးပွားရေးအကြပ်အတည်းဖြစ်နေတဲ့ သိရီလင်္ကာနိုင်ငံအတွက် လိုအပ်တဲ့ကုန်ပစ္စည်းများ ဝယ်ယူ တင်သွင်းနိုင်ဖို့အတွက် ဘဏ္ဍာရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း ၆ဝဝ ကူညီပံ့ပိုးပေးဖို့ သဘော တူညီခဲ့ကြောင်း သီရိလင်္ကာသမ္မတရုံးက ဆိုပါတယ်။
သီရိလင်္ကာသမ္မတရုံးက "ကမ္ဘာ့ဘဏ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ကို ဘဏ္ဍာရေးအကူအညီပေးဖို့ သဘောတူညီခဲ့တယ်။ ကမာ့္ဘ ဘဏ်ဟာ သန်း ၆ဝဝ ထဲမှ သန်း ၄ဝဝ ကို မကြာခင် ထုတ်ပေးသွားဖို့ ရှိနေပါတယ်" လို့ပြောပါတယ်။
ကမ္ဘာ့ဘဏ်က သီရိလင်္ကာနိုင်ငံမှာဖြစ်နေတဲ့ စီးပွားရေးအကြပ်အတည်းများကို ကျော်ဖြတ်နိုင်ဖို့အကူအညီပေးမှု များ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံ က လွတ်လပ်ရေးရပြီးနောက် စီးပွားရေးအကြပ်အတည်းကို အဆိုးရွားဆုံးရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စီးပွားရေးအကြပ်အတည်းများကြောင့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံတော်အရန်ငွေပမာဏ ၇ဝ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး မတ်လကုန်အထိ နိုင်ငံတော်အရန်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ ဘီလျံ သာရှိတော့တယ်လို့ သိရကာ၊ ငွေကြေးအခက်အခဲများဖြစ်နေတဲ့အတွက် ဆေးဝါးများ၊ အစားစားများနဲ့ လောင်စာဆီများ အပါအဝင် လိုအပ်တဲ့ကုန်ပစ္စည်းများကို ပြည်ပက တင်သွင်းနိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
သီရိလင်္ကာအစိုးရဟာ စီးပွားရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်အောင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံ က ငွေကြေးအကူအညီရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့အပြင် ကမာ့္ဘနိုင်ငံများထံမှ ငွေကြေးရယူနိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ သိရပါတယ်။ အိန္ဒိယဟာ သီရိလင်္ကာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံ ကူညီပေးထားပြီး လိုအပ်တဲ့ ပစ္စည်းများတင်သွင်းနိုင်ဖို့အတွက် အိန္ဒိယထံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
https://www.channelnewsasia.com/asia/sri-lanka-says-world-bank-agrees-provide-us600-million-financial-aid-2649031

Zawgyi Version;
စီးပြားေရးအၾကပ္အတည္းျဖစ္ေနတဲ့ သီရိလကၤာအစိုးရကို ကမာၻ႔ဘဏ္ အေမရိကန္ေဒၚလာသန္း ၆ဝဝ ကူညီ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇
ကမာၻ႔ဘဏ္ဟာ စီးပြားေရးအၾကပ္အတည္းျဖစ္ေနတဲ့ သိရီလကၤာႏိုင္ငံအတြက္ လိုအပ္တဲ့ကုန္ပစၥည္းမ်ား ဝယ္ယူ တင္သြင္းႏိုင္ဖို႔အတြက္ ဘ႑ာေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာသန္း ၆ဝဝ ကူညီပံ့ပိုးေပးဖို႔ သေဘာ တူညီခဲ့ေၾကာင္း သီရိလကၤာသမၼတ႐ုံးက ဆိုပါတယ္။
သီရိလကၤာသမၼတ႐ုံးက "ကမာၻ႔ဘဏ္ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ စီးပြားေရးျပႆနာေတြ၊ အခက္အခဲေတြကို ေျဖရွင္းႏိုင္ဖို႔ အေမရိကန္ေဒၚလာ သန္း ၆ဝဝ ကို ဘ႑ာေရးအကူအညီေပးဖို႔ သေဘာတူညီခဲ့တယ္။ ကမာ႔ၻ ဘဏ္ဟာ သန္း ၆ဝဝ ထဲမွ သန္း ၄ဝဝ ကို မၾကာခင္ ထုတ္ေပးသြားဖို႔ ရွိေနပါတယ္" လို႔ေျပာပါတယ္။
ကမာၻ႔ဘဏ္က သီရိလကၤာႏိုင္ငံမွာျဖစ္ေနတဲ့ စီးပြားေရးအၾကပ္အတည္းမ်ားကို ေက်ာ္ျဖတ္ႏိုင္ဖို႔အကူအညီေပးမႈ မ်ား ဆက္လက္လုပ္ကိုင္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ သီရိလကၤာႏိုင္ငံဟာ ၁၉၄၈ ခုႏွစ္မွာ ၿဗိတိန္ထံ က လြတ္လပ္ေရးရၿပီးေနာက္ စီးပြားေရးအၾကပ္အတည္းကို အဆိုး႐ြားဆုံးရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။
စီးပြားေရးအၾကပ္အတည္းမ်ားေၾကာင့္ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ႏိုင္ငံေတာ္အရန္ေငြပမာဏ ၇ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ၿပီး မတ္လကုန္အထိ ႏိုင္ငံေတာ္အရန္ေငြ အေမရိကန္ေဒၚလာ ၁ ဒသမ ၉၃ ဘီလ်ံ သာရွိေတာ့တယ္လို႔ သိရကာ၊ ေငြေၾကးအခက္အခဲမ်ားျဖစ္ေနတဲ့အတြက္ ေဆးဝါးမ်ား၊ အစားစားမ်ားနဲ႔ ေလာင္စာဆီမ်ား အပါအဝင္ လိုအပ္တဲ့ကုန္ပစၥည္းမ်ားကို ျပည္ပက တင္သြင္းႏိုင္ျခင္းမရွိဘဲ ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။
သီရိလကၤာအစိုးရဟာ စီးပြားေရးအၾကပ္အတည္းမ်ားကို ေျဖရွင္းႏိုင္ေအာင္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ထံ က ေငြေၾကးအကူအညီရယူႏိုင္ဖို႔ ႀကိဳးပမ္းေနတဲ့အျပင္ ကမာ႔ၻႏိုင္ငံမ်ားထံမွ ေငြေၾကးရယူႏိုင္ဖို႔ ႀကိဳးပမ္းေန တယ္လို႔ သိရပါတယ္။ အိႏၵိယဟာ သီရိလကၤာႏိုင္ငံကို အေမရိကန္ေဒၚလာ ၁ ဒသမ ၉ ဘီလ်ံ ကူညီေပးထားၿပီး လိုအပ္တဲ့ ပစၥည္းမ်ားတင္သြင္းႏိုင္ဖို႔အတြက္ အိႏၵိယထံက အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံ ရယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။
https://www.channelnewsasia.com/asia/sri-lanka-says-world-bank-agrees-provide-us600-million-financial-aid-2649031