မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားနှစ်ဦး လူသတ်မှုနဲ့ဖမ်ဆီးခံထားရဟုဆို

 717

ဂျန်ဇက် (NP News) - ဧပြီ ၂၉
မလေးရှားနိုင်ငံ Tikam Batu ဒေသရှိ စိုက်ခင်းမှာ ဧပြီလ ၁၇ ရက်က မြန်မာနိုင်ငံသားတစ်ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး အခြားသောမြန်မာ နိုင်ငံသား စိုက်ခင်းလုပ်သား နှစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ကြောင်း မလေးရှားသတင်းတွေကဖော်ပြပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိ ခင်မောင်ဝင်း နဲ့ အသက် ၄၂ နှစ်အရွယ်ရှိ ထွန်းစိုးတို့နှစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားခြင်းဖြစ်ပြီး အဆိုပါမြန်မာ စိုက်ခင်းလုပ်သားနှစ်ဦးဟာ အမှုကိုစစ် ဆေးချိန်မှာ ၄င်းတို့အပေါ် စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး နားလည်ခြင်းမရှိတဲ့အတွက် တစ်စုံတရာ အသနားခံခြင်းမရှိကြောင်းသိရပါတယ်။

တရားသူကြီးဟာ မြန်မာနိုင်ငံသား စိုက်ခင်းအလုပ်သမားနှစ်ဦးအပေါ် စွဲ ဆိုထားတဲ့ လူသတ်မှုကို လာမယ့် ဇွန်လမှာထပ်မံစစ်ဆေးမှာဖြစ်ပြီး အဆိုပါ ရုံးချိန်းအတွင်း မြန်မာဘာသာစကားပြောဆိုနိုင်စွမ်းရှိတဲ့ ဘာ သာပြန်တစ်ဦးကိုခေါ်ယူထားရဖွယ်ရှိနေကြောင်း မလေးရှားသတင်းတွေကဖော်ပြပါတယ်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှုနဲ့ပတ် သက်ပြီး လက်ရှိအချိန်မှာ အာမခံပေးတာမျိုးမရှိကြောင်းသိရပါတယ်။

လူသတ်မှုနဲ့စွဲချက်တင်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ စိုက်ခင်းအလုပ်သမားဖြစ်သလို မြန်မာနိုင်ငံသားလည်းဖြစ်တဲ့ မောင်ထွန်းလှိုင်ကို စိုက်ခင်းအတွင်း သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း စွပ်စွဲခံထားရပါတယ်။ Kuala Muda ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ACP Zaidy Che Hassan က ရဲတပ်ဖွဲ့ဟာ ဧပြီလ ၁၈ ရက်မှာ စိုက်ခင်းအတွင်း အသက် ၄ဝ အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦး ဦးခေါင်းမှာသွေးများပေကျံလျက် သေဆုံးနေတဲ့ အကြောင်းကြားမှုကို လက်ခံရရှိခဲ့ပြီးနောက်သွားရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်းဆိုပါတယ်။

မလေးရှားရဲတပ်ဖွဲ့အနေနဲ့ မောင်ထွန်းလှိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဧပြီလ ၂၁ ရက်မှာ သံသယရှိသူနှစ်ဦးဖြစ်တဲ့ ခင်မောင်ဝင်း နဲ့ ထွန်းစိုးတို့ကို ဖမ်းဆီးခဲ့ကြောင်း၊ တရားရုံးမတင်ပို့ခင် မြန်မာနိုင်ငံသား နှစ်ဦးကို (၇) ရက်ကြာဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း ဆိုပါတယ်။

https://www.thesundaily.my/home/two-myanmar-nationals-charged-with-murder-of-countryman-GJ9139118

zawgyi version
မေလးရွားႏိုင္ငံမွာ ျမန္မာႏိုင္ငံသားႏွစ္ဦး လူသတ္မႈနဲ႔ဖမ္ဆီးခံထားရဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၉

မေလးရွားႏိုင္ငံ Tikam Batu ေဒသရွိ စိုက္ခင္းမွာ ဧၿပီလ ၁၇ ရက္က ျမန္မာႏိုင္ငံသားတစ္ဦးအသတ္ခံရမႈနဲ႔ပတ္သက္ၿပီး အျခားေသာျမန္မာ ႏိုင္ငံသား စိုက္ခင္းလုပ္သား ႏွစ္ဦးကို လူသတ္မႈနဲ႔ စြဲခ်က္တင္လိုက္ေၾကာင္း မေလးရွားသတင္းေတြကေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံသားႏွစ္ဦးျဖစ္တဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ ခင္ေမာင္ဝင္း နဲ႔ အသက္ ၄၂ ႏွစ္အ႐ြယ္ရွိ ထြန္းစိုးတို႔ႏွစ္ဦးကို လူသတ္မႈနဲ႔ စြဲခ်က္တင္ထားျခင္းျဖစ္ၿပီး အဆိုပါျမန္မာ စိုက္ခင္းလုပ္သားႏွစ္ဦးဟာ အမႈကိုစစ္ ေဆးခ်ိန္မွာ ၎တို႔အေပၚ စြဲဆိုထားတဲ့အမႈနဲ႔ပတ္သက္ၿပီး နားလည္ျခင္းမရွိတဲ့အတြက္ တစ္စုံတရာ အသနားခံျခင္းမရွိေၾကာင္းသိရပါတယ္။

တရားသူႀကီးဟာ ျမန္မာႏိုင္ငံသား စိုက္ခင္းအလုပ္သမားႏွစ္ဦးအေပၚ စြဲ ဆိုထားတဲ့ လူသတ္မႈကို လာမယ့္ ဇြန္လမွာထပ္မံစစ္ေဆးမွာျဖစ္ၿပီး အဆိုပါ ႐ုံးခ်ိန္းအတြင္း ျမန္မာဘာသာစကားေျပာဆိုႏိုင္စြမ္းရွိတဲ့ ဘာ သာျပန္တစ္ဦးကိုေခၚယူထားရဖြယ္ရွိေနေၾကာင္း မေလးရွားသတင္းေတြကေဖာ္ျပပါတယ္။ အဆိုပါ ျမန္မာႏိုင္ငံသားႏွစ္ဦးကို လူသတ္မႈနဲ႔ပတ္ သက္ၿပီး လက္ရွိအခ်ိန္မွာ အာမခံေပးတာမ်ိဳးမရွိေၾကာင္းသိရပါတယ္။

လူသတ္မႈနဲ႔စြဲခ်က္တင္ခံထားရတဲ့ ျမန္မာႏိုင္ငံသားႏွစ္ဦးဟာ စိုက္ခင္းအလုပ္သမားျဖစ္သလို ျမန္မာႏိုင္ငံသားလည္းျဖစ္တဲ့ ေမာင္ထြန္းလႈိင္ကို စိုက္ခင္းအတြင္း သတ္ျဖတ္ခဲ့တာျဖစ္ေၾကာင္း စြပ္စြဲခံထားရပါတယ္။ Kuala Muda ခ႐ိုင္ရဲတပ္ဖြဲ႕အႀကီးအကဲ ACP Zaidy Che Hassan က ရဲတပ္ဖြဲ႕ဟာ ဧၿပီလ ၁၈ ရက္မွာ စိုက္ခင္းအတြင္း အသက္ ၄ဝ အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားတစ္ဦး ဦးေခါင္းမွာေသြးမ်ားေပက်ံလ်က္ ေသဆုံးေနတဲ့ အေၾကာင္းၾကားမႈကို လက္ခံရရွိခဲ့ၿပီးေနာက္သြားေရာက္ စုံစမ္းစစ္ေဆးခဲ့ေၾကာင္းဆိုပါတယ္။

မေလးရွားရဲတပ္ဖြဲ႕အေနနဲ႔ ေမာင္ထြန္းလႈိင္ အသတ္ခံရမႈနဲ႔ပတ္သက္ၿပီး ဧၿပီလ ၂၁ ရက္မွာ သံသယရွိသူႏွစ္ဦးျဖစ္တဲ့ ခင္ေမာင္ဝင္း နဲ႔ ထြန္းစိုးတို႔ကို ဖမ္းဆီးခဲ့ေၾကာင္း၊ တရား႐ုံးမတင္ပို႔ခင္ ျမန္မာႏိုင္ငံသား ႏွစ္ဦးကို (၇) ရက္ၾကာဖမ္းဆီးခ်ဳပ္ေႏွာင္ထားခဲ့ေၾကာင္း ဆိုပါတယ္။

https://www.thesundaily.my/home/two-myanmar-nationals-charged-with-murder-of-countryman-GJ9139118

Related news

© 2021. All rights reserved.