မြန်မာအိမ်အကူအမျိုးသမီးကို သတ်ခဲ့တဲ့ စင်ကာပူအိမ်ရှင်အမျိုးသမီးရဲ့အယူခံကို တရားရုံးငြင်းဆန်ပယ်ချခဲ့ဟု ဆို

928

ဂျန်ဇက် (NP News) - မေ ၅
စင်ကာပူတရားရုံးဟာ မြန်မာနိုင်ငံသူအိမ်အကူ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် နှစ် ၃ဝ ချမှတ်ခံထားရတဲ့ စင်ကာပူနိုင်ငံသား အိမ်ရှင်အမျိုးသမီးရဲ့အယူခံကို ပယ်ချလိုက်ကြောင်း စင်ကာပူ အခြေစိုက်မီဒီယာတွေက ဖော်ပြပါတယ်။
စင်ကာပူနိုင်ငံသူဖြစ်တဲ့ ဂိုင်ယာသီရိ မူရူဂါယံဟာ ၎င်းရဲ့အယူခံကို အထောက်အကူပြုပေးမယ့် အထောက် အထားအသစ်တွေကို တင်ပြဖို့ကြိုးပမ်းခဲ့ပေမယ့် စင်ကာပူတရားရုံးကတော့ ဆက်စပ်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဂိုင်ယာသီရိဟာ သေဆုံးသွားတဲ့ မြန်မာမိန်းကလေးရဲ့ဆွေမျိုးများကြား WhatsApp နဲ့ဆက်သွယ်ပြီး သူ့ကို ၎င်းတို့က ခွင့်လွှတ်ပါကြောင်း ပြောဆိုထားပုံရတဲ့ ဗီဒီယိုဖိုင်အပါအဝင် အထောက်အထားအသစ်များကို တင်ပြဖို့အတွက် ကြိုးပမ်းခဲ့သလို စိတ်ရောဂါပညာရှင်တစ်ဦးရဲ့အစီရင်ခံချက်ကိုလည်း တင်ပြဖို့ ကြိုးပမ်းခဲ့ တယ်လို့ သိရပါတယ်။
မြန်မာ နိုင်ငံသားအိမ်အကူအမျိုးသမီးဟာ ၁၄ လ ကြာ ကာလအတွင်း အကြိမ်ကြိမ် စော်ကားနှိပ်စက်ခံခဲ့ရပြီး ၂ဝ၁၆ ဇူလိုင် ၂၆ ရက်က သေဆုံးသွားခဲ့ပြီး မြန်မာအမျိုးသမီးအိမ်အကူသေဆုံးမှုဟာ အဆိုးရွားဆုံး လူသတ်မှု တွေထဲက တစ်ခုဖြစ်ကြောင်း စင်ကာပူတရားရုံးက ဆိုပါတယ်။
မြန်မာအိမ်အကူအမျိုးသမီဟာ လည်ပင်းမှာ ပြင်းထန်တဲ့ဒဏ်ရာများအပြင် ဦးနှောက် ထိခိုက်ဒဏ်ရာများနဲ့ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးခဲ့ချိန်မှာ ခန္ဓာကိုယ်အလေးချိန် ၂၄ ကီလိုသာရှိတော့တယ်လို့ သိရပါတယ်။
မြန်မာအိမ်အကူအမျိုးသမီးဟာ မသေဆုံးခင်ရက်အနည်းငယ်အကြာက အစာရေစာ ငတ်မွတ်စွာနဲ့နေထိုင်ခဲ့ပြီး ညပိုင်းမှာ ပြတင်းပေါက်တန်းနဲ့ ကြိုးချည်ခံထားရကာ အမှိုက်ပုံးက အစားအစာတွေကို ယူစားဖို့ ကြိုးပမ်းချိန်မှာ အကြမ်းဖက်ရိုက်နှက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
https://www.channelnewsasia.com/singapore/piang-ngaih-don-gaiyathiri-murugayan-maid-abuse-appeal-2663376

Zawgyi Version;
ျမန္မာအိမ္အကူအမ်ိဳးသမီးကို သတ္ခဲ့တဲ့ စင္ကာပူအိမ္ရွင္အမ်ိဳးသမီးရဲ႕အယူခံကို တရား႐ုံးျငင္းဆန္ပယ္ခ်ခဲ့ဟု ဆို
ဂ်န္ဇက္ (NP News) - ေမ ၅
စင္ကာပူတရား႐ုံးဟာ ျမန္မာႏိုင္ငံသူအိမ္အကူ အမ်ိဳးသမီးတစ္ဦးကို သတ္ျဖတ္မႈနဲ႔ပတ္သက္ၿပီး ေထာင္ဒဏ္ ႏွစ္ ၃ဝ ခ်မွတ္ခံထားရတဲ့ စင္ကာပူႏိုင္ငံသား အိမ္ရွင္အမ်ိဳးသမီးရဲ႕အယူခံကို ပယ္ခ်လိုက္ေၾကာင္း စင္ကာပူ အေျခစိုက္မီဒီယာေတြက ေဖာ္ျပပါတယ္။
စင္ကာပူႏိုင္ငံသူျဖစ္တဲ့ ဂိုင္ယာသီရိ မူ႐ူဂါယံဟာ ၄င္းရဲ႕အယူခံကို အေထာက္အကူျပဳေပးမယ့္ အေထာက္ အထားအသစ္ေတြကို တင္ျပဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ စင္ကာပူတရား႐ုံးကေတာ့ ဆက္စပ္မႈမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ ဂိုင္ယာသီရိဟာ ေသဆုံးသြားတဲ့ ျမန္မာမိန္းကေလးရဲ႕ေဆြမ်ိဳးမ်ားၾကား WhatsApp နဲ႔ဆက္သြယ္ၿပီး သူ႔ကို ၎တို႔က ခြင့္လႊတ္ပါေၾကာင္း ေျပာဆိုထားပုံရတဲ့ ဗီဒီယိုဖိုင္အပါအဝင္ အေထာက္အထားအသစ္မ်ားကို တင္ျပဖို႔အတြက္ ႀကိဳးပမ္းခဲ့သလို စိတ္ေရာဂါပညာရွင္တစ္ဦးရဲ႕အစီရင္ခံခ်က္ကိုလည္း တင္ျပဖို႔ ႀကိဳးပမ္းခဲ့ တယ္လို႔ သိရပါတယ္။
ျမန္မာ ႏိုင္ငံသားအိမ္အကူအမ်ိဳးသမီးဟာ ၁၄ လ ၾကာ ကာလအတြင္း အႀကိမ္ႀကိမ္ ေစာ္ကားႏွိပ္စက္ခံခဲ့ရၿပီး ၂ဝ၁၆ ဇူလိုင္ ၂၆ ရက္က ေသဆုံးသြားခဲ့ၿပီး ျမန္မာအမ်ိဳးသမီးအိမ္အကူေသဆုံးမႈဟာ အဆိုး႐ြားဆုံး လူသတ္မႈ ေတြထဲက တစ္ခုျဖစ္ေၾကာင္း စင္ကာပူတရား႐ုံးက ဆိုပါတယ္။
ျမန္မာအိမ္အကူအမ်ိဳးသမီဟာ လည္ပင္းမွာ ျပင္းထန္တဲ့ဒဏ္ရာမ်ားအျပင္ ဦးေႏွာက္ ထိခိုက္ဒဏ္ရာမ်ားနဲ႔ ေသဆုံးခဲ့တာျဖစ္ၿပီး ေသဆုံးခဲ့ခ်ိန္မွာ ခႏၶာကိုယ္အေလးခ်ိန္ ၂၄ ကီလိုသာရွိေတာ့တယ္လို႔ သိရပါတယ္။
ျမန္မာအိမ္အကူအမ်ိဳးသမီးဟာ မေသဆုံးခင္ရက္အနည္းငယ္အၾကာက အစာေရစာ ငတ္မြတ္စြာနဲ႔ေနထိုင္ခဲ့ၿပီး ညပိုင္းမွာ ျပတင္းေပါက္တန္းနဲ႔ ႀကိဳးခ်ည္ခံထားရကာ အမႈိက္ပုံးက အစားအစာေတြကို ယူစားဖို႔ ႀကိဳးပမ္းခ်ိန္မွာ အၾကမ္းဖက္႐ိုက္ႏွက္ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။
https://www.channelnewsasia.com/singapore/piang-ngaih-don-gaiyathiri-murugayan-maid-abuse-appeal-2663376