အစ္စရေးကို ကန့်သတ်ဧရိယာမှဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ ပါလက်စတိုင်း အမျိုးသားတစ်ဦး ပစ်သတ်ခံရ

 720

ရောင်နီ (NP News) - မေ ၉

ပါလက်စတိုင်း အနောက်ဘက်ကမ်းက ကန့်သတ်တားဆီးထားရာနေရာတစ်ခုကနေ အစ္စရေးထဲကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အစ္စရေးစစ်သားများရဲ့ ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အနောက်ဘက်ကမ်းမြို့ Tulkarem အနီး လုံခြုံရေးစည်းရိုးကို တရားမဝင်ဖြတ်ကူးရန် ကြိုးပမ်းတဲ့ သံသယရှိသူကို စစ်သားများက တွေ့ရှိပြီး ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာပါ။ “ တပ်ဖွဲ့က လုပ်ထုံးလုပ်နည်းအရ သေနတ်နဲ့ပစ်တယ်။ သံသယရှိသူကို ဆေးကုသရန် ခေါ်ဆောင်သွားခဲ့တယ် ” လို့ ၎င်းက ဆိုပါတယ်။ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက အဆိုပါအမျိုးသား သေဆုံးမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်လာမှုမှာတော့ သေဆုံးသူဟာ Mahmud Eram ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အစ္စရေးအလယ်ပိုင်းရှိ Sheba ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပါလက်စတိုင်းအမျိုးသားဟာ ၎င်းရဲ့ ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်း Wafa သတင်းဌာနကတော့ အစ္စရေးတပ်ဖွဲ့များဟာ Jabara စစ်ဘက်စစ်ဆေးရေးဂိတ်အနီးမှာ Eram ကို သတ်ဖြတ်ခဲ့ကြောင်း ဆိုပါတယ်။

သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလင်ရဲ့ သီးခြားဖြစ်ရပ်တစ်ခုမှာလည်း အစ္စရေးပြည်ဝင်ခွင့် ပါမစ်မပါဘဲ အသက် ၁၉ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးက မြို့ဟောင်းအပြင်ဘက်ရှိ ရဲအရာရှိတစ်ဦးကို အခင်းဖြစ်ပွားရာနေရာမှာ ပစ်သတ်ခြင်းမပြုနိုင်မီ ဓားနဲ့ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ Tel Aviv အနီးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူသုံးဦးကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ ပါလက်စတိုင်းနှစ်ဦးကိုလည်း အစ္စရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားပါတယ်။ ယင်းပါလက်စကိုင်း ၂ ဦးဖြစ်တဲ့ Asad Yussef al-Rifai 19 နှစ်နဲ့ Subhi Imad Sbeihat အသက် ၂၀ နှစ်အရွယ် ပါလက်စတိုင်းနှစ်ဦးတို့ဟာ ဧလက်ဒ်နဲ့ မဝေးသော ကျောက်မိုင်းတစ်ခုအနီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အစ္စရေးတပ်ဖွဲ့ဝင်များဟာ စစ်ယာဉ်များနဲ့ Jenin အနောက်ဘက် Rummaneh ရွာရှိ သံသယရှိသူ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း မျက်မြင်သက်သေများရဲ့ ပြောကြားချက်အရ သိရပါတယ်။

https://www.aljazeera.com/news/2022/5/8/palestinian-who-tried-to-cross-west-bank-barrier-shot-dead-army

Zawgyi Version
အစၥေရးကို ကန္႔သတ္ဧရိယာမွျဖတ္ေက်ာ္၀င္ေရာက္ဖို႔ ႀကိဳးစားတဲ့ ပါလက္စတိုင္း အမ်ိဳးသားတစ္ဦး ပစ္သတ္ခံရ
ေရာင္နီ (NP News) - ေမ ၉
ပါလက္စတုိင္း အေနာက္ဘက္ကမ္းက ကန္႔သတ္တားဆီးထားရာေနရာတစ္ခုကေန အစၥေရးထဲကုိ ဝင္ေရာက္ရန္ ႀကိဳးပမ္းခဲ့တဲ့ အမ်ိဳးသားတစ္ဦးဟာ အစၥေရးစစ္သားမ်ားရဲ႕ ပစ္သတ္ျခင္းခံခဲ့ရတယ္လုိ႔ သိရပါတယ္။

အေနာက္ဘက္ကမ္းၿမိဳ႕ Tulkarem အနီး လုံၿခဳံေရးစည္း႐ိုးကို တရားမဝင္ျဖတ္ကူးရန္ ႀကိဳးပမ္းတဲ့ သံသယရွိသူကို စစ္သားမ်ားက ေတြ႕ရွိၿပီး ပစ္ခတ္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့တာပါ။ “ တပ္ဖြဲ႕က လုပ္ထုံးလုပ္နည္းအရ ေသနတ္နဲ႔ပစ္တယ္။ သံသယရွိသူကို ေဆးကုသရန္ ေခၚေဆာင္သြားခဲ့တယ္ ” လို႔ ၄င္းက ဆိုပါတယ္။ ပါလက္စတိုင္း က်န္းမာေရး ဝန္ႀကီးဌာနက အဆိုပါအမ်ိဳးသား ေသဆုံးမႈနဲ႔ပတ္သက္ျပီး ထုတ္ျပန္လာမႈမွာေတာ့ ေသဆုံးသူဟာ Mahmud Eram ျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ အစၥေရးအလယ္ပိုင္းရွိ Sheba ေဆး႐ုံမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ပါလက္စတိုင္းအမ်ိဳးသားဟာ ၎ရဲ႕ ဒဏ္ရာမ်ားနဲ႔ ေသဆုံးသြားခဲ့ေၾကာင္း ေအအက္ဖ္ပီသို႔ ေျပာၾကားခဲ့ပါတယ္။ ပါလက္စတိုင္း Wafa သတင္းဌာနကေတာ့ အစၥေရးတပ္ဖြဲ႕မ်ားဟာ Jabara စစ္ဘက္စစ္ေဆးေရးဂိတ္အနီးမွာ Eram ကို သတ္ျဖတ္ခဲ့ေၾကာင္း ဆိုပါတယ္။

သိမ္းပိုက္ထားတဲ့ အေရွ႕ေဂ်႐ုဆလင္ရဲ႕ သီးျခားျဖစ္ရပ္တစ္ခုမွာလည္း အစၥေရးျပည္ဝင္ခြင့္ ပါမစ္မပါဘဲ အသက္ ၁၉ ႏွစ္အ႐ြယ္ ပါလက္စတိုင္းတစ္ဦးက ၿမိဳ႕ေဟာင္းအျပင္ဘက္ရွိ ရဲအရာရွိတစ္ဦးကို အခင္းျဖစ္ပြားရာေနရာမွာ ပစ္သတ္ျခင္းမျပဳႏိုင္မီ ဓားနဲ႔ထိုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ Tel Aviv အနီးမွာ ျပီးခဲ့တဲ့ သီတင္းပတ္က လူသုံးဦးကို ဓားနဲ႔ထိုးသတ္ခဲ့တဲ့ ပါလက္စတိုင္းႏွစ္ဦးကိုလည္း အစၥေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က တနဂၤေႏြေန႔မွာ ေျပာၾကားပါတယ္။ ယင္းပါလက္စကိုင္း ၂ ဦးျဖစ္တဲ့ Asad Yussef al-Rifai 19 ႏွစ္နဲ႔ Subhi Imad Sbeihat အသက္ ၂၀ ႏွစ္အ႐ြယ္ ပါလက္စတိုင္းႏွစ္ဦးတို႔ဟာ ဧလက္ဒ္နဲ႔ မေဝးေသာ ေက်ာက္မိုင္းတစ္ခုအနီး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အစၥေရးတပ္ဖြဲ႕ဝင္မ်ားဟာ စစ္ယာဥ္မ်ားနဲ႔ Jenin အေနာက္ဘက္ Rummaneh ႐ြာရွိ သံသယရွိသူ ေနအိမ္ကို ဝင္ေရာက္စီးနင္းခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ားရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.