အခြားအထူးပြုဘာသာရပ်များကို လျှောက်ထားသူများအနေဖြင့် ဥပဒေအထူးပြုဘာသာရပ်သို့ မေဂျာပြောင်းလဲ လျှောက်ထားနိုင်

1292

ဖူးပြည့် (NP News) - မေ ၁၁
၂ဝ၂ဝ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေအထူး ပြုဘာသာရပ်၊ နေ့သင်တန်းကို တက္ကသိုလ် (၁ဝ) ခုတွင် တိုးချဲ့ဖွင့်လှစ်ပြီဖြစ်သည့်အတွက် အဆိုပါ ကျောင်းများတွင် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)/B.A(Law) သင်တန်းပို့ချမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသည်။
ထို့ကြောင့် ပညာရေးဝန်ကြီးဌာန ပထမနှစ်၊ နေ့သင်တန်း၊ ဥပဒေအထူး ပြုဘာသာရပ် တိုးချဲ့ဖွင့်လှစ်သော တက္ကသိုလ်များတွင် အခြားအထူးပြုဘာသာရပ်များလျှောက်ထားခြင်းမှ ဥပဒေအထူးပြုဘာသာရပ်သို့ မေဂျာပြောင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
အခြားအထူးပြုဘာသာရပ်များမှ ဥပဒေအထူးပြုဘာသာရပ်သို့ အပြောင်းလျှောက်လွှာများကိုလည်း ၂ဝ၂၂ ခုနှစ် မေလ ၂၇ ရက် မတိုင်မီ အဆိုပါတက္ကသိုလ်များတွင် တင်ပြလျှောက်ထားပါက သတ်မှတ်ချက်နှင့်ကိုက်ညီလျှင် လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မေဂျာပြောင်းလဲလျှောက်ထားနိုင်မည့် တက္ကသိုလ်များတွင် မြိတ်တက္က သိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသို လ်၊ ဗန်းမော်တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မိတ္ထီလာ တက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်တို့ပါဝင်ကြောင်း သိရသည်။
“မေလ ၁၂ ရက်မှ စတင်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့လုံခြုံစွာ ကျောင်းတက် နိုင်ရေးအတွက် ပံ့ပိုးစောင့် ရှောက်ပေးကြရမှာဖြစ်ပါတယ်။ သွားလာရေး၊ ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေး ကြရမှာဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက မေလ ၁ဝ ရက်က ကျင်ပသည့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေးညှိနှိုင်းအစည်းအဝေးတွင်ပြော သည်။
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များကို မေလ ၁၂ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈ဝ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
https://npnewsmm.com/news/627b7264dd867c16b543e8d4

zawgyi verison
အျခားအထူးျပဳဘာသာရပ္မ်ားကို ေလွ်ာက္ထားသူမ်ားအေနျဖင့္ ဥပေဒအထူးျပဳဘာသာရပ္သို႔ ေမဂ်ာေျပာင္းလဲ ေလွ်ာက္ထားႏိုင္
ဖူးျပည့္ (NP News) - ေမ ၁၁
၂ဝ၂ဝ ျပည့္ႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ဥပေဒအထူး ျပဳဘာသာရပ္၊ ေန႔သင္တန္းကို တကၠသိုလ္ (၁ဝ) ခုတြင္ တိုးခ်ဲ႕ဖြင့္လွစ္ၿပီျဖစ္သည့္အတြက္ အဆိုပါ ေက်ာင္းမ်ားတြင္ ဝိဇၨာဘြဲ႕ (ဥပေဒပညာ)/B.A(Law) သင္တန္းပို႔ခ်မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသည္။
ထို႔ေၾကာင့္ ပညာေရးဝန္ႀကီးဌာန ပထမႏွစ္၊ ေန႔သင္တန္း၊ ဥပေဒအထူး ျပဳဘာသာရပ္ တိုးခ်ဲ႕ဖြင့္လွစ္ေသာ တကၠသိုလ္မ်ားတြင္ အျခားအထူးျပဳဘာသာရပ္မ်ားေလွ်ာက္ထားျခင္းမွ ဥပေဒအထူးျပဳဘာသာရပ္သို႔ ေမဂ်ာေျပာင္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
အျခားအထူးျပဳဘာသာရပ္မ်ားမွ ဥပေဒအထူးျပဳဘာသာရပ္သို႔ အေျပာင္းေလွ်ာက္လႊာမ်ားကိုလည္း ၂ဝ၂၂ ခုႏွစ္ ေမလ ၂၇ ရက္ မတိုင္မီ အဆိုပါတကၠသိုလ္မ်ားတြင္ တင္ျပေလွ်ာက္ထားပါက သတ္မွတ္ခ်က္ႏွင့္ကိုက္ညီလွ်င္ လက္ခံသင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။
ေမဂ်ာေျပာင္းလဲေလွ်ာက္ထားႏိုင္မည့္ တကၠသိုလ္မ်ားတြင္ ၿမိတ္တကၠ သိုလ္၊ ဟသၤာတတကၠသိုလ္၊ မအူပင္တကၠသို လ္၊ ဗန္းေမာ္တကၠသိုလ္၊ ေ႐ႊဘိုတကၠသိုလ္၊ ကေလးတကၠသိုလ္၊ လားရႈိးတကၠသိုလ္၊ ပခုကၠဴတကၠသိုလ္၊ မိတၳီလာ တကၠသိုလ္၊ က်ိဳင္းတုံတကၠသိုလ္တို႔ပါဝင္ေၾကာင္း သိရသည္။
“ေမလ ၁၂ ရက္မွ စတင္ၿပီး တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား အဆင္ေျပေခ်ာေမြ႕လုံၿခဳံစြာ ေက်ာင္းတက္ ႏိုင္ေရးအတြက္ ပံ့ပိုးေစာင့္ ေရွာက္ေပးၾကရမွာျဖစ္ပါတယ္။ သြားလာေရး၊ က်န္းမာေရးကိစၥရပ္မ်ား အဆင္ေျပ ေခ်ာေမြ႕ေစေရးအတြက္ သက္ဆိုင္ရာျပည္နယ္နဲ႔တိုင္းေဒသႀကီး အစိုးရအဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေပး ၾကရမွာျဖစ္ပါတယ္”ဟု ပညာေရးဝန္ႀကီး ေဒါက္တာၫြန႔္ေဖက ေမလ ၁ဝ ရက္က က်င္ပသည့္ တကၠသိုလ္မ်ား ျပန္လည္ဖြင့္လွစ္ေရးညႇိႏႈိင္းအစည္းအေဝးတြင္ေျပာ သည္။
ပညာေရးဝန္ႀကီးဌာနရွိ တကၠသိုလ္မ်ား၊ ပညာေရးဒီဂရီေကာလိပ္မ်ားကို ေမလ ၁၂ ရက္မွ ဩဂုတ္လ ၃၁ ရက္အထိ (စေန၊ တနဂၤေႏြမပါ) စာသင္ရက္ေပါင္း ၈ဝ ျဖင့္ ပုံမွန္ပညာသင္ႏွစ္ဝက္ကာလအတိုင္း ျပန္လည္ဖြင့္လွစ္ သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။
https://npnewsmm.com/news/627b7264dd867c16b543e8d4