အမျိုးသား လိင်တူဆက်ဆံသူများမှာ ကူးစက်နိုင်တဲ့ Monkeypox ကူးစက်ရောဂါ ဗြိတိန်မှာဖြစ်ပွားနေ

 2140

ရောင်နီ (NP News) - မေ ၁၈
ဗြိတိန်အာဏာပိုင်များက ယခုလအတွင်း Monkeypox ရောဂါဖြစ်ပွားမှု အနည်းဆုံး ခုနှစ်ခုတွေ့ရှိပြီးနောက် ကူးစက်မှုကိုတုံ့ပြန်နိုင်ဖို့ အခြားသော ဥရောပကျန်းမာရေးအရာရှိများနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အင်္ဂါနေ့ (မေလ ၁၇ ရက်) မှာ ပြောကြားပါတယ်။

ယင်းကူးစက်ရောဂါမှာ လိင်ဆက်ဆံမှုမှတစ်ဆင့် ဖြစ်နိုင်ကြောင်း ဥပမာ လိင်တူချစ်သူ သို့မဟုတ် လိင်တူအမျိုးသားများကြားဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ကူးစက်မှု အသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူများက မှတ်ချက်ပြုထားပါတယ်။

အာဖရိက အလယ်ပိုင်းနဲ့ အနောက်အာဖရိက အစိတ်အပိုင်းများမှာ ဖြစ် ပွားတတ်တဲ့ Monkeypox ရောဂါလက္ခဏာတွေက အနာများပေါက်ခြင်း၊ အဖျားတက်ခြင်း၊ ကြွက်သားနာခြင်းနဲ့ ချမ်းတုန်ခြင်းတို့ ပါဝင်ပါတယ်။ ကြွက်နဲ့ မျောက်များကဲ့သို့ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်များနဲ့ အနီး ကပ်ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ချေတော့ နည်းပါးပါတယ်။

ဗြိတိန်ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က တနင်္လာနေ့(မေလ ၁၆ ရက်)မှာ Monkeypox ဖြစ်ပွားမှု (၄)ခုကိုတွေ့ရှိခဲ့ရပြီး လန်ဒန်မှာ (၃) ဦးနဲ့ အင်္ဂလန်အရှေ့မြောက်ပိုင်းရှိ နယူးကာဆယ်မှာ ဆက်စပ်ဖြစ်ပွားမှု (၁)ခုတို့ကို တွေ့ရှိခဲ့ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ ကူးစက်လူနာတွေထဲက လေးဦးစလုံးဟာ လိင်တူဆက်ဆံသော အမျိုးသားများ သို့မဟုတ် လိင်တူချစ်သူများဖြစ်တယ်လို့ သတ်မှတ်ရကြောင်း UKHSA က ပြောကြားပါတယ်။

အစောပိုင်းက အတည်ပြုထားတဲ့ ရောဂါဖြစ်ပွားမှု ၃ ခုမှာ ၎င်းတို့နဲ့ ဆက်စပ်သူ မည်မျှရှိတယ်ဆိုတာ မသိရသေးကြောင်း၊ ၎င်းတို့အနက် ပထမလူနာမှာ နိုင်ဂျီးရီးယားခရီးစဉ်မှ ပြန်ရောက်လာသူဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားပါတယ်။ ဆေးဝါးကုသမှုလိုအပ်တဲ့လူနာတွေကို လန်ဒန်နဲ့နယူးကာဆယ်ရှိ ဆေးရုံများမှ အထူးကုဌာနများမှာ ကုသပေးနေကြောင်း အေဂျင်စီမှ ပြောကြားပါတယ်။

"လိင်တူချင်း လိင်ဆက်ဆံတဲ့ အမျိုးသားတွေကြားမှာ ကူးစက်တာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်" လို့ WHO အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Ibrahima Soce Fall က ပြောကြားပါတယ်။ "ဒါဟာ ဗြိတိန် နဲ့ အခြားနိုင်ငံအချို့မှာလည်း ဒေသတွင်း ကူးစက်မှုနှုန်းကို မှန်ကန်စွာစုံစမ်းစစ်ဆေးဖို့ လိုအပ်နေတယ်ဆိုတာ ပြသတဲ့ အချက်အလက်အသစ် ဖြစ်ပါတယ်"လို့ ၎င်းက ဆိုပါတယ်။

အခြား WHO အရာရှိ Maria Van Kerkhove ကရောဂါဖြစ်ပွားမှုကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ဖို့ ဒေသဆိုင်ရာရုံးအပြင် ဥရောပရောဂါ ထိန်း ချုပ်ရေးစင်တာများနဲ့ UKHSA တို့နဲ့အတူ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ ရောဂါကူးစက်ခြင်းမျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် forward contact tracing နဲ့ ကူးစက်မှုရင်းမြစ်ကို ပိုမိုကောင်းမွန်စွာ နားလည်ဖို့ back contact tracing ကို ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

https://www.straitstimes.com/world/europe/who-says-coordinating-with-uk-over-monkeypox-outbreak?

zawgyi version
အမ်ိဳးသား လိင္တူဆက္ဆံသူမ်ားမွာ ကူးစက္ႏိုင္တဲ့ Monkeypox ကူးစက္ေရာဂါ ၿဗိတိန္မွာျဖစ္ပြားေန
ေရာင္နီ (NP News) - ေမ ၁၈

ၿဗိတိန္အာဏာပိုင္မ်ားက ယခုလအတြင္း Monkeypox ေရာဂါျဖစ္ပြားမႈ အနည္းဆုံး ခုႏွစ္ခုေတြ႕ရွိၿပီးေနာက္ ကူးစက္မႈကိုတုံ႔ျပန္ႏိုင္ဖို႔ အျခားေသာ ဥေရာပက်န္းမာေရးအရာရွိမ်ားနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က အဂၤါေန႔ (ေမလ ၁၇ ရက္) မွာ ေျပာၾကားပါတယ္။

ယင္းကူးစက္ေရာဂါမွာ လိင္ဆက္ဆံမႈမွတစ္ဆင့္ ျဖစ္ႏိုင္ေၾကာင္း ဥပမာ လိင္တူခ်စ္သူ သို႔မဟုတ္ လိင္တူအမ်ိဳးသားမ်ားၾကားျဖစ္ပြားတဲ့ ဗိုင္းရပ္စ္ကူးစက္မႈ အသစ္တစ္ခု ျဖစ္လာႏိုင္ေၾကာင္း က်န္းမာေရး ကြၽမ္းက်င္သူမ်ားက မွတ္ခ်က္ျပဳထားပါတယ္။

အာဖရိက အလယ္ပိုင္းနဲ႔ အေနာက္အာဖရိက အစိတ္အပိုင္းမ်ားမွာ ျဖစ္ ပြားတတ္တဲ့ Monkeypox ေရာဂါလကၡဏာေတြက အနာမ်ားေပါက္ျခင္း၊ အဖ်ားတက္ျခင္း၊ ႂကြက္သားနာျခင္းနဲ႔ ခ်မ္းတုန္ျခင္းတို႔ ပါဝင္ပါတယ္။ ႂကြက္နဲ႔ ေမ်ာက္မ်ားကဲ့သို႔ ေရာဂါပိုးရွိတဲ့ တိရိစာၦန္မ်ားနဲ႔ အနီး ကပ္ထိေတြ႕ျခင္းမွလည္း ကူးစက္ႏိုင္ၿပီး အသက္အႏၲရာယ္ ထိခိုက္ႏိုင္ေခ်ေတာ့ နည္းပါးပါတယ္။

ၿဗိတိန္က်န္းမာေရးလုံၿခဳံေရးေအဂ်င္စီ (UKHSA) က တနလၤာေန႔(ေမလ ၁၆ ရက္)မွာ Monkeypox ျဖစ္ပြားမႈ (၄)ခုကိုေတြ႕ရွိခဲ့ရၿပီး လန္ဒန္မွာ (၃) ဦးနဲ႔ အဂၤလန္အေရွ႕ေျမာက္ပိုင္းရွိ နယူးကာဆယ္မွာ ဆက္စပ္ျဖစ္ပြားမႈ (၁)ခုတို႔ကို ေတြ႕ရွိခဲ့ေၾကာင္း တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။ အဆိုပါ ကူးစက္လူနာေတြထဲက ေလးဦးစလုံးဟာ လိင္တူဆက္ဆံေသာ အမ်ိဳးသားမ်ား သို႔မဟုတ္ လိင္တူခ်စ္သူမ်ားျဖစ္တယ္လို႔ သတ္မွတ္ရေၾကာင္း UKHSA က ေျပာၾကားပါတယ္။

အေစာပိုင္းက အတည္ျပဳထားတဲ့ ေရာဂါျဖစ္ပြားမႈ ၃ ခုမွာ ၎တို႔နဲ႔ ဆက္စပ္သူ မည္မွ်ရွိတယ္ဆိုတာ မသိရေသးေၾကာင္း၊ ၎တို႔အနက္ ပထမလူနာမွာ ႏိုင္ဂ်ီးရီးယားခရီးစဥ္မွ ျပန္ေရာက္လာသူျဖစ္ေၾကာင္း ၎က ထပ္ေလာင္း ေျပာၾကားပါတယ္။ ေဆးဝါးကုသမႈလိုအပ္တဲ့လူနာေတြကို လန္ဒန္နဲ႔နယူးကာဆယ္ရွိ ေဆး႐ုံမ်ားမွ အထူးကုဌာနမ်ားမွာ ကုသေပးေနေၾကာင္း ေအဂ်င္စီမွ ေျပာၾကားပါတယ္။

"လိင္တူခ်င္း လိင္ဆက္ဆံတဲ့ အမ်ိဳးသားေတြၾကားမွာ ကူးစက္တာကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ေနရပါတယ္" လို႔ WHO အေရးေပၚတုံ႔ျပန္မႈဆိုင္ရာ လက္ေထာက္ၫႊန္ၾကားေရးမႉးခ်ဳပ္ Ibrahima Soce Fall က ေျပာၾကားပါတယ္။ "ဒါဟာ ၿဗိတိန္ နဲ႔ အျခားႏိုင္ငံအခ်ိဳ႕မွာလည္း ေဒသတြင္း ကူးစက္မႈႏႈန္းကို မွန္ကန္စြာစုံစမ္းစစ္ေဆးဖို႔ လိုအပ္ေနတယ္ဆိုတာ ျပသတဲ့ အခ်က္အလက္အသစ္ ျဖစ္ပါတယ္"လို႔ ၎က ဆိုပါတယ္။

အျခား WHO အရာရွိ Maria Van Kerkhove ကေရာဂါျဖစ္ပြားမႈကို ပိုမိုေကာင္းမြန္စြာနားလည္ႏိုင္ဖို႔ ေဒသဆိုင္ရာ႐ုံးအျပင္ ဥေရာပေရာဂါ ထိန္း ခ်ဳပ္ေရးစင္တာမ်ားနဲ႔ UKHSA တို႔နဲ႔အတူ လုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ေရာဂါကူးစက္ျခင္းမ်ိဳး ထပ္မံမျဖစ္ပြားေစဖို႔အတြက္ forward contact tracing နဲ႔ ကူးစက္မႈရင္းျမစ္ကို ပိုမိုေကာင္းမြန္စြာ နားလည္ဖို႔ back contact tracing ကို ျပဳလုပ္ေနေၾကာင္းလည္း သိရပါတယ္။

https://www.straitstimes.com/world/europe/who-says-coordinating-with-uk-over-monkeypox-outbreak?

Related news

© 2021. All rights reserved.