ပေါင်မြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၉ဝ)ကျော်ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

747
Photo- ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
မျိုးကြီး (NP News) - မေ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အလှပ်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၉ဝ ကျော်ပျက်စီးမှုရှိခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အလှပ်ကျေးရွာတွင် ယနေ့ (မေလ ၂၄ ရက်) နံနက် ၁၁ နာရီ ၃ဝ မိနစ်အချိန်ခန့်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထား သည်။
၎င်းလေဆင်နှာမောင်း၏ အကျိုးသက်ရောက်မှုကြောင့် အိမ်ခြေ ၉၁ လုံးမှာ အိမ်အမိုးများပျက်စီးခဲ့ပြီး နေအိမ် ၅ လုံးသည် အလုံးလိုက်ပြိုကျပျက်စီးသွားခဲ့ကြောင်း အဆိုပါအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ဆက်လက်ပြီး လေဆင်နှာမောင်း၏ သက်ရောက်မှုကြောင့် အလှပ်ကျေး ရွာအတွင်းရှိ ဘုန်ကြီးကျောင်း(၃)ကျောင်းမှာလည်း အနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် လေဆင်နှာမောင်းဒဏ်ကြောင့် အမျိုးသမီးတစ်ဦးမှာလည်း ဦး ခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလှပ်တိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
https://npnewsmm.com/news/628ccb4086473349b7549bb5

zawgyi version
ေပါင္ၿမိဳ႕နယ္၌ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ (၉ဝ)ေက်ာ္ပ်က္စီးခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
မ်ိဳးႀကီး (NP News) - ေမ ၂၄
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္ရွိ အလွပ္ေက်း႐ြာတြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ ၉ဝ ေက်ာ္ပ်က္စီးမႈရွိခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
အလွပ္ေက်း႐ြာတြင္ ယေန႔ (ေမလ ၂၄ ရက္) နံနက္ ၁၁ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ေလဆင္ႏွာေမာင္းတိုက္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဘိုဘိုဝင္း Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႕က အသိေပးထုတ္ျပန္ထား သည္။
၎ေလဆင္ႏွာေမာင္း၏ အက်ိဳးသက္ေရာက္မႈေၾကာင့္ အိမ္ေျခ ၉၁ လုံးမွာ အိမ္အမိုးမ်ားပ်က္စီးခဲ့ၿပီး ေနအိမ္ ၅ လုံးသည္ အလုံးလိုက္ၿပိဳက်ပ်က္စီးသြားခဲ့ေၾကာင္း အဆိုပါအဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။
ဆက္လက္ၿပီး ေလဆင္ႏွာေမာင္း၏ သက္ေရာက္မႈေၾကာင့္ အလွပ္ေက်း ႐ြာအတြင္းရွိ ဘုန္ႀကီးေက်ာင္း(၃)ေက်ာင္းမွာလည္း အနည္းငယ္ထိခိုက္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေလဆင္ႏွာေမာင္းဒဏ္ေၾကာင့္ အမ်ိဳးသမီးတစ္ဦးမွာလည္း ဦး ေခါင္းထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အလွပ္တိုက္နယ္ေဆး႐ုံသို႔ တက္ေရာက္ကုသလ်က္ရွိေၾကာင္း သိရသည္။
https://npnewsmm.com/news/628ccb4086473349b7549bb5