၂ဝ၂၁-၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာမည်

3402

NP News - မေ ၂၈
၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းက ပြောသည်။
စာမေးပွဲအောင်စာရင်းများကို ကျောင်းများတွင် ကပ်ထားကြေညာပေးမည့်အပြင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ် ဦးစီးဌာန၏ ဝက်ဆိုဒ်တစ်ခုဖြစ်သော https://www.myanmarexam.org/index.html တွင်လည်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှစ၍ ဧပြီလ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
၎င်းတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၃၁၂၄၂၄ ဦးရှိပြီး လာရောက်ဖြေဆိုခဲ့သည့် ဦးရေမှာ ၂၈၁၇၄၁ ဦးခန့်ရှိကြောင်း နစကမှထုတ်ပြန်ခဲ့သော အချက်အလက်များသိရသည်။
အဆိုပါစာမေးပွဲတွင် မြန်မာဘာသာရပ်ဖြေဆိုသူ ၂၈၁၇၄၁ ဦး၊ အင်္ဂလိပ်ဘာသာရပ်ဖြေဆိုသူ ၂၈၁၃၉၇ ဦး၊ သင်္ချာဘာသာရပ်ဖြေဆိုသူ ၂၈၁၂၄၉ ဦး ၊ ဓာတုဗေဒဘာသာရပ်ဖြေဆိုသူ ၂၂၇၇၄၆ ဦး၊ ရူပဗေဒဘာသာရပ်ဖြေဆိုသူ ၂၂၇၆၈၂ ဦး၊ ဇီဝဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူဦးရေမှာ ၆၉၅၈၅ ဦး၊ ဘောဂဒေဗဘာသာရပ်ဖြေဆိုသူ ၂ဝ၉၃၉၃ ဦး၊ ပထဝီဘာသာရပ်ဖြေဆိုသူ ၅၄၇၄၃ ဦးနှင့် သမိုင်းဘာသာရပ်ဖြေဆိုသူ ၅၃၇၃၈ ဦးရှိပြီး စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုသူ ၃ ဦးရှိကြောင်း သိရသည်။
ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၂ဝ ခုနှင့် ပြည် တွင်းစာစစ်ဌာန ၁၂၃၈ ခု စုစုပေါင်း ၁၂၅၈ ခုဖြင့် ဖွင့် လှစ်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကာလအတွင်း မြို့နယ်ပညာ ရေးမှူးတစ်ဦး အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အခြေခံပညာအထက်ကျောင်းအချို့တွင် ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။
https://npnewsmm.com/news/62920b3024269d0ed63c9ee3

zawgyi version
၂ဝ၂၁-၂ဝ၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းကို ဇြန္လ ၁၂ ရက္တြင္ ထုတ္ျပန္ေၾကညာမည္
NP News - ေမ ၂၈
၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ားကို ဇြန္လ ၁၂ ရက္တြင္ ထုတ္ျပန္ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အသိုင္းအဝိုင္းက ေျပာသည္။
စာေမးပြဲေအာင္စာရင္းမ်ားကို ေက်ာင္းမ်ားတြင္ ကပ္ထားေၾကညာေပးမည့္အျပင္ ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ ဦးစီးဌာန၏ ဝက္ဆိုဒ္တစ္ခုျဖစ္ေသာ https://www.myanmarexam.org/index.html တြင္လည္း ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၃၁ ရက္မွစ၍ ဧၿပီလ ၉ ရက္အထိ က်င္းပခဲ့ျခင္းျဖစ္သည္။
၎တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္အတြက္ စာရင္းေပးထားသည့္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရမွာ ၃၁၂၄၂၄ ဦးရွိၿပီး လာေရာက္ေျဖဆိုခဲ့သည့္ ဦးေရမွာ ၂၈၁၇၄၁ ဦးခန႔္ရွိေၾကာင္း နစကမွထုတ္ျပန္ခဲ့ေသာ အခ်က္အလက္မ်ားသိရသည္။
အဆိုပါစာေမးပြဲတြင္ ျမန္မာဘာသာရပ္ေျဖဆိုသူ ၂၈၁၇၄၁ ဦး၊ အဂၤလိပ္ဘာသာရပ္ေျဖဆိုသူ ၂၈၁၃၉၇ ဦး၊ သခ်ၤာဘာသာရပ္ေျဖဆိုသူ ၂၈၁၂၄၉ ဦး ၊ ဓာတုေဗဒဘာသာရပ္ေျဖဆိုသူ ၂၂၇၇၄၆ ဦး၊ ႐ူပေဗဒဘာသာရပ္ေျဖဆိုသူ ၂၂၇၆၈၂ ဦး၊ ဇီဝေဗဒဘာသာရပ္ကို လာေရာက္ေျဖဆိုသူဦးေရမွာ ၆၉၅၈၅ ဦး၊ ေဘာဂေဒဗဘာသာရပ္ေျဖဆိုသူ ၂ဝ၉၃၉၃ ဦး၊ ပထဝီဘာသာရပ္ေျဖဆိုသူ ၅၄၇၄၃ ဦးႏွင့္ သမိုင္းဘာသာရပ္ေျဖဆိုသူ ၅၃၇၃၈ ဦးရွိၿပီး စိတ္ႀကိဳက္ျမန္မာစာ ဘာသာရပ္ေျဖဆိုသူ ၃ ဦးရွိေၾကာင္း သိရသည္။
ယခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို ႏိုင္ငံျခားစာစစ္ဌာန ၂ဝ ခုႏွင့္ ျပည္ တြင္းစာစစ္ဌာန ၁၂၃၈ ခု စုစုေပါင္း ၁၂၅၈ ခုျဖင့္ ဖြင့္ လွစ္ေျဖဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုေနသည့္ကာလအတြင္း ၿမိဳ႕နယ္ပညာ ေရးမႉးတစ္ဦး အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္ခံခဲ့ရၿပီး အေျခခံပညာအထက္ေက်ာင္းအခ်ိဳ႕တြင္ ဗုံးေပါက္ကြဲသည့္ျဖစ္စဥ္မ်ားလည္း ရွိခဲ့သည္။
https://npnewsmm.com/news/62920b3024269d0ed63c9ee3