ရခိုင်ပြည်နယ်က ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ပြည့်မီအောင်ဆောင်ရွက်ပြီးသည့် ခုနစ်ခုမြောက်ပြည်နယ်ဖြစ်လာ
804
ဟိန်း (NP News) - မေ ၂၈
ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၈ဝ၆) ကတ်ထုတ်ပေးရန်လျာထားခဲ့ရာ (၁၈၃၃၉၉) ကတ်ထုတ် ပေးနိုင်ခဲ့သည့်အတွက် လျာထားချက်ရာနှုန်း ပြည့်မီကျော်လွန်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောသည်။
ပြည်ထောင်စုဝန်ကြီးက မေလ ၂၇ ရက်က ကျင်းပခဲ့သည့် ရခိုင် ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ်ဟာ ခုနစ်ခုမြောက် ပြည်နယ်လုံးကျွတ်ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
ထို့ပြင် ယခုကဲ့သို့ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာ ထားချက်ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ပြီးဖြစ်သော်လည်း မှတ်တမ်းများစနစ်တကျဖြစ်စေရေးနှင့် မှန်ကန်စေရေးအတွက် မြို့နယ်အချင်းချင်း၊ ခရိုင်အချင်းချင်း၊ အပြန်အလှန်စစ်ဆေးဆောင်ရွက်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်းပြောသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်မှဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့ကြောင်းလည်း သိရသည်။
ပန်းခင်းစီမံချက်သည်၂ဝ၂၁ ခုနှစ်မေ ၃ ရက်မှ ၂ဝ၂၂ ခုနှစ်နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာသတ်မှတ်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရန်ရှိသည့် လျာထားချက်များအတိုင်း ပြည့်မီပြီးစီးအောင် ဆောင်ရွက်ရမည့် စီမံချက်တစ်ရပ်ဖြစ်ပြီး စီမံချက်ကာလတစ်နှစ်အတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီနှင့် မကွေး စသည့်တိုင်းဒေသကြီးခြောက်ခုသည် တိုင်းလုံးကျွတ်လျာထားချက် ပြည့်မီအောင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
https://npnewsmm.com/news/62920e1d4f77e025100698e3
zawgyi version
ရခိုင္ျပည္နယ္က ပန္းခင္းစီမံခ်က္ တိုင္းလုံးကြၽတ္လ်ာထားခ်က္ ျပည့္မီေအာင္ေဆာင္႐ြက္ၿပီးသည့္ ခုနစ္ခုေျမာက္ျပည္နယ္ျဖစ္လာ
ဟိန္း (NP News) - ေမ ၂၈
ရခိုင္ျပည္နယ္အတြင္း ပန္းခင္းစီမံခ်က္ျဖင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား (၁၅၇၈ဝ၆) ကတ္ထုတ္ေပးရန္လ်ာထားခဲ့ရာ (၁၈၃၃၉၉) ကတ္ထုတ္ ေပးႏိုင္ခဲ့သည့္အတြက္ လ်ာထားခ်က္ရာႏႈန္း ျပည့္မီေက်ာ္လြန္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီကေျပာသည္။
ျပည္ေထာင္စုဝန္ႀကီးက ေမလ ၂၇ ရက္က က်င္းပခဲ့သည့္ ရခိုင္ ျပည္နယ္ ပန္းခင္းစီမံခ်က္ ျပည္နယ္လုံးကြၽတ္လ်ာထားခ်က္ ရာႏႈန္းျပည့္ၿပီးေျမာက္ေအာင္ျမင္ပြဲတြင္ ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ရခိုင္ျပည္နယ္ဟာ ခုနစ္ခုေျမာက္ ျပည္နယ္လုံးကြၽတ္ၿပီးေျမာက္ ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့တဲ့ ျပည္နယ္တစ္ခုျဖစ္ပါတယ္ ” ဟု ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက ေျပာသည္။
ထို႔ျပင္ ယခုကဲ့သို႔ပန္းခင္းစီမံခ်က္ကို သတ္မွတ္ကာလအတြင္း လ်ာ ထားခ်က္ရာႏႈန္းျပည့္ၿပီးေျမာက္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၿပီးျဖစ္ေသာ္လည္း မွတ္တမ္းမ်ားစနစ္တက်ျဖစ္ေစေရးႏွင့္ မွန္ကန္ေစေရးအတြက္ ၿမိဳ႕နယ္အခ်င္းခ်င္း၊ ခ႐ိုင္အခ်င္းခ်င္း၊ အျပန္အလွန္စစ္ေဆးေဆာင္႐ြက္ျခင္းကိုလည္း ဆက္လက္ေဆာင္႐ြက္ၾက ရမည္ ျဖစ္ေၾကာင္းေျပာသည္။
ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက ရခိုင္ျပည္နယ္အတြင္း ပန္းခင္းစီမံခ်က္ကို တိုင္းလုံးကြၽတ္လ်ာထားခ်က္ ရာႏႈန္းျပည့္ၿပီးေျမာက္ေအာင္ျမင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ေပးၾကသည့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ၿပီး ပန္းခင္းစီမံခ်က္တြင္ စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့သည့္ ရခိုင္ျပည္နယ္မွဝန္ထမ္းမ်ားကို တစ္ဆင့္ျမင့္ရာထူး တိုးျမႇင့္ေပးကာရာထူးအဆင့္မ်ားကို တပ္ဆင္ေပးခဲ့ေၾကာင္းလည္း သိရသည္။
ပန္းခင္းစီမံခ်က္သည္၂ဝ၂၁ ခုႏွစ္ေမ ၃ ရက္မွ ၂ဝ၂၂ ခုႏွစ္ႏိုဝင္ဘာ ၃ ရက္အထိ ၁၈ လၾကာသတ္မွတ္၍ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ေဆာင္႐ြက္ရန္ရွိသည့္ လ်ာထားခ်က္မ်ားအတိုင္း ျပည့္မီၿပီးစီးေအာင္ ေဆာင္႐ြက္ရမည့္ စီမံခ်က္တစ္ရပ္ျဖစ္ၿပီး စီမံခ်က္ကာလတစ္ႏွစ္အတြင္း ပဲခူး၊ ဧရာဝတီ၊ ေနျပည္ေတာ္၊ မႏၲေလး၊ တနသၤာရီႏွင့္ မေကြး စသည့္တိုင္းေဒသႀကီးေျခာက္ခုသည္ တိုင္းလုံးကြၽတ္လ်ာထားခ်က္ ျပည့္မီေအာင္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း သိရသည္။
https://npnewsmm.com/news/62920e1d4f77e025100698e3