ဘုရားသုံးဆူမြို့နှင့်တစ်ဝိုက်တွင် တရုတ်များက အဆောက်အအုံသစ်များဆောက်လုပ်ကာ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ပိုမိုလုပ်ဆောင်လာ

 226

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့နှင့် တစ်ဝိုက်တွင် တရုတ်နိုင်ငံသားများက အဆောက်အအုံသစ်များဆောက်လုပ်ကာ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ပိုမိုလုပ်ဆောင်လာ နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လပိုင်းမှစတင်ကာ ဘုရားသုံးဆူမြို့သို့ မြဝတီမြို့၊ ရွှေကုက္ကိုမြို့နှင့် လောက်ကိုင်မြို့နယ်တစ်ဝိုက်မှ တရုတ်နိုင်ငံသားများ ဆောင်ရွက်နေသည့် အွန်လိုင်းလုပ်ငန်းများတရွေ့ရွေ့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ဘုရားသုံးဆူမြို့၏ မြန်မာ- ထိုင်းနယ်စပ်ခြုံစည်းရိုးတစ်လျောက်တွင် အဆောက်အအုံ အသစ်များဆောက်လုပ်၍ အွန်လိုင်းလုပ်ငန်းများကို ပေါ်ပေါ်တင်လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း ဒေသခံများကဆိုသည်။

“ဒီမှာက အဆောက်အအုံတွေဆောက်တာ အရမ်းများတယ်လေ။ ဒီမှာကအဆောက်အအုံအသစ် ဆောက်မယ်ဆိုရင် အဲဒီနေရာကိုဝယ်ဖို့ အရမ်းမလွယ်ဘူး။ အရမ်းခက်တယ်။ ဈေးကလည်းတစ်အား များတယ်။ ရပ်ကွက်ကတော့ အဓိကတော့ ရပ် ကွက်(၁)နဲ့ ရပ်ကွက်(၄)ဘက်တွေ ပိုများလာတယ်။ နယ်စပ်ခြံစည်းရိုးနဲ့နီးတဲ့နေရာတွေပိုများတာပေါ့။ တရုတ်တွေများတာ။ သူတို့က ပိုက်ဆံကတော့ရေလို သုံးနိုင်တယ်။ ခြံကွက်ပေါက်ဈေးကတော့ အရင်ကထက်ကိုအများကြီးပိုတက်လာတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက NP News သို့ ပြောသည်။

ထို့ပြင် အွန်လိုင်းလုပ်ငန်းများလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများက အိမ်ခန်းငှားရမ်းရာတွင် ယခင်က ဘတ်ငွေ(၃၀ဝဝ)မှ လက်ရှိတွင် ဘတ်ငွေ (၃၀ဝဝဝ)ကျော်ထိ ဈေးအဆမတန်ပေးကာ ငှားရမ်း ခြင်းများရှိနေကြောင်း အထက်ပါဒေသခံက ဆိုသည်။

“အခန်းဆိုရင် အရင်က ထိုင်းဘတ်(၃၀ဝဝ)ခန်းကနေ အခုအနည်းဆုံးဘတ်(၃၀ဝဝဝ)၊ ဘတ် (၅၀ဝဝဝ)တွေဖြစ်နေပြီ။ ဆယ်ဆမက တက်ကုန်ပြီ။ အဲဒါကတော့ လမ်းမတန်းတွေဆို ပိုဈေးကြီးတယ်။ စားသောက်ကုန်တွေဆိုရင်လည်း ဈေးလိုက်တက်တာတွေရှိတာပေါ့။ သတင်းတွေကထွက်နေပေမယ့် ခြံကွက်တွေဆိုရင် အငှားနဲ့ အဖွဲ့အစည်းနာမည်နဲ့ပဲ။ အဖွဲ့အစည်း နာမည်နဲ့မှ ဝယ်လို့ရတယ်။ အဲဒီအဖွဲ့ အစည်းတွေကတော့ ကြားခံပေါ့လေ။ ငှားတဲ့လူတွေကလည်း သူတို့အချင်း ချင်းချိတ်ဆက်ပြီးလုပ်တဲ့ သဘောရှိတယ်”ဟု ၎င်းကဆက်ပြောသည်။

ထိုသို့ အိမ်အငှားစာချုပ်ချုပ်ဆိုရာတွင် ဘုရားသုံးဆူမြို့ပေါ်၌ လုံခြုံရေးယူထားသည့် DKBA ထံတွင် စာချုပ်ချုပ်ဆိုမှုများရှိနေပြီး ၎င်းအဖွဲ့အနေဖြင့်လည်း ရာခိုင်နှုန်းအချို့အကျိုးအမြတ် ရရှိမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။ ထိုသို့ အိမ်ငှားရမ်းခနှင့် အိမ်ခြံမြေဈေးများ အဆမတန်ဈေးမြင့်တက်ခြင်းကြောင့် အခြေခံစား သောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်နေကာ ဒေသခံများအပေါ်များစွာရိုက်ခတ်မှုရှိနေကြောင်း ဒေသခံများက ဆက်လက်ပြောသည်။

“ဈေးတွေက အခါတိုင်းဆို ဘတ်(၇၀ဝ)(၈၀ဝ)တန်တွေက အများဆုံးတက်ရင် ဘတ်(၁၀ဝဝ) ထိတက်တာပေါ့။ အဲဒါနဲ့အခုနောက်ပိုင်းမှာ ဘတ်(၁၀ဝဝ) ကနေ ဘတ်(၁၂၀ဝ)။ ဘတ်(၁၄၀ဝ)ထိ တဖြည်းဖြည်းနဲ့တက်လာပြီ။ အဲဒါတွေနဲ့ အခန်းခ တွေကြောင့်လည်း ငှားနေတဲ့ လူတွေက တိုင်ပတ်ပြီး ရွှေ့ရတာတို့ဖြစ်ကုန်တာပေါ့။ အဲဒါကြောင့် အခြေခံငှားရမ်းနေတဲ့လူတွေအတွက်ကျပ်ကုန်တာပေါ့။ ဒေသခံတွေအတွက်လည်း ခက်ကုန်တာပေါ့”ဟု ၎င်းကဆက်ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်တစ်ဝိုက်တွင် အွန်လိုင်းလုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံခြား သားများအနေဖြင့် ပြီးခဲ့သည့်အောက်တိုဘာ(၃၁)ရက် နောက်ဆုံးထားကာ ဒေသအတွင်းမှ ထွက်ခွာ သွားရန် ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်သော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)အဖွဲ့က ထုတ် ပြန်ခဲ့ပြီးနောက် ယင်းလုပ်ငန်းများမှာ ဘုရားသုံးဆူမြို့သို့ ယခုကဲ့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်နိုင်ကြောင်း အထက်ပါဒေသခံက သုံးသပ်ပြောဆိုထားသည်။

zawgyi version
ဘုရားသုံးဆူၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ တ႐ုတ္မ်ားက အေဆာက္အအုံသစ္မ်ားေဆာက္လုပ္ကာ အြန္လိုင္း ေလာင္းကစားလုပ္ငန္းမ်ားကို ပိုမိုလုပ္ေဆာင္လာ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၈

ကရင္ျပည္နယ္ ျမန္မာ-ထိုင္းနယ္စပ္ ဘုရားသုံးဆူၿမိဳ႕ႏွင့္ တစ္ဝိုက္တြင္ တ႐ုတ္ႏိုင္ငံသားမ်ားက အေဆာက္အအုံသစ္မ်ားေဆာက္လုပ္ကာ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားကို ပိုမိုလုပ္ေဆာင္လာ ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ၿပီးခဲ့သည့္လပိုင္းမွစတင္ကာ ဘုရားသုံးဆူၿမိဳ႕သို႔ ျမဝတီၿမိဳ႕၊ ေ႐ႊကုကၠိဳၿမိဳ႕ႏွင့္ ေလာက္ကိုင္ၿမိဳ႕နယ္တစ္ဝိုက္မွ တ႐ုတ္ႏိုင္ငံသားမ်ား ေဆာင္႐ြက္ေနသည့္ အြန္လိုင္းလုပ္ငန္းမ်ားတေ႐ြ႕ေ႐ြ႕ေျပာင္းေ႐ႊ႕လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ဘုရားသုံးဆူၿမိဳ႕၏ ျမန္မာ- ထိုင္းနယ္စပ္ၿခဳံစည္း႐ိုးတစ္ေလ်ာက္တြင္ အေဆာက္အအုံ အသစ္မ်ားေဆာက္လုပ္၍ အြန္လိုင္းလုပ္ငန္းမ်ားကို ေပၚေပၚတင္လုပ္ေဆာင္ေနသည္ကို ေတြ႕ရွိရေၾကာင္း ေဒသခံမ်ားကဆိုသည္။

“ဒီမွာက အေဆာက္အအုံေတြေဆာက္တာ အရမ္းမ်ားတယ္ေလ။ ဒီမွာကအေဆာက္အအုံအသစ္ ေဆာက္မယ္ဆိုရင္ အဲဒီေနရာကိုဝယ္ဖို႔ အရမ္းမလြယ္ဘူး။ အရမ္းခက္တယ္။ ေဈးကလည္းတစ္အား မ်ားတယ္။ ရပ္ကြက္ကေတာ့ အဓိကေတာ့ ရပ္ ကြက္(၁)နဲ႔ ရပ္ကြက္(၄)ဘက္ေတြ ပိုမ်ားလာတယ္။ နယ္စပ္ၿခံစည္း႐ိုးနဲ႔နီးတဲ့ေနရာေတြပိုမ်ားတာေပါ့။ တ႐ုတ္ေတြမ်ားတာ။ သူတို႔က ပိုက္ဆံကေတာ့ေရလို သုံးႏိုင္တယ္။ ၿခံကြက္ေပါက္ေဈးကေတာ့ အရင္ကထက္ကိုအမ်ားႀကီးပိုတက္လာတယ္”ဟု ေဒသခံ အမ်ိဳးသားတစ္ဦးက NP News သို႔ ေျပာသည္။

ထို႔ျပင္ အြန္လိုင္းလုပ္ငန္းမ်ားလုပ္ကိုင္သည့္ တ႐ုတ္ႏိုင္ငံသားမ်ားက အိမ္ခန္းငွားရမ္းရာတြင္ ယခင္က ဘတ္ေငြ(၃၀ဝဝ)မွ လက္ရွိတြင္ ဘတ္ေငြ (၃၀ဝဝဝ)ေက်ာ္ထိ ေဈးအဆမတန္ေပးကာ ငွားရမ္း ျခင္းမ်ားရွိေနေၾကာင္း အထက္ပါေဒသခံက ဆိုသည္။

“အခန္းဆိုရင္ အရင္က ထိုင္းဘတ္(၃၀ဝဝ)ခန္းကေန အခုအနည္းဆုံးဘတ္(၃၀ဝဝဝ)၊ ဘတ္ (၅၀ဝဝဝ)ေတြျဖစ္ေနၿပီ။ ဆယ္ဆမက တက္ကုန္ၿပီ။ အဲဒါကေတာ့ လမ္းမတန္းေတြဆို ပိုေဈးႀကီးတယ္။ စားေသာက္ကုန္ေတြဆိုရင္လည္း ေဈးလိုက္တက္တာေတြရွိတာေပါ့။ သတင္းေတြကထြက္ေနေပမယ့္ ၿခံကြက္ေတြဆိုရင္ အငွားနဲ႔ အဖြဲ႕အစည္းနာမည္နဲ႔ပဲ။ အဖြဲ႕အစည္း နာမည္နဲ႔မွ ဝယ္လို႔ရတယ္။ အဲဒီအဖြဲ႕ အစည္းေတြကေတာ့ ၾကားခံေပါ့ေလ။ ငွားတဲ့လူေတြကလည္း သူတို႔အခ်င္း ခ်င္းခ်ိတ္ဆက္ၿပီးလုပ္တဲ့ သေဘာရွိတယ္”ဟု ၎ကဆက္ေျပာသည္။

ထိုသို႔ အိမ္အငွားစာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ ဘုရားသုံးဆူၿမိဳ႕ေပၚ၌ လုံၿခဳံေရးယူထားသည့္ DKBA ထံတြင္ စာခ်ဳပ္ခ်ဳပ္ဆိုမႈမ်ားရွိေနၿပီး ၎အဖြဲ႕အေနျဖင့္လည္း ရာခိုင္ႏႈန္းအခ်ိဳ႕အက်ိဳးအျမတ္ ရရွိမႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။ ထိုသို႔ အိမ္ငွားရမ္းခႏွင့္ အိမ္ၿခံေျမေဈးမ်ား အဆမတန္ေဈးျမင့္တက္ျခင္းေၾကာင့္ အေျခခံစား ေသာက္ကုန္ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေနကာ ေဒသခံမ်ားအေပၚမ်ားစြာ႐ိုက္ခတ္မႈရွိေနေၾကာင္း ေဒသခံမ်ားက ဆက္လက္ေျပာသည္။

“ေဈးေတြက အခါတိုင္းဆို ဘတ္(၇၀ဝ)(၈၀ဝ)တန္ေတြက အမ်ားဆုံးတက္ရင္ ဘတ္(၁၀ဝဝ) ထိတက္တာေပါ့။ အဲဒါနဲ႔အခုေနာက္ပိုင္းမွာ ဘတ္(၁၀ဝဝ) ကေန ဘတ္(၁၂၀ဝ)။ ဘတ္(၁၄၀ဝ)ထိ တျဖည္းျဖည္းနဲ႔တက္လာၿပီ။ အဲဒါေတြနဲ႔ အခန္းခ ေတြေၾကာင့္လည္း ငွားေနတဲ့ လူေတြက တိုင္ပတ္ၿပီး ေ႐ႊ႕ရတာတို႔ျဖစ္ကုန္တာေပါ့။ အဲဒါေၾကာင့္ အေျခခံငွားရမ္းေနတဲ့လူေတြအတြက္က်ပ္ကုန္တာေပါ့။ ေဒသခံေတြအတြက္လည္း ခက္ကုန္တာေပါ့”ဟု ၎ကဆက္ေျပာသည္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္တစ္ဝိုက္တြင္ အြန္လိုင္းလုပ္ငန္းမ်ားေဆာင္႐ြက္ေနသည့္ ႏိုင္ငံျခား သားမ်ားအေနျဖင့္ ၿပီးခဲ့သည့္ေအာက္တိုဘာ(၃၁)ရက္ ေနာက္ဆုံးထားကာ ေဒသအတြင္းမွ ထြက္ခြာ သြားရန္ ဗိုလ္မႉးႀကီး ေစာခ်စ္သူဦးေဆာင္ေသာ ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္(BGF)အဖြဲ႕က ထုတ္ ျပန္ခဲ့ၿပီးေနာက္ ယင္းလုပ္ငန္းမ်ားမွာ ဘုရားသုံးဆူၿမိဳ႕သို႔ ယခုကဲ့သို႔ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း အထက္ပါေဒသခံက သုံးသပ္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.