စင်ကာပူမှာ စွမ်းအင်ဖြည့်အားဆေးသောက်ပြီး အရေပြားရောဂါ ဖြစ်လာသူ (၉) ဦးထိရှိ

881

ရောင်နီ(NP News) - မတ် ၁၁
စင်ကာပူမှာ စွမ်းအင်ဖြည့်အားဆေးသောက်ပြီး နာကျင်စေတဲ့ အရည်ကြည်ဖုထွက်ခြင်း၊ အရေပြားကွာကျခြင်းနဲ့ ခန္ဓာကိုယ်ပြင်ပ ပြင်းထန်ဒဏ်ရာတွေ ခံစားရသူ လူ (၉)ဦးထိ ရှိတယ်လို့ သိရပါတယ်။
ကိုယ်ခံစွမ်းအင် အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေ သောက်ပြီးနောက် အရေပြားနီမြန်းခြင်း၊ အရည်ခွံကွာခြင်း၊ အရည်ကြည်ဖုပေါက်ခြင်းစတဲ့ ပြင်းထန်အရေ ပြားရောဂါတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်မှ ၅၇ နှစ်ကြား အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးဟာ အဆိုပါ modafinil သို့မဟုတ် armodafinil ပါ၀င်တဲ့ ဆေးတွေ သောက်သုံးပြီး ဆေးရုံတင်ထားရပါတယ်။
Modafinil နဲ့ armodafinil ကို စင်ကာပူမှာ မှတ်ပုံတင်ထားခြင်း မရှိသေးသေးပေမယ့် အချို့နိုင်ငံတွေမှာ narcolepsy လို တိကျတဲ့ဆေးဘက်ဆိုင်ရာအခြေအနေရှိတဲ့ လူနာတွေအတွက်သာ ဆေးစာအဖြစ် ပေးလေ့ရှိတယ်လို့ HSA က ပြောကြားပါတယ်။ Narcolepsy အခြေအနေဆိုတာကတော့ လူတစ်ဦးရဲ့ အိပ်စက်မှု ထိခိုက်စေတဲ့ ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပါတယ်။ မတ်လ ၁၀ ရက်က ထုတ်ပြန်ချက်မှာ ကျန်းမာရေးသိပ္ပံအာဏာပိုင်(HSA) က ဆရာဝန် ဆေးစာမပါဘဲ modafinil သို့မဟုတ် armodafinil ပါ၀င်တဲ့ ထုတ်ကုန်တွေ ၀ယ်ယူသုံးစွဲခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ အခု အရေပြားရောဂါဖြစ်ခဲ့ရတဲ့ လူနာ ၉ ဦးဟာ ဂေးလန်းရှိ လမ်းဘေးဈေးရောင်းသူတွေ သို့မဟုတ် သူငယ်ချင်းတွေဆီကနေ အဆိုပါ ဆေးဝါးတွေကို ရယူခဲ့ကြပြီး ဆရာဝန်ဆေးစာနဲ့ ဆေးဘက်ဆိုင်ရာကြီးကြပ်မှုမရှိဘဲ သောက်သုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာတော့ လူနာတွေ သက်သာတဲ့ အနေအထားမှာရှိပြီး သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။
HSA ရဲ့ ခွင့်ပြုချက် မရှိဘဲ modafinil နဲ့ armodafinil ဖြန့်ဖြူးရောင်းချခြင်းအတွက် အပြစ်ရှိကြောင်းတွေ့ရှိသူတွေကို ဒဏ်ငွေ ဒေါ်လာ ၅၀,၀၀၀ အထိ ထောင်ဒဏ် နှစ်နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
zawgyi version
စင္ကာပူမွာ စြမ္းအင္ျဖည့္အားေဆးေသာက္ၿပီး အေရျပားေရာဂါ ျဖစ္လာသူ (၉) ဦးထိရွိ
ေရာင္နီ(NP News) - မတ္ ၁၁
စင္ကာပူမွာ စြမ္းအင္ျဖည့္အားေဆးေသာက္ၿပီး နာက်င္ေစတဲ့ အရည္ၾကည္ဖုထြက္ျခင္း၊ အေရျပားကြာက်ျခင္းနဲ႔ ခႏၶာကိုယ္ျပင္ပ ျပင္းထန္ဒဏ္ရာေတြ ခံစားရသူ လူ (၉)ဦးထိ ရွိတယ္လို႔ သိရပါတယ္။
ကိုယ္ခံစြမ္းအင္ အဆင့္ျမႇင့္တင္ဖို႔ ရည္႐ြယ္ထုတ္လုပ္ထားတဲ့ ေဆးဝါးေတြ ေသာက္ၿပီးေနာက္ အေရျပားနီျမန္းျခင္း၊ အရည္ခြံကြာျခင္း၊ အရည္ၾကည္ဖုေပါက္ျခင္းစတဲ့ ျပင္းထန္အေရ ျပားေရာဂါေတြ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ မွ ၂၀၂၅ ခုႏွစ္အတြင္း အသက္ ၁၈ ႏွစ္မွ ၅၇ ႏွစ္ၾကား အမ်ိဳးသား ခုနစ္ဦးနဲ႔ အမ်ိဳးသမီးႏွစ္ဦးဟာ အဆိုပါ modafinil သို႔မဟုတ္ armodafinil ပါ၀င္တဲ့ ေဆးေတြ ေသာက္သုံးၿပီး ေဆး႐ုံတင္ထားရပါတယ္။
Modafinil နဲ႔ armodafinil ကို စင္ကာပူမွာ မွတ္ပုံတင္ထားျခင္း မရွိေသးေသးေပမယ့္ အခ်ိဳ႕ႏိုင္ငံေတြမွာ narcolepsy လို တိက်တဲ့ေဆးဘက္ဆိုင္ရာအေျခအေနရွိတဲ့ လူနာေတြအတြက္သာ ေဆးစာအျဖစ္ ေပးေလ့ရွိတယ္လို႔ HSA က ေျပာၾကားပါတယ္။ Narcolepsy အေျခအေနဆိုတာကေတာ့ လူတစ္ဦးရဲ႕ အိပ္စက္မႈ ထိခိုက္ေစတဲ့ က်န္းမာေရး အေျခအေနတစ္ခုျဖစ္ပါတယ္။ မတ္လ ၁၀ ရက္က ထုတ္ျပန္ခ်က္မွာ က်န္းမာေရးသိပၸံအာဏာပိုင္(HSA) က ဆရာဝန္ ေဆးစာမပါဘဲ modafinil သို႔မဟုတ္ armodafinil ပါ၀င္တဲ့ ထုတ္ကုန္ေတြ ၀ယ္ယူသုံးစြဲျခင္းမျပဳဖို႔ တိုက္တြန္းထားပါတယ္။ အခု အေရျပားေရာဂါျဖစ္ခဲ့ရတဲ့ လူနာ ၉ ဦးဟာ ေဂးလန္းရွိ လမ္းေဘးေဈးေရာင္းသူေတြ သို႔မဟုတ္ သူငယ္ခ်င္းေတြဆီကေန အဆိုပါ ေဆးဝါးေတြကို ရယူခဲ့ၾကၿပီး ဆရာဝန္ေဆးစာနဲ႔ ေဆးဘက္ဆိုင္ရာႀကီးၾကပ္မႈမရွိဘဲ ေသာက္သုံးခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိအေျခအေနမွာေတာ့ လူနာေတြ သက္သာတဲ့ အေနအထားမွာရွိၿပီး ေသဆုံးမႈေတာ့ မရွိဘူးလို႔ သိရပါတယ္။
HSA ရဲ႕ ခြင့္ျပဳခ်က္ မရွိဘဲ modafinil နဲ႔ armodafinil ျဖန႔္ျဖဴးေရာင္းခ်ျခင္းအတြက္ အျပစ္ရွိေၾကာင္းေတြ႕ရွိသူေတြကို ဒဏ္ေငြ ေဒၚလာ ၅၀,၀၀၀ အထိ ေထာင္ဒဏ္ ႏွစ္ႏွစ္ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္တယ္လို႔ သိရပါတယ္။