ငလျင်ဒဏ်သင့် အနီရောင်အဆင့်ရှိ တိုက်အချို့ကို ပြင်ထိန်းလုပ်ပြီး ပြန်နေခိုင်းမည့်ကိစ္စအပေါ် နိုင်ငံ့ ဝန်ထမ်းများ စိုးရိမ်နေ

 383

သုတကျော် (NP News) - စက်တင်ဘာ ၁၆

နေပြည်တော်မှ ငလျင်ဒဏ်သင့် အနီရောင် တိုက်အချို့ကို ပြင်ထိန်းလုပ်ပြီး ပြန်နေခိုင်းမည့် ကိစ္စ အပေါ် နိုင်ငံ့ဝန်ထမ်းများ စိုးရိမ်နေကြောင်း NP News က မြေပြင် ကွင်းဆင်း လေ့လာမှုနှင့်ဆက်သွယ် မေးမြန်းထားသော အချက်အလက်များ အရ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်တွင် လည်း ပျက်စီးမှုများရှိခဲ့ရာ NP News က ကနဦးသိရှိရသောစာရင်းများအရ နေပြည်တော်ရှိ အိမ်ရာများ အနက် အနီရောင်အဆင့် သတ်မှတ်ကာ ဖြိုချရမည့် အဆောက်အအုံ (၁၉၇) လုံး၊ အနီရောင်အဆင့် သတ် မှတ်ကာ ပြင်ဆင်ရမည့် အဆောက်အအုံ (၂၂၆) လုံး နှင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ကာ ပြင်ဆင်ရ မည့် အဆောက်အအုံ (၄၁၆)လုံးရှိထားကြောင်း အနီရောင်အဆင့် ပြင်ဆင်မည့်အဆောက်အအုံ (၂၂၆) လုံးအနက် နေထိုင်ရန် မသင့်တော်သည့်အဆောက်အအုံ (၈၃)လုံး ရှိကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ရာတွင် လက်ရှိ အနီရောင်အဆင့် ပြင်ဆင်မည်ဟု သတ်မှတ်ထားသော အ ဆောက်အအုံများမှာ ပျက်စီးမှုများသည့်အတွက် အသစ်ပြန်လည်ဆောက်လုပ်မှသာ သင့်တော်မည့် အနေအထား ဖြစ်နေပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြန်လည်နေထိုင်ရန် စိုးရိမ်စိတ်များရှိနေကြောင်း သိရသည်။ “အနီရောင်အဆင့်မှာ ပြင်ဆင်ရမယ်လို့ သတ်မှတ်ထားတဲ့အဆောက်အအုံတွေမှာတချို့က တိုင်တွေကလည်း လိမ်သွားတယ်။ နံရံတွေ ကွဲတာ အပါအဝင် အဆောက်အအုံကြံ့ခိုင်မှုအပါ တော်တော် လေး ဆိုးဆိုးရွားရွားပျက်စီးတာတွေရှိတယ်။ မန္တလေးငလျင်လို ငလျင်မျိုးမပြောနဲ့ အဲဒီထက် လျော့တဲ့ ငလျင်လှုပ်မယ်ဆိုရင်တောင် ပြိုနိုင်တဲ့ အခြေအနေ ရှိတယ်။ ပြီးတော့ လူတွေကလည်း စိုး ရိမ်ရတယ်။ စိတ်ဒဏ်ရာတွေလည်း ရတယ်လေ။ ဘယ်သူမှ မနေရဲဘူး” ဟု သိရှိသူအင်ဂျင်နီယာတစ်ဦးက NP News သို့ ပြောသည်။
ငလျင်ဒဏ်ကြောင့် အနီရောင်အဆင့်ထိ ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့်ပတ်သက်၍ လက်ရှိပြန်လည်ပြင်ဆင်ပြီးနောက်ပိုင်းတွင် နေထိုင် သူအားလုံး၏ စိတ်ထဲ၌ လုံခြုံမှုမရှိခြင်း၊ စိုးရိမ်ထိတ် လန့်ခြင်းနှင့် စိုးရိမ်ပူပန်မှုများစွာကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစားနေကြရကြောင်း အခြားအမည်မဖော် လိုသူ နိုင်ငံ့ဝန်ထမ်းတစ်ဦးကဆိုသည်။
“အနီရောင်အဆင့်ကို ပြန်ပြင်တာက ဘယ်အချိန်မှာ ပြန်ပျက်စီးမယ်ဆိုတာကို မပြောနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ခံစားကြရပါတယ်။ စိတ်ချလက်ချ မနေနိုင်ဘဲ အမြဲထိတ်လန့်နေရာက အသက်ရှင်သန်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စိတ်ပိုင်းနဲ့ ကိုယ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဆုံးရှုံးစေ ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြန်ပြင်ဆင်မယ့် အနီရောင်အဆင့် အဆောက်အအုံ အားလုံး ကို ပြန်သုံးသပ်ပေးပြီး နေထိုင်သူတွေ ဘေးကင်းလုံခြုံရေးနဲ့ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် တိုက်တာအသစ်တွေ အစားထိုးဆောက် ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု အမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးကဆိုသည်။ လက်ရှိတွင် ယင်းအနီရောင်အဆင့် အဆောက်အအုံများကို ပြုပြင်သည့်လုပ်ငန်းစဉ် များကိုလည်း အချို့နေရာများတွင် စတင်နေပြီဖြစ်ကြောင်း သိရသည်။
“တချို့အလုံးတွေက ပြင်ထိန်းတွေဝင်နေပြီ။ တချို့ဆိုရင် ပြင်ထိန်းအဖွဲ့တွေက ပြင်ထိန်း ဝင်ရင်း နဲ့ မပြင်သင့်လို့ ပြန်အပ်တာလည်း တစ်လုံး၊ နှစ်လုံးရှိတယ်လို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် နေပြည်တော်မှ ငလျင်ဒဏ်သင့် လူနေအဆောက်အအုံများတွင် စံချိန်၊ စံညွှန်းနှင့် မဆောက်သော တည်ဆောက်ပုံအချို့ကိုလည်း မြင်တွေ့ရကြောင်း ၎င်းကဆိုသည်။ ယင်းသို့ ပြင်ဆင်ရာ တွင် ဖြိုဖျက်လိုက်သော တိုက်များလည်း များစွာရှိနေကြောင်း နေပြည်တော်မှအရာထမ်းတစ်ဦးက ဆို သည်။
“ကျွန်တော်တို့ဘက်တော့ အနီအဆင့်တွေကို ဖြိုပစ်တာ။ တော်တော် ဖြိုလိုက်ပြီ။ ကျွန်တော်တို့ တိုက်ဆို အဝါဆိုတော့ ပြင်နေတယ်။ အနီရောင် အဆင့်ကို ပြန်ပြင်မယ် ဆိုတာကြားတယ်။ တချို့က လည်း ပြန်မနေရဲဘူး” ဟု ၎င်းကဆိုသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ အနီေရာင္အဆင့္ရွိ တိုက္အခ်ိဳ႕ကို ျပင္ထိန္းလုပ္ၿပီး ျပန္ေနခိုင္းမည့္ကိစၥအေပၚ ႏိုင္ငံ့ ဝန္ထမ္းမ်ား စိုးရိမ္ေန
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၆
ေနျပည္ေတာ္မွ ငလ်င္ဒဏ္သင့္ အနီေရာင္ တိုက္အခ်ိဳ႕ကို ျပင္ထိန္းလုပ္ၿပီး ျပန္ေနခိုင္းမည့္ ကိစၥ အေပၚ ႏိုင္ငံ့ဝန္ထမ္းမ်ား စိုးရိမ္ေနေၾကာင္း NP News က ေျမျပင္ ကြင္းဆင္း ေလ့လာမႈႏွင့္ဆက္သြယ္ ေမးျမန္းထားေသာ အခ်က္အလက္မ်ား အရ သိရသည္။ မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္တြင္ လည္း ပ်က္စီးမႈမ်ားရွိခဲ့ရာ NP News က ကနဦးသိရွိရေသာစာရင္းမ်ားအရ ေနျပည္ေတာ္ရွိ အိမ္ရာမ်ား အနက္ အနီေရာင္အဆင့္ သတ္မွတ္ကာ ၿဖိဳခ်ရမည့္ အေဆာက္အအုံ (၁၉၇) လုံး၊ အနီေရာင္အဆင့္ သတ္ မွတ္ကာ ျပင္ဆင္ရမည့္ အေဆာက္အအုံ (၂၂၆) လုံး ႏွင့္ လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ကာ ျပင္ဆင္ရ မည့္ အေဆာက္အအုံ (၄၁၆)လုံးရွိထားေၾကာင္း အနီေရာင္အဆင့္ ျပင္ဆင္မည့္အေဆာက္အအုံ (၂၂၆) လုံးအနက္ ေနထိုင္ရန္ မသင့္ေတာ္သည့္အေဆာက္အအုံ (၈၃)လုံး ရွိေၾကာင္း သိရသည္။
ထိုသို႔ သတ္မွတ္ရာတြင္ လက္ရွိ အနီေရာင္အဆင့္ ျပင္ဆင္မည္ဟု သတ္မွတ္ထားေသာ အ ေဆာက္အအုံမ်ားမွာ ပ်က္စီးမႈမ်ားသည့္အတြက္ အသစ္ျပန္လည္ေဆာက္လုပ္မွသာ သင့္ေတာ္မည့္ အေနအထား ျဖစ္ေနၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ျပန္လည္ေနထိုင္ရန္ စိုးရိမ္စိတ္မ်ားရွိေနေၾကာင္း သိရသည္။ “အနီေရာင္အဆင့္မွာ ျပင္ဆင္ရမယ္လို႔ သတ္မွတ္ထားတဲ့အေဆာက္အအုံေတြမွာတခ်ိဳ႕က တိုင္ေတြကလည္း လိမ္သြားတယ္။ နံရံေတြ ကြဲတာ အပါအဝင္ အေဆာက္အအုံႀကံ့ခိုင္မႈအပါ ေတာ္ေတာ္ ေလး ဆိုးဆိုး႐ြား႐ြားပ်က္စီးတာေတြရွိတယ္။ မႏၲေလးငလ်င္လို ငလ်င္မ်ိဳးမေျပာနဲ႔ အဲဒီထက္ ေလ်ာ့တဲ့ ငလ်င္လႈပ္မယ္ဆိုရင္ေတာင္ ၿပိဳႏိုင္တဲ့ အေျခအေန ရွိတယ္။ ၿပီးေတာ့ လူေတြကလည္း စိုး ရိမ္ရတယ္။ စိတ္ဒဏ္ရာေတြလည္း ရတယ္ေလ။ ဘယ္သူမွ မေနရဲဘူး” ဟု သိရွိသူအင္ဂ်င္နီယာတစ္ဦးက NP News သို႔ ေျပာသည္။
ငလ်င္ဒဏ္ေၾကာင့္ အနီေရာင္အဆင့္ထိ ပ်က္စီးခဲ့သည့္ အေဆာက္အအုံမ်ားႏွင့္ပတ္သက္၍ လက္ရွိျပန္လည္ျပင္ဆင္ၿပီးေနာက္ပိုင္းတြင္ ေနထိုင္ သူအားလုံး၏ စိတ္ထဲ၌ လုံၿခဳံမႈမရွိျခင္း၊ စိုးရိမ္ထိတ္ လန႔္ျခင္းႏွင့္ စိုးရိမ္ပူပန္မႈမ်ားစြာကို ေန႔စဥ္ႏွင့္အမွ် ႀကဳံေတြ႕ခံစားေနၾကရေၾကာင္း အျခားအမည္မေဖာ္ လိုသူ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးကဆိုသည္။
“အနီေရာင္အဆင့္ကို ျပန္ျပင္တာက ဘယ္အခ်ိန္မွာ ျပန္ပ်က္စီးမယ္ဆိုတာကို မေျပာႏိုင္တဲ့ အေျခအေနကို ေရာက္ေနၿပီလို႔ ခံစားၾကရပါတယ္။ စိတ္ခ်လက္ခ် မေနႏိုင္ဘဲ အၿမဲထိတ္လန႔္ေနရာက အသက္ရွင္သန္မႈအတြက္ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ စိတ္ပိုင္းနဲ႔ ကိုယ္ပိုင္းဆိုင္ရာလုံၿခဳံမႈကို ဆုံးရႈံးေစ ပါတယ္။ ႏိုင္ငံေတာ္အႀကီးအကဲေတြအေနနဲ႔ ျပန္ျပင္ဆင္မယ့္ အနီေရာင္အဆင့္ အေဆာက္အအုံ အားလုံး ကို ျပန္သုံးသပ္ေပးၿပီး ေနထိုင္သူေတြ ေဘးကင္းလုံၿခဳံေရးနဲ႔ စိတ္ခ်မ္းသာစြာ ေနထိုင္ႏိုင္ေရးအတြက္ တိုက္တာအသစ္ေတြ အစားထိုးေဆာက္ ေပးဖို႔ ေမတၱာရပ္ခံပါတယ္” ဟု အမည္မေဖာ္လိုသူ ဝန္ထမ္း တစ္ဦးကဆိုသည္။ လက္ရွိတြင္ ယင္းအနီေရာင္အဆင့္ အေဆာက္အအုံမ်ားကို ျပဳျပင္သည့္လုပ္ငန္းစဥ္ မ်ားကိုလည္း အခ်ိဳ႕ေနရာမ်ားတြင္ စတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“တခ်ိဳ႕အလုံးေတြက ျပင္ထိန္းေတြဝင္ေနၿပီ။ တခ်ိဳ႕ဆိုရင္ ျပင္ထိန္းအဖြဲ႕ေတြက ျပင္ထိန္း ဝင္ရင္း နဲ႔ မျပင္သင့္လို႔ ျပန္အပ္တာလည္း တစ္လုံး၊ ႏွစ္လုံးရွိတယ္လို႔ ၾကားတယ္”ဟု ၎က ဆိုသည္။
ထို႔ျပင္ ေနျပည္ေတာ္မွ ငလ်င္ဒဏ္သင့္ လူေနအေဆာက္အအုံမ်ားတြင္ စံခ်ိန္၊ စံၫႊန္းႏွင့္ မေဆာက္ေသာ တည္ေဆာက္ပုံအခ်ိဳ႕ကိုလည္း ျမင္ေတြ႕ရေၾကာင္း ၎ကဆိုသည္။ ယင္းသို႔ ျပင္ဆင္ရာ တြင္ ၿဖိဳဖ်က္လိုက္ေသာ တိုက္မ်ားလည္း မ်ားစြာရွိေနေၾကာင္း ေနျပည္ေတာ္မွအရာထမ္းတစ္ဦးက ဆို သည္။
“ကြၽန္ေတာ္တို႔ဘက္ေတာ့ အနီအဆင့္ေတြကို ၿဖိဳပစ္တာ။ ေတာ္ေတာ္ ၿဖိဳလိုက္ၿပီ။ ကြၽန္ေတာ္တို႔ တိုက္ဆို အဝါဆိုေတာ့ ျပင္ေနတယ္။ အနီေရာင္ အဆင့္ကို ျပန္ျပင္မယ္ ဆိုတာၾကားတယ္။ တခ်ိဳ႕က လည္း ျပန္မေနရဲဘူး” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.