ရပ်နေသော စီးပွားရေးလုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အပြီး ပြန်လည်လည်ပတ်ရန် မျှော်လင့်နေ

192

Pearl (NP News) - စက်တင်ဘာ ၁၆
ဗိုလ်ချုပ်မှူးကြီး၏ခရီးစဉ်အပြီး ရပ်နေသော စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်ရန် မျှော်လင့်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက် အလက်များအရ သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံကြသူများနှင့် ကုန်သွယ်မှုဆောင်ရွက် သူများကို နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအလွန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာနိုင်ပြီး နိုင်ငံခြားငွေလဲနှုန်းများကျဆင်းနိုင်သည့်အပြင် သွင်း ကုန်လိုင်စင်အခက်အခဲများကိုလည်း အထိုက်အ လျောက်ဖြေလျှော့ပေးနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
“ရင်းနှီးမြှုပ်နှံတဲ့လူတွေကလည်း လာတာတော့လာမှာ တရုတ်ကလည်း ဈေးကွက်သစ် ဖောက် မှာပဲ။ လာမှာတော့ကျိန်းသေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေဝင်ရင် ဒေါ်လာတို့ နိုင်ငံခြားငွေတို့က သူ့အလို လိုကျလာမယ်လို့မှန်းတယ်။ ဘယ်လောက်ထိမှန်းလဲဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမဝင်ခင် ရွေး ကောက်ပွဲအပြီး ကာလမှာ တစ်ဒေါ်လာ (၃၀ဝဝ)လောက်အထိ ဆင်းမယ်လို့တောင်မှန်းထားတယ်။ ဆို တော့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေဝင်လာရင်တော့ နိုင်ငံခြားငွေလည်းပါ လာမယ်၊ အခုကြပ်နေတဲ့ သွင်း ကုန်လိုင်စင်တွေ ဘာတွေလည်း အထိုက်အလျောက်တော့ ဖြေလျှော့လိမ့်မယ်လို့မြင်တာပေါ့နော်။ စီးပွား ရေးကတော့ ပြန်လည် ပတ်လာနိုင်တယ်”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြော သည်။
အလားတူ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအ ကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်း တရုတ်သမ္မတနှင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းသည်လည်း ရွေးကောက်ပွဲမတိုင်ခင်ကာလ၌ ကနဦး အစပျိုးဆောင်ရွက်မှုများဆောင်ရွက်နိုင်ကာ ရွေးကောက်ပွဲအလွန်ကာလ၌ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များ မျှော်လင့်နေကြောင်းလည်း သိရသည်။
“စပြီးတော့ လှုပ်ရှားတာတွေတော့ မတွေ့ရသေးဘူး။ သူတို့အပေါ်မှာတော့ စာရွက်စာတမ်းတွေ လုပ်နေပုံရပါတယ်။ မြေပြင်မှာတော့ လှုပ်ရှားမှုတွေ မရှိသေးဘူး။ ရွေးကောက်ပွဲပြီးတဲ့အချိန်ကတော့ စ လုပ်ဖို့ကျိန်းသေတယ်။ ရွေးကောက်ပွဲမပြီးခင် ဒီနှစ် မကုန်ခင်တော့ သူတို့ထင်သာမြင်သာရှိတဲ့ တစ်ခုခု ပေါ့လေ အစပျိုးတဲ့တစ်ခုခုတော့ စမယ်ထင်တယ်။တရုတ်ခရီးစဉ်မှာပြောသွားတာတွေလည်းကြားတယ်။ ဝမ်းသာစရာပဲ။ နှစ်နိုင်ငံ အကြီးအကဲတွေက ဒီကိစ္စကို စိတ်ဝင်တစားနဲ့ နှစ်ဖက်ညှိနှိုင်းကြတာ ဝမ်းသာ တယ်။ မကြာခင်စတော့မယ်ဆိုတာလည်း ကျိန်းသေတယ်။ ဘယ်တော့စမလဲဆိုတာကလည်း ဒီနှစ်မ ကုန်ခင် ကနဦးအလုပ်တွေစပြီးတော့ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ မလွဲမသွေ အရှိန်အဟုန်နဲ့လုပ်မယ်လို့ ခန့်မှန်းရတယ်”ဟု ကျောက်ဖြူမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။

Zawgyi Version:
ရပ္ေနေသာ စီးပြားေရးလုပ္ငန္းမ်ား ဗိုလ္ခ်ဳပ္မႉးႀကီး၏ ခရီးစဥ္အၿပီး ျပန္လည္လည္ပတ္ရန္ ေမွ်ာ္လင့္ေန
Pearl (NP News) - စက္တင္ဘာ ၁၆
ဗိုလ္ခ်ဳပ္မႉးႀကီး၏ခရီးစဥ္အၿပီး ရပ္ေနေသာ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ လည္ပတ္ရန္ ေမွ်ာ္လင့္ေနေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္ အလက္မ်ားအရ သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က တ႐ုတ္ခရီးစဥ္အတြင္း ျမန္မာႏိုင္ငံသို႔လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံၾကသူမ်ားႏွင့္ ကုန္သြယ္မႈေဆာင္႐ြက္ သူမ်ားကို နစ္နာမႈမရွိေစေရး ႀကိဳးပမ္းေဆာင္႐ြက္ေပး မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ လာမည့္ေ႐ြးေကာက္ပြဲအလြန္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားဝင္ေရာက္လာႏိုင္ၿပီး ႏိုင္ငံျခားေငြလဲႏႈန္းမ်ားက်ဆင္းႏိုင္သည့္အျပင္ သြင္း ကုန္လိုင္စင္အခက္အခဲမ်ားကိုလည္း အထိုက္အ ေလ်ာက္ေျဖေလွ်ာ့ေပးႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက ေမွ်ာ္လင့္ေနၾကသည္။
“ရင္းႏွီးျမႇဳပ္ႏွံတဲ့လူေတြကလည္း လာတာေတာ့လာမွာ တ႐ုတ္ကလည္း ေဈးကြက္သစ္ ေဖာက္ မွာပဲ။ လာမွာေတာ့က်ိန္းေသတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဝင္ရင္ ေဒၚလာတို႔ ႏိုင္ငံျခားေငြတို႔က သူ႔အလို လိုက်လာမယ္လို႔မွန္းတယ္။ ဘယ္ေလာက္ထိမွန္းလဲဆိုရင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြမဝင္ခင္ ေ႐ြး ေကာက္ပြဲအၿပီး ကာလမွာ တစ္ေဒၚလာ (၃၀ဝဝ)ေလာက္အထိ ဆင္းမယ္လို႔ေတာင္မွန္းထားတယ္။ ဆို ေတာ့ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈေတြဝင္လာရင္ေတာ့ ႏိုင္ငံျခားေငြလည္းပါ လာမယ္၊ အခုၾကပ္ေနတဲ့ သြင္း ကုန္လိုင္စင္ေတြ ဘာေတြလည္း အထိုက္အေလ်ာက္ေတာ့ ေျဖေလွ်ာ့လိမ့္မယ္လို႔ျမင္တာေပါ့ေနာ္။ စီးပြား ေရးကေတာ့ ျပန္လည္ ပတ္လာႏိုင္တယ္”ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာ သည္။
အလားတူ တ႐ုတ္ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္းမ်ားအ ေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈမ်ားကိုလည္း တ႐ုတ္သမၼတႏွင့္ ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္းသည္လည္း ေ႐ြးေကာက္ပြဲမတိုင္ခင္ကာလ၌ ကနဦး အစပ်ိဳးေဆာင္႐ြက္မႈမ်ားေဆာင္႐ြက္ႏိုင္ကာ ေ႐ြးေကာက္ပြဲအလြန္ကာလ၌ အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ႏိုင္ရန္ စီးပြားေရးလုပ္ငန္းရွင္မ်ား ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။
“စၿပီးေတာ့ လႈပ္ရွားတာေတြေတာ့ မေတြ႕ရေသးဘူး။ သူတို႔အေပၚမွာေတာ့ စာ႐ြက္စာတမ္းေတြ လုပ္ေနပုံရပါတယ္။ ေျမျပင္မွာေတာ့ လႈပ္ရွားမႈေတြ မရွိေသးဘူး။ ေ႐ြးေကာက္ပြဲၿပီးတဲ့အခ်ိန္ကေတာ့ စ လုပ္ဖို႔က်ိန္းေသတယ္။ ေ႐ြးေကာက္ပြဲမၿပီးခင္ ဒီႏွစ္ မကုန္ခင္ေတာ့ သူတို႔ထင္သာျမင္သာရွိတဲ့ တစ္ခုခု ေပါ့ေလ အစပ်ိဳးတဲ့တစ္ခုခုေတာ့ စမယ္ထင္တယ္။တ႐ုတ္ခရီးစဥ္မွာေျပာသြားတာေတြလည္းၾကားတယ္။ ဝမ္းသာစရာပဲ။ ႏွစ္ႏိုင္ငံ အႀကီးအကဲေတြက ဒီကိစၥကို စိတ္ဝင္တစားနဲ႔ ႏွစ္ဖက္ညႇိႏႈိင္းၾကတာ ဝမ္းသာ တယ္။ မၾကာခင္စေတာ့မယ္ဆိုတာလည္း က်ိန္းေသတယ္။ ဘယ္ေတာ့စမလဲဆိုတာကလည္း ဒီႏွစ္မ ကုန္ခင္ ကနဦးအလုပ္ေတြစၿပီးေတာ့ ေ႐ြးေကာက္ပြဲၿပီးတဲ့အခ်ိန္မွာ မလြဲမေသြ အရွိန္အဟုန္နဲ႔လုပ္မယ္လို႔ ခန႔္မွန္းရတယ္”ဟု ေက်ာက္ျဖဴမွ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။