ပြည်ပသို့ အိမ်အကူအဖြစ် တရားမဝင်ပို့ဆောင်၍ လုပ်အားခေါင်းပုံဖြတ်နေသည့်ပွဲစားများ ပိုများလာ

 92

Pearl (NP News) - စက်တင်ဘာ ၁၆

ပြည်ပသို့ အိမ်အကူအဖြစ် တရားမဝင်ပို့ဆောင်၍ လုပ်အားခေါင်းပုံဖြတ်နေသည့် ပွဲစားများ ပို များလာကြောင်း ပြည်ပသို့ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ဖူးသူများနှင့် နီးစပ်သူများက NP News သို့ ဆက်သွယ်ပြောဆိုလာ သည့် အချက်အလက်များအရ သိရသည်။ ယခုနောက်ပိုင်းတွင် စင်ကာပူနိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင် လိုသူများ ကို အကြွေးစနစ်ဖြင့် ပို့‌ပေးမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်စာ မျက်နှာများတစ်ဆင့်ကြော်ငြာ နေမှုများ မကြာခဏ တွေ့ရှိလာရသည်။
ထိုသို့ အကြွေးစနစ်ဖြင့် သွားရောက်လုပ်ကိုင်လိုသူများကို အေးဂျင့်ဆိုသူက ကနဦးတွင် သွား ရောက်လုပ်ကိုင်ရန် ပညာများသင်ကြားပေးမည်ဟုဆိုကာ ၎င်းတို့နေအိမ်၌ခေါ်၍ ၎င်းတို့မိသားစုဝင် များ၏ဝေယျာဝစ္စများကို စေခိုင်းလျက်ရှိ‌ကြောင်း သိရသည်။ “ လှိုင်သာယာမှာ နာမည်ရှိတဲ့ အေဂျင်စီ တစ်ခုရှိတယ်။ အဲဒီကနေ နောက်ထပ်လူတွေ ခွဲထားပြီး သူတို့ဟာသူတို့အေးဂျင့်ဆိုပြီး ခေါင်းစဉ်က တော့ လှိုင်သာယာက အေဂျင်စီကဆိုပြီး ပြောကြတာပေါ့။ သူတို့ ဘယ်လိုဝေစားမျှစားလည်းတော့ မသိဘူး။ သူတို့ဘာသာမိန်းကလေးတွေရှာပြီးတော့ အကြွေးစနစ်နဲ့ပို့တယ်ဆိုပြီး နယ်ကလူတွေခေါ် တော့ သွားကြတာပေါ့။ ပိုက်ဆံလည်းမကုန်တော့ သွားကြတာပေါ့။ အိမ်အကူအဖြစ် သွားချင်တယ် ဆိုရင် အရင်ဆုံး အေးဂျင့်အိမ်သွားနေရတယ်။ အေးဂျင့်အိမ်မှာဆိုလည်း သူတို့မိသားစုတွေရဲ့ ဝေယျာဝစ္စ တွေကအစ၊ အတွင်းခံကအစ အကုန်လျော်ပေးရတာ။ အစစအရာရာအကုန် ကျွန်လို လုပ်ပေးကြရတယ်။ ပြီးရင် သူတို့သင်ပေးတဲ့ပညာကလည်း ဘာမှအသုံးမဝင်ဘူး။ ဟိုရောက်တော့ အိမ်ရှင်က ဆူ၊ ဆဲ၊ နှိပ် စက်။ စင်ကာပူမှာသွားပြီး အိမ်အကူလုပ်တဲ့လူက ဒုက္ခ ရောက်တာများတယ်။ မိုးလင်းကနေ မိုးချုပ်အထိ ဆဲဆိုပြီးတော့ ခိုင်းတယ်။ အလုပ်ချိန်ကလည်း တစ်နေ့ကို (၁၂)နာရီ၊ (၁၄) နာရီပေါ့။ ထမင်းစားလည်း ကောင်းကောင်းမွန်မွန်လောက်တောင် မစားရတဲ့လူတွေများတယ်။ နှိပ်စက်ခံရတာတွေလည်း ရှိကြ တယ်။ အဲဒါတွေကြောင့် အိမ်အကူတွေက အိမ်ရှင် တွေကို ဓားနဲ့ထိုးသတ်တာတို့ ဘာတို့လည်း ကြုံခဲ့ တာတွေ ရှိတာပဲ။ အဲဒါတွေကလည်း အိမ်အကူတွေရဲ့အလွန်မဟုတ်ဘူး။ ဟိုရောက်ရင် သံရုံးတွေ၊ အ လုပ်သမားရုံးတွေကို သွားပြောလည်း တရားမဝင် သွားတဲ့အတွက် ဘာမှမထူးဘူးဖြစ်နေတယ်” ဟု အိမ် အကူအဖြစ် အလုပ်လုပ်ကိုင်ဖူးသူများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ပြည်ပသို့ တရားမဝင် လုပ်သားစေလွှတ်သည့်ပွဲစားများ ပိုများလာကြောင်းလည်း သိရသည်။ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သူများကို တာချီလိတ်မှတစ်ဆင့် ဘန်ကောက်မြို့သို့ လည်းကောင်း၊ ဘန်ကောက်မြို့မှတစ်ဆင့် စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ပေးခြင်းဖြစ်ကာ ပို့ဆောင်ခအဖြစ် လုပ်သား၏ (၇) လစာကို ဖြတ်ယူကြောင်းလည်း သိရ သည်။“တရားမဝင်ဖြစ်တဲ့အပြင် ငွေကြေးက ကျ တော့ အကြွေးစနစ်နဲ့သွားတော့ အိမ်အကူတစ်ယောက်ကို စင်ကာပူအရောက်ကို သိန်း (၁၂၀)ထိ ယူ တယ်။ အိမ်ရှင်ဆီကိုရောက်တဲ့အထိပေါ့နော်။ စင်ကာပူ အေးဂျင့်က (၃)လယူတယ်။ မြန်မာအေးဂျင့်က (၄)လ ယူတယ်။ တစ်လ (၅၀ဝ) ရတယ်ဆိုရင် (၃၄၀ဝ) နှုန်းနဲ့တွက်ရင် ‌အေးဂျင့်ခက သူတို့ယူတယ်။ (၂) နှစ် စာချုပ်မှာ (၈/၉)လ ဒုက္ခရောက်တယ်။ သူတို့ကို‌ပေး ရတာနဲ့ဆို ကိုယ်က (၁) နှစ်စာလောက်ပဲ စားရတာပေါ့။ ဒုက္ခရောက်တဲ့လူကတော့ (၁၀ဝ) မှာ (၉၀)လောက်က ရောက်ရောက်ချင်းမှာ အဆင် မပြေဘူး။ နောက်ဆုံးမခံနိုင်လို့ လျော်ကြေးပေးပြီး ပြန်လာရတာတွေရှိတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စင်ကာပူအပါအဝင် အခြားနိုင်ငံများသို့ တရား မဝင် စေလွှတ်၍ လုပ်အားခေါင်းပုံဖြတ်နေသည့် ပွဲစားများကို အရေးယူပေးရန်လိုအပ်ပြီး ပြည်ပတွင် အခက်အခဲ ဖြစ်နေသည့် မြန်မာလုပ်သားများကိုလည်း အကူအညီများပေးစေလိုကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုထားသည်။

Zawgyi Version:
ျပည္ပသို႔ အိမ္အကူအျဖစ္ တရားမဝင္ပို႔ေဆာင္၍ လုပ္အားေခါင္းပုံျဖတ္ေနသည့္ပြဲစားမ်ား ပိုမ်ားလာ
Pearl (NP News) - စက္တင္ဘာ ၁၆
ျပည္ပသို႔ အိမ္အကူအျဖစ္ တရားမဝင္ပို႔ေဆာင္၍ လုပ္အားေခါင္းပုံျဖတ္ေနသည့္ ပြဲစားမ်ား ပို မ်ားလာေၾကာင္း ျပည္ပသို႔ အိမ္အကူအျဖစ္ သြားေရာက္အလုပ္လုပ္ကိုင္ဖူးသူမ်ားႏွင့္ နီးစပ္သူမ်ားက NP News သို႔ ဆက္သြယ္ေျပာဆိုလာ သည့္ အခ်က္အလက္မ်ားအရ သိရသည္။ ယခုေနာက္ပိုင္းတြင္ စင္ကာပူႏိုင္ငံႏွင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားသို႔ အိမ္အကူအျဖစ္ သြားေရာက္အလုပ္လုပ္ကိုင္ လိုသူမ်ား ကို အေႂကြးစနစ္ျဖင့္ ပို႔‌ေပးမည္ျဖစ္ေၾကာင္း ေဖ့စ္ဘြတ္လူမႈကြန္ရက္စာ မ်က္ႏွာမ်ားတစ္ဆင့္ေၾကာ္ျငာ ေနမႈမ်ား မၾကာခဏ ေတြ႕ရွိလာရသည္။
ထိုသို႔ အေႂကြးစနစ္ျဖင့္ သြားေရာက္လုပ္ကိုင္လိုသူမ်ားကို ေအးဂ်င့္ဆိုသူက ကနဦးတြင္ သြား ေရာက္လုပ္ကိုင္ရန္ ပညာမ်ားသင္ၾကားေပးမည္ဟုဆိုကာ ၎တို႔ေနအိမ္၌ေခၚ၍ ၎တို႔မိသားစုဝင္ မ်ား၏ေဝယ်ာဝစၥမ်ားကို ေစခိုင္းလ်က္ရွိ‌ေၾကာင္း သိရသည္။ “ လႈိင္သာယာမွာ နာမည္ရွိတဲ့ ေအဂ်င္စီ တစ္ခုရွိတယ္။ အဲဒီကေန ေနာက္ထပ္လူေတြ ခြဲထားၿပီး သူတို႔ဟာသူတို႔ေအးဂ်င့္ဆိုၿပီး ေခါင္းစဥ္က ေတာ့ လႈိင္သာယာက ေအဂ်င္စီကဆိုၿပီး ေျပာၾကတာေပါ့။ သူတို႔ ဘယ္လိုေဝစားမွ်စားလည္းေတာ့ မသိဘူး။ သူတို႔ဘာသာမိန္းကေလးေတြရွာၿပီးေတာ့ အေႂကြးစနစ္နဲ႔ပို႔တယ္ဆိုၿပီး နယ္ကလူေတြေခၚ ေတာ့ သြားၾကတာေပါ့။ ပိုက္ဆံလည္းမကုန္ေတာ့ သြားၾကတာေပါ့။ အိမ္အကူအျဖစ္ သြားခ်င္တယ္ ဆိုရင္ အရင္ဆုံး ေအးဂ်င့္အိမ္သြားေနရတယ္။ ေအးဂ်င့္အိမ္မွာဆိုလည္း သူတို႔မိသားစုေတြရဲ႕ ေဝယ်ာဝစၥ ေတြကအစ၊ အတြင္းခံကအစ အကုန္ေလ်ာ္ေပးရတာ။ အစစအရာရာအကုန္ ကြၽန္လို လုပ္ေပးၾကရတယ္။ ၿပီးရင္ သူတို႔သင္ေပးတဲ့ပညာကလည္း ဘာမွအသုံးမဝင္ဘူး။ ဟိုေရာက္ေတာ့ အိမ္ရွင္က ဆူ၊ ဆဲ၊ ႏွိပ္ စက္။ စင္ကာပူမွာသြားၿပီး အိမ္အကူလုပ္တဲ့လူက ဒုကၡ ေရာက္တာမ်ားတယ္။ မိုးလင္းကေန မိုးခ်ဳပ္အထိ ဆဲဆိုၿပီးေတာ့ ခိုင္းတယ္။ အလုပ္ခ်ိန္ကလည္း တစ္ေန႔ကို (၁၂)နာရီ၊ (၁၄) နာရီေပါ့။ ထမင္းစားလည္း ေကာင္းေကာင္းမြန္မြန္ေလာက္ေတာင္ မစားရတဲ့လူေတြမ်ားတယ္။ ႏွိပ္စက္ခံရတာေတြလည္း ရွိၾက တယ္။ အဲဒါေတြေၾကာင့္ အိမ္အကူေတြက အိမ္ရွင္ ေတြကို ဓားနဲ႔ထိုးသတ္တာတို႔ ဘာတို႔လည္း ႀကဳံခဲ့ တာေတြ ရွိတာပဲ။ အဲဒါေတြကလည္း အိမ္အကူေတြရဲ႕အလြန္မဟုတ္ဘူး။ ဟိုေရာက္ရင္ သံ႐ုံးေတြ၊ အ လုပ္သမား႐ုံးေတြကို သြားေျပာလည္း တရားမဝင္ သြားတဲ့အတြက္ ဘာမွမထူးဘူးျဖစ္ေနတယ္” ဟု အိမ္ အကူအျဖစ္ အလုပ္လုပ္ကိုင္ဖူးသူမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ျပည္ပသို႔ တရားမဝင္ လုပ္သားေစလႊတ္သည့္ပြဲစားမ်ား ပိုမ်ားလာေၾကာင္းလည္း သိရသည္။ အိမ္အကူအျဖစ္ သြားေရာက္လုပ္ကိုင္သူမ်ားကို တာခ်ီလိတ္မွတစ္ဆင့္ ဘန္ေကာက္ၿမိဳ႕သို႔ လည္းေကာင္း၊ ဘန္ေကာက္ၿမိဳ႕မွတစ္ဆင့္ စင္ကာပူ ႏိုင္ငံသို႔ ပို႔ေဆာင္ေပးျခင္းျဖစ္ကာ ပို႔ေဆာင္ခအျဖစ္ လုပ္သား၏ (၇) လစာကို ျဖတ္ယူေၾကာင္းလည္း သိရ သည္။“တရားမဝင္ျဖစ္တဲ့အျပင္ ေငြေၾကးက က် ေတာ့ အေႂကြးစနစ္နဲ႔သြားေတာ့ အိမ္အကူတစ္ေယာက္ကို စင္ကာပူအေရာက္ကို သိန္း (၁၂၀)ထိ ယူ တယ္။ အိမ္ရွင္ဆီကိုေရာက္တဲ့အထိေပါ့ေနာ္။ စင္ကာပူ ေအးဂ်င့္က (၃)လယူတယ္။ ျမန္မာေအးဂ်င့္က (၄)လ ယူတယ္။ တစ္လ (၅၀ဝ) ရတယ္ဆိုရင္ (၃၄၀ဝ) ႏႈန္းနဲ႔တြက္ရင္ ‌ေအးဂ်င့္ခက သူတို႔ယူတယ္။ (၂) ႏွစ္ စာခ်ဳပ္မွာ (၈/၉)လ ဒုကၡေရာက္တယ္။ သူတို႔ကို‌ေပး ရတာနဲ႔ဆို ကိုယ္က (၁) ႏွစ္စာေလာက္ပဲ စားရတာေပါ့။ ဒုကၡေရာက္တဲ့လူကေတာ့ (၁၀ဝ) မွာ (၉၀)ေလာက္က ေရာက္ေရာက္ခ်င္းမွာ အဆင္ မေျပဘူး။ ေနာက္ဆုံးမခံႏိုင္လို႔ ေလ်ာ္ေၾကးေပးၿပီး ျပန္လာရတာေတြရွိတယ္” ဟု ၎က ဆက္လက္ ေျပာသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ စင္ကာပူအပါအဝင္ အျခားႏိုင္ငံမ်ားသို႔ တရား မဝင္ ေစလႊတ္၍ လုပ္အားေခါင္းပုံျဖတ္ေနသည့္ ပြဲစားမ်ားကို အေရးယူေပးရန္လိုအပ္ၿပီး ျပည္ပတြင္ အခက္အခဲ ျဖစ္ေနသည့္ ျမန္မာလုပ္သားမ်ားကိုလည္း အကူအညီမ်ားေပးေစလိုေၾကာင္းလည္း ၎က ထည့္သြင္းေျပာဆိုထားသည္။

Related news

© 2021. All rights reserved.