အစ္စရေးကို အပြစ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကာတာဝန်ကြီးချုပ် တိုက်တွန်း

78

Pika (NP News) - စက်တင်ဘာ ၁၆
မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုတွေအတွက် အစ္စရေးကို အပြစ်ပေးဖို့နဲ့ တူညီတဲ့အခြေအနေတွေ အတွက် မတူညီတဲ့စည်းမျဉ်းတွေ အသုံးချနေတာကိုရပ်တန့်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ဟားမက်လက်နက်ကိုင်အဖွဲ့အဆောက်အဦးအပေါ် အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ Sheikh Mohammed bin Abdulrahman Al Thani က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
Sheikh Mohammed bin Abdulrahman Al Thani က “နိုင်ငံတကာအသိုင်းအဝိုင်းဟာ အစ္စရေးရဲ့လုပ်ရပ်အတွက် အပြစ်ပေးဖို့နဲ့တူညီတဲ့အခြေအနေတွေအတွက် မတူညီတဲ့စည်းမျဉ်းတွေ အသုံးချနေတာကိုရပ်တန့်ဖို့ အချိန်တန်ပါပြီ။ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ကျွန်တော်တို့ပြည်တွင်းကနေ မောင်းထုတ်ဖို့က မဖြစ်နိုင်ဘူးဆိုတာကို အစ္စရေးက သိထားဖို့လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးရဲ့လုပ်ရပ်တွေဟာ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ကြားဝင်စေ့စပ်ပေးမှုဆိုင်ရာကြိုးပမ်းမှုတွေကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့လည်း Sheikh Mohammed bin Abdulrahman Al Thani က ပြောကြားခဲ့ပါတယ်။ ဒေသအတွင်းမှာ အကြီးဆုံးအမေရိကန်စစ်အခြေစိုက်စခန်းကို လက်ခံထားတဲ့ကာတာနိုင်ငံဟာ အမေရိကန်၊ အီဂျစ်နိုင်ငံတို့နဲ့အတူ အစ္စရေး-ဟားမက်စစ်ပွဲကို အဆုံးသတ်ဖို့ ကြားဝင်စေ့စပ်ပေးမှုအခန်းကဏ္ဍမှာ အဓိက နေရာကနေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးကို အျပစ္ေပးဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို ကာတာဝန္ႀကီးခ်ဳပ္ တိုက္တြန္း
Pika (NP News) - စက္တင္ဘာ ၁၆
မၾကာေသးခင္ကလုပ္ေဆာင္ခဲ့တဲ့တိုက္ခိုက္မႈေတြအတြက္ အစၥေရးကို အျပစ္ေပးဖို႔နဲ႔ တူညီတဲ့အေျခအေနေတြ အတြက္ မတူညီတဲ့စည္းမ်ဥ္းေတြ အသုံးခ်ေနတာကိုရပ္တန႔္ဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကို ကာတာဝန္ႀကီးခ်ဳပ္ Sheikh Mohammed bin Abdulrahman Al Thani က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာရွိတဲ့ဟားမက္လက္နက္ကိုင္အဖြဲ႕အေဆာက္အဦးအေပၚ အစၥေရးက ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ Sheikh Mohammed bin Abdulrahman Al Thani က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
Sheikh Mohammed bin Abdulrahman Al Thani က “ႏိုင္ငံတကာအသိုင္းအဝိုင္းဟာ အစၥေရးရဲ႕လုပ္ရပ္အတြက္ အျပစ္ေပးဖို႔နဲ႔တူညီတဲ့အေျခအေနေတြအတြက္ မတူညီတဲ့စည္းမ်ဥ္းေတြ အသုံးခ်ေနတာကိုရပ္တန႔္ဖို႔ အခ်ိန္တန္ပါၿပီ။ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ကြၽန္ေတာ္တို႔ျပည္တြင္းကေန ေမာင္းထုတ္ဖို႔က မျဖစ္ႏိုင္ဘူးဆိုတာကို အစၥေရးက သိထားဖို႔လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အစၥေရးရဲ႕လုပ္ရပ္ေတြဟာ ဂါဇာစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ၾကားဝင္ေစ့စပ္ေပးမႈဆိုင္ရာႀကိဳးပမ္းမႈေတြကို ရပ္တန႔္ႏိုင္မွာမဟုတ္ဘူးလို႔လည္း Sheikh Mohammed bin Abdulrahman Al Thani က ေျပာၾကားခဲ့ပါတယ္။ ေဒသအတြင္းမွာ အႀကီးဆုံးအေမရိကန္စစ္အေျခစိုက္စခန္းကို လက္ခံထားတဲ့ကာတာႏိုင္ငံဟာ အေမရိကန္၊ အီဂ်စ္ႏိုင္ငံတို႔နဲ႔အတူ အစၥေရး-ဟားမက္စစ္ပြဲကို အဆုံးသတ္ဖို႔ ၾကားဝင္ေစ့စပ္ေပးမႈအခန္းက႑မွာ အဓိက ေနရာကေန ပါဝင္ေနတယ္လို႔လည္း သိရပါတယ္။