အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည် Zircon ကို ရုရှားစစ်တပ်စမ်းသပ်ပစ်လွှတ်

123

Pika (NP News) - စက်တင်ဘာ ၁၆
ရုရှားစစ်တပ်ဟာ Zapad အမည်ရှိစစ်ရေးလေ့ကျင့်မှုအတွင်း အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည် Zircon ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “အချိန်နဲ့တစ်ပြေးညီရရှိတဲ့စောင့်ကြည့်ရေးဒေတာအချက်အလက်တွေအရ အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည် Zircon ဟာ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ပြီး ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒရုန်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ပိုလန်၊ ရိုမေးနီးယား နဲ့ ရုရှားနိုင်ငံတို့ကြား တင်းမာမှုတွေမြင့်တက်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ရုရှားစစ်တပ်ရဲ့အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည် Zircon ကို ပစ်လွှတ်မှုထွက်ပေါ်လာတာဖြစ်ပါ တယ်။ ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေဟာ ပိုလန်လေပိုင်နက်ထဲကို ဝင်ရောက်သွားခဲ့ပြီးနောက် နှစ်နိုင်ငံကြား အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းကို တိုက်ခိုက်စဉ်အချိန်အတွင်း ၎င်းရဲ့လေပိုင်နက်ထဲသို့ ရုရှားဒရုန်းတစ်စင်း ဝင်ရောက်လာမှုကို ရိုမေးနီးယားအစိုးရက ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
နိုင်ငံလေပိုင်နက်ထဲကို ရုရှားဒရုန်းဝင်ရောက်လာမှုနဲ့ပတ်သက်ပြီး ရုရှားသံအမတ်ကြီးကို ရိုမေးနီးယားအစိုးရက ဆင့်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားအစိုးရရဲ့လုပ်ရပ်တွေဟာ ပင်လယ်နက်လုံခြုံရေးအတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်တယ်လို့လည်း ရိုမေးနီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အသံထက္ျမန္တဲ့ခ႐ုဇ္ဒုံးက်ည္ Zircon ကို ႐ုရွားစစ္တပ္စမ္းသပ္ပစ္လႊတ္
Pika (NP News) - စက္တင္ဘာ ၁၆
႐ုရွားစစ္တပ္ဟာ Zapad အမည္ရွိစစ္ေရးေလ့က်င့္မႈအတြင္း အသံထက္ျမန္တဲ့ခ႐ုဇ္ဒုံးက်ည္ Zircon ကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “အခ်ိန္နဲ႔တစ္ေျပးညီရရွိတဲ့ေစာင့္ၾကည့္ေရးေဒတာအခ်က္အလက္ေတြအရ အသံထက္ျမန္တဲ့ ခ႐ုဇ္ဒုံးက်ည္ Zircon ဟာ ပစ္မွတ္ကို တိုက္႐ိုက္ထိမွန္ၿပီး ဖ်က္ဆီးပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒ႐ုန္းျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ပိုလန္၊ ႐ိုေမးနီးယား နဲ႔ ႐ုရွားႏိုင္ငံတို႔ၾကား တင္းမာမႈေတြျမင့္တက္လာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ႐ုရွားစစ္တပ္ရဲ႕အသံထက္ျမန္တဲ့ခ႐ုဇ္ဒုံးက်ည္ Zircon ကို ပစ္လႊတ္မႈထြက္ေပၚလာတာျဖစ္ပါ တယ္။ ႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြဟာ ပိုလန္ေလပိုင္နက္ထဲကို ဝင္ေရာက္သြားခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ျပစ္တင္ေဝဖန္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းကို တိုက္ခိုက္စဥ္အခ်ိန္အတြင္း ၎ရဲ႕ေလပိုင္နက္ထဲသို႔ ႐ုရွားဒ႐ုန္းတစ္စင္း ဝင္ေရာက္လာမႈကို ႐ိုေမးနီးယားအစိုးရက ျပင္းျပင္းထန္ထန္ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
ႏိုင္ငံေလပိုင္နက္ထဲကို ႐ုရွားဒ႐ုန္းဝင္ေရာက္လာမႈနဲ႔ပတ္သက္ၿပီး ႐ုရွားသံအမတ္ႀကီးကို ႐ိုေမးနီးယားအစိုးရက ဆင့္ေခၚခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားအစိုးရရဲ႕လုပ္ရပ္ေတြဟာ ပင္လယ္နက္လုံၿခဳံေရးအတြက္ စိန္ေခၚမႈအသစ္တစ္ခုျဖစ္တယ္လို႔လည္း ႐ိုေမးနီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။