ဒရုန်းခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ရုရှားသံအမတ်ကြီးကို ရိုမေးနီးယားအစိုးရ ဆင့်ခေါ်

223

Pika (NP News) - စက်တင်ဘာ ၁၆
ယူကရိန်းကိုတိုက်ခိုက်စဉ်အချိန်အတွင်း ၎င်းရဲ့လေပိုင်နက်ထဲသို့ ရုရှားဒရုန်းတစ်စင်းဝင်ရောက်သွားခဲ့မှုကို ရိုမေးနီးယားအစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေဟာ ပိုလန်လေပိုင်နက်ထဲကို ဝင်ရောက်သွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး နောက် ရက်ပိုင်းအကြာမှာ ရိုမေးနီးယားအစိုးရရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ရုရှားအစိုးရဟာ ရိုမေးနီးယားကိုစမ်းသပ်နေပြီး ပိုလန်နဲ့ဘော်လ်တစ်နိုင်ငံတွေဆီကို စစ်ပွဲကို ယူဆောင် လိုနေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ရုရှားအစိုးရရဲ့လုပ်ရပ်တွေဟာ ပင်လယ်နက် လုံခြုံရေးအတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်တယ်လို့လည်း ရိုမေးနီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒရုန်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ပိုလန်၊ရုရှားနဲ့ဘီလာရုစ်နိုင်ငံတို့နဲ့ မကြာသေးခင်က ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်မှု တွေကို သတိပြုမိကြောင်းနဲ့ နားလည်မှုလွဲမှားတာမျိုးတွေကို ရှောင်ရှားကြဖို့ ပါတီဝင်အားလုံးကို တရုတ်ကို တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ရိုမေးနီးယားအစိုးရက ယခုလို ထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version:
ဒ႐ုန္းၿခိမ္းေျခာက္မႈနဲ႔ပတ္သက္ၿပီး ႐ုရွားသံအမတ္ႀကီးကို ႐ိုေမးနီးယားအစိုးရ ဆင့္ေခၚ
Pika (NP News) - စက္တင္ဘာ ၁၆
ယူကရိန္းကိုတိုက္ခိုက္စဥ္အခ်ိန္အတြင္း ၎ရဲ႕ေလပိုင္နက္ထဲသို႔ ႐ုရွားဒ႐ုန္းတစ္စင္းဝင္ေရာက္သြားခဲ့မႈကို ႐ိုေမးနီးယားအစိုးရက ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ႐ိုေမးနီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႐ုရွားသံအမတ္ႀကီးကို ဆင့္ေခၚခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြဟာ ပိုလန္ေလပိုင္နက္ထဲကို ဝင္ေရာက္သြားခဲ့တဲ့ ျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီး ေနာက္ ရက္ပိုင္းအၾကာမွာ ႐ိုေမးနီးယားအစိုးရရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ႐ုရွားအစိုးရဟာ ႐ိုေမးနီးယားကိုစမ္းသပ္ေနၿပီး ပိုလန္နဲ႔ေဘာ္လ္တစ္ႏိုင္ငံေတြဆီကို စစ္ပြဲကို ယူေဆာင္ လိုေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ႐ုရွားအစိုးရရဲ႕လုပ္ရပ္ေတြဟာ ပင္လယ္နက္ လုံၿခဳံေရးအတြက္ စိန္ေခၚမႈအသစ္တစ္ခုျဖစ္တယ္လို႔လည္း ႐ိုေမးနီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒ႐ုန္းျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ပိုလန္၊႐ုရွားနဲ႔ဘီလာ႐ုစ္ႏိုင္ငံတို႔နဲ႔ မၾကာေသးခင္က ထုတ္ျပန္ခ်က္ေတြနဲ႔ တုံ႔ျပန္မႈ ေတြကို သတိျပဳမိေၾကာင္းနဲ႔ နားလည္မႈလြဲမွားတာမ်ိဳးေတြကို ေရွာင္ရွားၾကဖို႔ ပါတီဝင္အားလုံးကို တ႐ုတ္ကို ေတာင္းဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ႐ိုေမးနီးယားအစိုးရက ယခုလို ထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။