စင်ကာပူနိုင်ငံ၊ NTU ကျောင်းဝင်းအတွင်းမှာ (၆)လအတွင်း လင်းနို့အကောင်(၄၀)ကျော် မြေပေါ်ပြုတ်ကျ သေဆုံး

 433

ရောင်နီ(NP News) - မတ် ၁၁

စင်ကာပူနိုင်ငံ၊ နန်ယန်းနည်းပညာ တက္ကသိုလ် (NTU) ကျောင်းဝင်းအတွင်းမှာ လင်းနို့ငှက်အကောင်(၄၀)ကျော်ထိ မြေပြင်ပေါ် ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပါတယ်။

လင်းနို့တချို့ဟာ အတောင်ပံတွေ ယိုယွင်းနေပြီး တချို့ကတော့ ခန္ဓာကိုယ်ကွေးကောက်ကာ သေဆုံးနေတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လကစ NTU မှာ လင်းနို့သေဆုံးမှုတွေ တွေ့ရှိခဲ့ရပြီး လက်ရှိအချိန်ထိအတွင်း သေဆုံးမှု (၄၅)ခုထိရှိခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ (NParks) က NTU ပြင်ပမှာ ဒီလိုဖြစ်ရပ်မျိုးရှိတဲ့ အခြားနေရာမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကတော့ ပိုးသတ်ဆေး မြူခိုးတွေကြောင့် လင်းနို့တွေ မြေပြင်ပေါ် ပြုတ်ကျသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့အခုဖြစ်ရပ်မှာတော့ မြူခိုးတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့လည်း NTU ရဲ့ Hall of Residence 9 အနီးမှာရှိတဲ့ Jurong Region MRT လိုင်း တည်ဆောက်မှုဟာ လင်းနို့တွေရဲ့ ဆိုနာစွမ်းရည်ကို ထိခိုက်စေခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ၊ NTU ေက်ာင္းဝင္းအတြင္းမွာ (၆)လအတြင္း လင္းႏို႔အေကာင္(၄၀)ေက်ာ္ ေျမေပၚျပဳတ္က် ေသဆုံး
ေရာင္နီ(NP News) - မတ္ ၁၁

စင္ကာပူႏိုင္ငံ၊ နန္ယန္းနည္းပညာ တကၠသိုလ္ (NTU) ေက်ာင္းဝင္းအတြင္းမွာ လင္းႏို႔ငွက္အေကာင္(၄၀)ေက်ာ္ထိ ေျမျပင္ေပၚ ျပဳတ္က်ေသဆုံးခဲ့တဲ့ျဖစ္ရပ္ျဖစ္ေပၚခဲ့ပါတယ္။

လင္းႏို႔တခ်ိဳ႕ဟာ အေတာင္ပံေတြ ယိုယြင္းေနၿပီး တခ်ိဳ႕ကေတာ့ ခႏၶာကိုယ္ေကြးေကာက္ကာ ေသဆုံးေနတာ ျဖစ္ပါတယ္။ ၂၀၂၄ ခုႏွစ္ ဩဂုတ္လကစ NTU မွာ လင္းႏို႔ေသဆုံးမႈေတြ ေတြ႕ရွိခဲ့ရၿပီး လက္ရွိအခ်ိန္ထိအတြင္း ေသဆုံးမႈ (၄၅)ခုထိရွိခဲ့ၿပီျဖစ္ပါတယ္။ အမ်ိဳးသားဥယ်ာဥ္မ်ားဘုတ္အဖြဲ႕ (NParks) က NTU ျပင္ပမွာ ဒီလိုျဖစ္ရပ္မ်ိဳးရွိတဲ့ အျခားေနရာမေတြ႕ရေသးဘူးလို႔ ဆိုပါတယ္။ ၂၀၂၂ ခုႏွစ္တုန္းကေတာ့ ပိုးသတ္ေဆး ျမဴခိုးေတြေၾကာင့္ လင္းႏို႔ေတြ ေျမျပင္ေပၚ ျပဳတ္က်ေသဆုံးမႈေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့အခုျဖစ္ရပ္မွာေတာ့ ျမဴခိုးေတြ မရွိခဲ့ဘူးလို႔ သိရပါတယ္။

ဒါေပမဲ့လည္း NTU ရဲ႕ Hall of Residence 9 အနီးမွာရွိတဲ့ Jurong Region MRT လိုင္း တည္ေဆာက္မႈဟာ လင္းႏို႔ေတြရဲ႕ ဆိုနာစြမ္းရည္ကို ထိခိုက္ေစျခင္းေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ယူဆထားပါတယ္။

Related news

© 2021. All rights reserved.