မက္ကဆီကိုနိုင်ငံမှာ ဘတ်စ်ကားတိုက်မိမှု ဖြစ်ရပ်နှစ်ခုကြောင့် အနည်းဆုံးလူ(၂၅)ဦးသေဆုံး

131

Pika (NP News) - မတ် ၁၁
မက္ကဆီကိုနိုင်ငံမှာ မတ်လ(၁၀)ရက်က မတူညီတဲ့ ဘတ်စကားတိုက်မိမှု ဖြစ်ရပ်နှစ်ခုကြောင့် အနည်းဆုံးလူ(၂၅)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ကနေ ခရီးသည်တွေကို သယ်ဆောင်လာတဲ့ ဘတ်စကားတစ်စီးနဲ့ ထွန်စက်တစ်စီးတို့ တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့တယ်လို့ Durango ပြည်နယ် အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အတွင်း ဘတ်စကားပေါ်မှာ လိုက်ပါလာတဲ့လူ(၂၄)ဦးအနက် (၁၀)ဦးကသာ အသက်ရှင်လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ ၎င်းတို့ကပြောကြားခဲ့ပါတယ်။ ပြီးတော့ မက္ကဆီကိုနိုင်ငံတောင်ပိုင်း Oaxaca ပြည်နယ်က အဝေးပြေးလမ်းမတစ်ခုမှာ ဘတ်စကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။အဲဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြားလူ(၁၂)ဦးကို ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက်(၂)ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ အရှိန်မြှင့်မောင်းနှင်ခြင်း၊ယာဉ်မကောင်းခြင်း သို့မဟုတ် လမ်းမကောင်းတာတို့နဲ့ ယာဉ်မောင်းရဲ့မဆင်ခြင်မှုတွေကြောင့် လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
zawgyi version
မကၠဆီကိုႏိုင္ငံမွာ ဘတ္စကားတိုက္မိမႈ ျဖစ္ရပ္ႏွစ္ခုေၾကာင့္ အနည္းဆုံးလူ(၂၅)ဦးေသဆုံး
Pika (NP News) - မတ္ ၁၁
မကၠဆီကိုႏိုင္ငံမွာ မတ္လ(၁၀)ရက္က မတူညီတဲ့ ဘတ္စကားတိုက္မိမႈ ျဖစ္ရပ္ႏွစ္ခုေၾကာင့္ အနည္းဆုံးလူ(၂၅)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ မကၠဆီကိုႏိုင္ငံေျမာက္ပိုင္းမွာ အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္ကေန ခရီးသည္ေတြကို သယ္ေဆာင္လာတဲ့ ဘတ္စကားတစ္စီးနဲ႔ ထြန္စက္တစ္စီးတို႔ တိုက္မိခဲ့ၿပီး အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့တယ္လို႔ Durango ျပည္နယ္ အရပ္ဘက္ ကာကြယ္ေရး အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္အတြင္း ဘတ္စကားေပၚမွာ လိုက္ပါလာတဲ့လူ(၂၄)ဦးအနက္ (၁၀)ဦးကသာ အသက္ရွင္လြတ္ေျမာက္ခဲ့တာျဖစ္တယ္လို႔ ၎တို႔ကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ မကၠဆီကိုႏိုင္ငံေတာင္ပိုင္း Oaxaca ျပည္နယ္က အေဝးေျပးလမ္းမတစ္ခုမွာ ဘတ္စကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၁၁)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။အဲဒီျဖစ္ရပ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ အျခားလူ(၁၂)ဦးကို ေဆး႐ုံကိုပို႔ေဆာင္ခဲ့ၿပီး ၎တို႔အနက္(၂)ဦးဟာ စိုးရိမ္ရတဲ့ အေျခအေနမွာရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ မေတာ္တဆမႈျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြကို အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ မကၠဆီကိုႏိုင္ငံမွာ အရွိန္ျမႇင့္ေမာင္းႏွင္ျခင္း၊ယာဥ္မေကာင္းျခင္း သို႔မဟုတ္ လမ္းမေကာင္းတာတို႔နဲ႔ ယာဥ္ေမာင္းရဲ႕မဆင္ျခင္မႈေတြေၾကာင့္ လူအေသအေပ်ာက္မ်ားတဲ့ မေတာ္တဆမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိတယ္လို႔ သိရပါတယ္။