မြောက်ပင်လယ်မှာ ရေနံတင်သင်္ဘောနဲ့ကုန်တင်သင်္ဘောတို့ တိုက်မိပြီး မီးလောင်မှုဖြစ်ပွား

373

Pika (NP News) - မတ် ၁၁
မြောက်ပင်လယ်မှာ ရေနံတင်သင်္ဘော နဲ့ ကုန်တင်သင်္ဘောတစ်စင်းတို့ တိုက်မိမှုနဲ့အတူ မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အဓိကကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း လူ(၃၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုတွေ လုပ်ဆောင်ပေးဖို့ သင်္ဘောသုံးစင်းနဲ့ သယ်ယူသွားပြီဖြစ်တယ်လို့ Grimsby ဆိပ်ကမ်းဒါရိုက်တာ Martin Boyers က ပြောကြားခဲ့ပါတယ်။
ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "East Yorkshire ကမ်းရိုးတန်း ကမ်းလွန်မှာ ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သတင်းတွေရရှိခဲ့ပြီးနောက် ဗြိတိန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဗြိတိန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ညစ်ညမ်းမှုတန်ပြန်တုံ့ပြန်မှုဆိုင်ရာ အကဲဖြတ်ချက်တွေကို လုပ်ဆောင်နေတယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။
ဗြိတိန်ရုပ်သံချန်နယ်က တင်ထားတဲ့ ဓာတ်ပုံတွေမှာ ကမ်းရိုးတန်းက(၁၀)မိုင်အကွာက အခင်းဖြစ်ပွားရာနေရာကနေ အနက်ရောင်မီးခိုးတွေနဲ့ မီးတောက်တွေ ထွက်ပေါ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "အဲဒီဖြစ်ရပ်အတွင်း လူအတော်များများဟာ မီးလောင်နေတဲ့ သင်္ဘောတွေကို စွန့်ခွာခဲ့ကြပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
ေျမာက္ပင္လယ္မွာ ေရနံတင္သေဘၤာနဲ႔ကုန္တင္သေဘၤာတို႔ တိုက္မိၿပီး မီးေလာင္မႈျဖစ္ပြား
Pika (NP News) - မတ္ ၁၁
ေျမာက္ပင္လယ္မွာ ေရနံတင္သေဘၤာ နဲ႔ ကုန္တင္သေဘၤာတစ္စင္းတို႔ တိုက္မိမႈနဲ႔အတူ မီးေလာင္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ အဓိကကယ္ဆယ္ေရးလုပ္ငန္းေတြကို အာဏာပိုင္ေတြက ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း လူ(၃၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေဆးကုသမႈေတြ လုပ္ေဆာင္ေပးဖို႔ သေဘၤာသုံးစင္းနဲ႔ သယ္ယူသြားၿပီျဖစ္တယ္လို႔ Grimsby ဆိပ္ကမ္းဒါ႐ိုက္တာ Martin Boyers က ေျပာၾကားခဲ့ပါတယ္။
ကမ္းေျခေစာင့္တပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "East Yorkshire ကမ္း႐ိုးတန္း ကမ္းလြန္မွာ ေရနံတင္သေဘၤာနဲ႔ ကုန္တင္သေဘၤာတို႔ တိုက္မိမႈျဖစ္ပြားခဲ့တယ္လို႔ သတင္းေတြရရွိခဲ့ၿပီးေနာက္ ၿဗိတိန္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ၿဗိတိန္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ညစ္ညမ္းမႈတန္ျပန္တုံ႔ျပန္မႈဆိုင္ရာ အကဲျဖတ္ခ်က္ေတြကို လုပ္ေဆာင္ေနတယ္လို႔ ၎ကေျပာၾကားခဲ့ပါတယ္။
ၿဗိတိန္႐ုပ္သံခ်န္နယ္က တင္ထားတဲ့ ဓာတ္ပုံေတြမွာ ကမ္း႐ိုးတန္းက(၁၀)မိုင္အကြာက အခင္းျဖစ္ပြားရာေနရာကေန အနက္ေရာင္မီးခိုးေတြနဲ႔ မီးေတာက္ေတြ ထြက္ေပၚေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "အဲဒီျဖစ္ရပ္အတြင္း လူအေတာ္မ်ားမ်ားဟာ မီးေလာင္ေနတဲ့ သေဘၤာေတြကို စြန႔္ခြာခဲ့ၾကပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။