ဆီးရီးယားမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့ တရုတ်အစိုးရ တောင်းဆို

633

Pika (NP News) - မတ် ၁၁
ဆီးရီးယားမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့ ပါဝင်ပတ်သက်သူတွေအားလုံးကို တရုတ်အစိုးရက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မာအိုနင်က "တရုတ်အစိုးရဟာ ဆီးရီးယားမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့အတူ လူအသေအပျောက်အရေအတွက် များပြားလာမှာကို စိုးရိမ်မိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဆီးရီးယားအစိုးရအသစ်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဟောင်းရဲ့သစ္စာခံအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအဖြစ်ကို ပြောင်းလဲလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အစိုးရလိုလားတဲ့တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေနဲ့ လူမျိုးတုန်းရှင်းလင်းရေးစစ်ဆင်ရေးတွေကြောင့် မတ်လ(၆)ရက်ကနေစတင်ပြီး အနည်းဆုံးလူ(၉၇၃)ဦးသေဆုံးခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့၊အရပ်သားတွေ ဘေးကင်းရေးကို စိတ်အားထက်သန်စွာ လုပ်ဆောင်ကြဖို့နဲ့ အားလုံးပါဝင်ရေးမူဝါဒကို လိုက်နာကြဖို့ သက်ဆိုင်ရာပါတီတွေအားလုံးကို တရုတ်အစိုးရက တိုက်တွန်းတောင်းဆိုထားတယ်လို့ မာအိုနင်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဆွေးနွေးမှုတွေကနေတစ်ဆင့် ဆီးရီးယားပြည်သူတွေရဲ့ဆန္ဒတွေနဲ့ကိုက်ညီမယ့် အမျိုးသားပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရှာဖွေဖို့ မာအိုနင်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ဆီးရီးယားမွာျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈေတြအားလုံးကို ခ်က္ခ်င္းရပ္တန႔္ဖို႔ တ႐ုတ္အစိုးရ ေတာင္းဆို
Pika (NP News) - မတ္ ၁၁
ဆီးရီးယားမွာ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈေတြ ျဖစ္ေပၚေနတယ္လို႔ သတင္းေတြထြက္ေပၚလာၿပီးေနာက္ အၾကမ္းဖက္မႈေတြအားလုံးကို ခ်က္ခ်င္းရပ္တန႔္ဖို႔ ပါဝင္ပတ္သက္သူေတြအားလုံးကို တ႐ုတ္အစိုးရက တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသမီး မာအိုနင္က "တ႐ုတ္အစိုးရဟာ ဆီးရီးယားမွာျဖစ္ပြားေနတဲ့ အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ လက္နက္ကိုင္တိုက္ခိုက္မႈေတြနဲ႔အတူ လူအေသအေပ်ာက္အေရအတြက္ မ်ားျပားလာမွာကို စိုးရိမ္မိပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
ဆီးရီးယားအစိုးရအသစ္ရဲ႕လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ အစိုးရေဟာင္းရဲ႕သစၥာခံအဖြဲ႕ေတြၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီးေနာက္ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈေတြအျဖစ္ကို ေျပာင္းလဲလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အစိုးရလိုလားတဲ့တပ္ဖြဲ႕ေတြရဲ႕ သတ္ျဖတ္မႈေတြနဲ႔ လူမ်ိဳးတုန္းရွင္းလင္းေရးစစ္ဆင္ေရးေတြေၾကာင့္ မတ္လ(၆)ရက္ကေနစတင္ၿပီး အနည္းဆုံးလူ(၉၇၃)ဦးေသဆုံးခဲ့တယ္လို႔ ဆီးရီးယားလူ႔အခြင့္အေရးေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ လက္နက္ကိုင္တိုက္ပြဲေတြနဲ႔ ရန္လိုတဲ့လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔၊အရပ္သားေတြ ေဘးကင္းေရးကို စိတ္အားထက္သန္စြာ လုပ္ေဆာင္ၾကဖို႔နဲ႔ အားလုံးပါဝင္ေရးမူဝါဒကို လိုက္နာၾကဖို႔ သက္ဆိုင္ရာပါတီေတြအားလုံးကို တ႐ုတ္အစိုးရက တိုက္တြန္းေတာင္းဆိုထားတယ္လို႔ မာအိုနင္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေဆြးေႏြးမႈေတြကေနတစ္ဆင့္ ဆီးရီးယားျပည္သူေတြရဲ႕ဆႏၵေတြနဲ႔ကိုက္ညီမယ့္ အမ်ိဳးသားျပန္လည္ထူေထာင္ေရးအစီအစဥ္ကို ရွာေဖြဖို႔ မာအိုနင္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။