ဗြိတိန်လေလံမှာ ထူးထူးခြားခြားလုံးဝန်းနေတဲ့ ကြက်ဥခွံ လေလံတင်ရောင်းရာ ကန်ဒေါ်လာ ၃၄၀ (မြန်မာငွေ ၁၅ သိန်းကျော်) နဲ့ ရောင်းထွက်

 54

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၈

ဗြိတိန်နိုင်ငံရဲ့လေလံပွဲတစ်ခုမှာ ကြက်ဥခွံတစ်ခုဟာ ကန်ဒေါ်လာ ၃၄၀ (မြန်မာငွေ ၁၄ သိန်းကျော်) နဲ့ ရောင်းထွက် ခဲ့ပါတယ်။
ကြက်ဥကို ဩဂုတ်လက စကော့တလန်နိုင်ငံမှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးက Asda စူပါမားကတ်မှာ ပထမဆုံး တွေ့ရှိ ဝယ်ယူခဲ့တာဖြစ်ပြီး ကြက်ဥ ၁၅ ဘူးအတွက် ၁.၉၉ ပေါင်သာ ပေးခဲ့ရပါတယ်။ အဲဒီကြက်ဥတွေထဲက တစ်လုံးဟာ အလွန်လုံးဝန်းနေတာ တွေ့ရှိခဲ့ပြီးနောက် သူမက ဗြိတိန်လေလံပွဲ Thomson Roddick Callan ကို ဆက်သွယ်ခဲ့ပြီး ဘက်ရှိုင်းရားမန်အက်ပိုနယ်လ်ဆိုတဲ့ ဝယ်သူကို ပေါင် ၁၅၀ နဲ့ ရောင်းချခဲ့ပါတယ်။
ဘက်ရှိုင်းရားမန်က ကြက်ဥကို အနှစ်တွေ ဖယ်ထုတ်ပစ်ပြီး အချည်းပဲ သီးသန့်ကျန်အောင် ပြန်လည်ဖန်တီးခဲ့ပါ တယ်။ အဲဒီနောက် ကြက်ဥအခွံကို ဒီဇင်ဘာလထဲမှာပဲ အော့စဖို့ဒ် အခြေစိုက်ပရဟိတအဖွဲ့ Iuventas ဖောင်ဒေးရှင်း ကို လှူဒါန်းခဲ့ပါတယ်။ ဖောင်ဒေးရှင်းက အဲဒီကြက်ဥခွံကို လေလံပွဲမှာ ရောင်းချခဲ့ရာမှ အမည်မဖော်လိုသူ ပါတီ တစ်ခုက ပေါင် ၂၀၀ (ကန်ဒေါ်လာ ၃၄၀) နဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။

ကြက်ဥခွံကို ဈေးကြီးပေးရောင်းချနိုင်တဲ့ဖြစ်ရပ်ဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်ကလည်း Ping Pong လို့ခေါ်တဲ့ ကြက်ဥတစ်လုံးကို eBay မှာ ပေါင် ၄၈၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

Zawgyi Version;
ၿဗိတိန္ေလလံမွာ ထူးထူးျခားျခားလုံးဝန္းေနတဲ့ ၾကက္ဥခြံ ေလလံတင္ေရာင္းရာ ကန္ေဒၚလာ ၃၄၀ (ျမန္မာေငြ ၁၅ သိန္းေက်ာ္) နဲ႔ ေရာင္းထြက္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၈

ၿဗိတိန္ႏိုင္ငံရဲ႕ေလလံပြဲတစ္ခုမွာ ၾကက္ဥခြံတစ္ခုဟာ ကန္ေဒၚလာ ၃၄၀ (ျမန္မာေငြ ၁၄ သိန္းေက်ာ္) နဲ႔ ေရာင္းထြက္ ခဲ့ပါတယ္။
ၾကက္ဥကို ဩဂုတ္လက စေကာ့တလန္ႏိုင္ငံမွာ ေနထိုင္တဲ့အမ်ိဳးသမီးတစ္ဦးက Asda စူပါမားကတ္မွာ ပထမဆုံး ေတြ႕ရွိ ဝယ္ယူခဲ့တာျဖစ္ၿပီး ၾကက္ဥ ၁၅ ဘူးအတြက္ ၁.၉၉ ေပါင္သာ ေပးခဲ့ရပါတယ္။ အဲဒီၾကက္ဥေတြထဲက တစ္လုံးဟာ အလြန္လုံးဝန္းေနတာ ေတြ႕ရွိခဲ့ၿပီးေနာက္ သူမက ၿဗိတိန္ေလလံပြဲ Thomson Roddick Callan ကို ဆက္သြယ္ခဲ့ၿပီး ဘက္ရႈိင္းရားမန္အက္ပိုနယ္လ္ဆိုတဲ့ ဝယ္သူကို ေပါင္ ၁၅၀ နဲ႔ ေရာင္းခ်ခဲ့ပါတယ္။
ဘက္ရႈိင္းရားမန္က ၾကက္ဥကို အႏွစ္ေတြ ဖယ္ထုတ္ပစ္ၿပီး အခ်ည္းပဲ သီးသန႔္က်န္ေအာင္ ျပန္လည္ဖန္တီးခဲ့ပါ တယ္။ အဲဒီေနာက္ ၾကက္ဥအခြံကို ဒီဇင္ဘာလထဲမွာပဲ ေအာ့စဖို႔ဒ္ အေျခစိုက္ပရဟိတအဖြဲ႕ Iuventas ေဖာင္ေဒးရွင္း ကို လႉဒါန္းခဲ့ပါတယ္။ ေဖာင္ေဒးရွင္းက အဲဒီၾကက္ဥခြံကို ေလလံပြဲမွာ ေရာင္းခ်ခဲ့ရာမွ အမည္မေဖာ္လိုသူ ပါတီ တစ္ခုက ေပါင္ ၂၀၀ (ကန္ေဒၚလာ ၃၄၀) နဲ႔ ဝယ္ယူသြားခဲ့တာျဖစ္ပါတယ္။

ၾကက္ဥခြံကို ေဈးႀကီးေပးေရာင္းခ်ႏိုင္တဲ့ျဖစ္ရပ္ဟာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၅ ခုႏွစ္ကလည္း Ping Pong လို႔ေခၚတဲ့ ၾကက္ဥတစ္လုံးကို eBay မွာ ေပါင္ ၄၈၀ နဲ႔ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.