မြန်မာပြည်ဟာ ဆီးရီးယားလို မဖြစ်နိုင်ကြောင်းနဲ့ နိုင်ငံရေးတွက်ကိန်းမှားသွားတဲ့ ခွန်သူရိန် အကြောင်း (အင်တာဗျူး)

 1366

မြူနစ် (NP News) - ဒီဇင်ဘာ ၁၈

လက်ရှိ မြန်မာနိုင်ငံအတွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိသကဲ့သို့ ကမ္ဘာ့နိုင်ငံ အချို့တွင်လည်း လက်နက်ကိုင်စစ်ပွဲများ ဖြစ်ပွားနေ လျက်ရှိကြသည်။ ယခုရက်ပိုင်းအတွင်း၌ ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့်အကြောင်းကိစ္စများကို အားလုံးနီးပါးသိရှိပြီးဖြစ်မည်ထင်သည်။ မြန်မာနိုင်ငံသည်လည်း ဆီးရီးယားနိုင်ငံကဲ့သို့ ဖြစ်သွားနိုင်သည်ဟုလည်း သုံးသပ်ပြောဆိုနေမှုများကို တွေ့မြင်နေရ လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဆီးရီးယားနိုင်ငံကဲ့သို့ ဖြစ်သွားနိုင်ခြင်းရှိ၊ မရှိအပါအဝင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကိစ္စရပ်များ၊ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) နှစ် ခြမ်းကွဲသွားသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ NP News က PNLO(NCA-S) ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာထံ ဆက်သွယ်မေးမြန်းထားသော အချက် အလက်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး - မင်္ဂလာပါ ဗိုလ်မှူးကြီးခွန်ဥက္ကာခင်ဗျ။ NP News ကပါ။ ပထမဆုံး လက်ရှိမြန်မာ့ နိုင်ငံရေး အခင်း အကျင်းနဲ့ပတ်သက်လို့ လက်ရှိအခြေအနေအပေါ် သုံးသပ်ပေးပါဦး။
ဖြေ - တိုတိုပြောရရင်တော့ လက်ရှိအခင်းအကျင်းကတော့ မကောင်းဘူးပေါ့ဗျာ။ အခြေအနေမကောင်း ဘူးပေါ့။ သို့သော်လည်းပဲ ဒီအခင်းအကျင်းအတိုင်း ရေရှည်ဆက်သွားလိမ့်မယ်လို့တော့ ကျွန်တော်မထင် ဘူး။ အပြောင်းအလဲလေးတော့ နှစ်သစ်မှာလာမယ်လို့တော့ ထင်တာပဲ။ ဒီပုံမှန်အတိုင်း စစ်ရေး၊ နိုင်ငံ ရေး၊ စီးပွားရေး အထွေထွေအကျပ်အတည်းနဲ့သွားရင်တော့ ကျွန်တော်တို့ပြည်သူလူထုက ခံနိုင်ရည်ရှိ မယ့်ပုံ မပေါ်ဘူး။ ဒါကြောင့် ခေါင်းဆောင်တွေကလည်း စဉ်းစဉ်းစားစားနဲ့ အကွေ့အပြောင်းဖြေလျှော့မှု တစ်ခုခု ပေါ်လာမယ်လို့တော့ မျှော်လင့်တယ်။

မေး - နောက်တစ်ခုက လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခကလည်း နှစ်ပေါင်း (၇၀)ကျော် လာပြီလို့ ပြောလို့ရတာပေါ့။ ဒီစစ်ရေးပဋိပက္ခကြီးက ဒီလောက်ရှည်နေတာရဲ့ အကျိုးဆက်က ဘာ ကြောင့်လဲ။
ဖြေ - တကယ်တော့ စစ်ရေးဆိုတာက ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လွတ်လပ်ရေးရပြီးကတည်းက ဗမာ့တပ်မတော်ဆိုတာက အင်အားကြီး၊ ဗဟိုစုဖွဲ့မှု့နဲ့ တောက်လျှောက်ပေါ့။ တိုင်းရင်းသားနယ်မြေတွေ မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေအပေါ်မှာ အမြဲတမ်း နိုင်လာခဲ့တာပေါ့ဗျာ။ နှစ်ပေါင်း (၄၀၊ ၆၀)။ အခု ကျတော့ သူတို့အမြဲတမ်းအပေါ်စီးနဲ့ နိုင်လာခဲ့တဲ့ လက်နက်ကိုင်အင်အားစုတစ်ခုက အပေါ်စီးမရတော့ ဘဲနဲ့ တန်းတူ၊ ရည်တူယှဉ်ပြိုင်တိုက်ခိုက်ရမယ့်အခြေအနေ၊ အခုတစ်ခါ တိုင်းရင်းသားအဖွဲ့တွေ စစ်ရေးနဲ့ သက်သက်ပဲကြည့်မယ်ဆိုရင်တော့ အပေါ်စီးပြန်ရလာတဲ့အခြေအနေပေါ့။ အဲဒီလိုတွေ့ရပါတယ်။ ဒါ ကြောင့်ဒါကလည်း စစ်ရေးရဲ့သဘောအရ တစ်လှည့်စီဖြစ်တတ်တဲ့အခါကျတော့ ဒါအမြဲတမ်းတော့ လည်း မဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့ တပ်မတော်က အပေါ်စီးရလာတာကနေ အခုကျတော့ နည်းနည်းလေးခံစစ်စည်းကို ပြန်ရောက်သွားတဲ့သဘောမျိုးတွေ့ရပါတယ်။ ဒါပေမဲ့ တစ်ဖွဲ့ ကို တစ်ဖွဲ့၊ အင်အားတစ်ခုကတစ်ခုကို အပြုတ်တိုက်မယ်ဆိုတာတော့ မဖြစ်လောက်ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာဖြစ်လည်းမဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒီလိုသူ့အလှည့်ကိုယ့်အလှည့်ပြီးရင်တော့ ဆက်ပြီးတော့ ခေါင်းဆောင်တွေကလည်း တော်တော်လေးကို အတွေ့အကြုံရလာပြီဆိုတော့ ဒီလိုဆက်သွားလို့တော့ မရဘူး။ ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့သွားမှ ပြည်သူလူထု သက်သာမယ် ဆိုတာကို တွက်ကြမယ် လို့ ကျွန်တော် ယူဆတယ်။ ဒါကြောင့် သိပ်မရှည်ဘူးလို့တော့ ထင်ပါတယ်။

မေး - လက်ရှိနိုင်ငံအတွက် ရွေးကောက်ပွဲဆိုတာက ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်လား။ အဲဒီမှာ ဗိုလ်မှူး ကြီးအနေနဲ့ကော ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ - ရွေးကောက်ပွဲကတော့ ထွက်ပေါက်တော့ မဟုတ်သေးဘူးဗျ။ ဒီတစ်ပွဲတည်းနဲ့ပေါ့လေ။ သို့သော် လည်းပဲ ထွက်ပေါက်ကိုဦးတည်စေနိုင်တဲ့ စမှတ်ပေါ့ဗျာ။ လုပ်ရပ်တစ်ခုတော့ ဖြစ်နိုင်တယ်။ ဒီအတိုင်း နစကက တစ်ဖက်က အုပ်ချုပ်၊ တစ်ဖက်ကလည်း လက်နက်တွေနဲ့တိုက်၊ သူ့ငါဖြို ငါ့သူဖြို အဲဒီဟာက အဖြေမဟုတ်ဘူး။ ဒါကြောင့် အဲဒီအဖြေကိုရဖို့ အတွက် တကယ့်နိုင်ငံရေးအရထွက်ပေါက်ကို ရဖို့ အ တွက် ရွေးကောက်ပွဲကတော့ စတင်လုပ်ဆောင်ရမယ့်အချက်ပေါ့ဗျာ။ အခုတစ်ပွဲတည်းနဲ့တော့ ထွက် ပေါက်ရသွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော် အဲဒီလိုယူဆပါတယ်။

မေး - ဗိုလ်မှူးကြီးပြောသလို ရွေးကောက်ပွဲကတော့ ထွက်ပေါက်အတွက် စမှတ်လေးတစ်ခုပေါ့။ ပြီးရင် အစိုးရသစ်တစ်ရပ်လာမယ်။ အဲဒီအစိုးရအသစ်က မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ရပ်စဲသွားဖို့၊ ချုပ်ငြိမ်း သွားဖို့ ဘာတွေလုပ်နိုင်မယ်ထင်လဲ။
ဖြေ - အဲဒါကလည်း ခက်ခက်ခဲခဲတော့သွားရမယ့်သဘောရှိတယ်ဗျ။ ဘာတွေလုပ်ရမလဲဆိုတော့ ချုပ်ငြိမ်းသွားဖို့အတွက် သူကြိုးပမ်းတဲ့နေရာမှာ နိုင် ငံရေးအရ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဆက်ပြီးဦး ဆောင်သွားရမှာဖြစ်တယ်။ နိုင်ငံရေးအရလူမျိုး အလိုက်၊ ပြည်နယ်အလိုက် ရသင့်ရထိုက်တဲ့အခွင့်အရေး တွေကို အာမခံချက်ရှိမယ်။ အဲဒီအာမခံချက် ကလည်း ဥပဒေနဲ့အညီ ဖြစ်မယ်။ အဲဒီဥပဒေကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကဲ့သို့ နိုင်ငံရဲ့အမြင့်ဆုံး ဥပဒေမှာ အာမခံချက်တွေထည့်သွင်းဖော်ပြနိုင်ပြီ ဆိုရင် တော့ တည်ငြိမ်အေးချမ်းမှုကတော့ အနည်းအကျဉ်းရသွားနိုင်တယ်။ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံကလည်း ပြန်ပေါ်လာမယ်လို့ ယူဆပါတယ်ဗျ။ ဒါပေမဲ့ ခက်ခက်ခဲခဲတော့ ဖြတ်သန်းရမယ့်သဘောရှိ ပါတယ်။

မေး - နောက်တစ်ချက်က နိုင်ငံထဲမှာက လက်နက်ကိုင်ပဋိပက္ခတွေများတယ်။ ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းကလည်း များတယ်။ (၂၀၂၁) မှာ နစကက အာဏာထိန်းချုပ်ပြီးတဲ့နောက်မှာ ပေါ် ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း များတယ်။ လက်နက်ကိုင်အဖွဲ့တွေ အဲဒီလိုများနေတာ ကြောင့် မြန်မာနိုင်ငံရဲ့အနာဂတ်အခြေအနေက ဘယ်လိုရှိမယ်လို့မြင်လဲဗျ။
ဖြေ - ရိုးရိုးပြောရင်တော့ ကျွန်တော့်အတွေ့အကြုံအရပေါ့လေ။ လက်နက်ကိုင်အဖွဲ့တွေများတယ်ဆို တာက နိုင်ငံရဲ့အနာဂတ်အတွက်တော့ လုံးဝမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်မှာ နိုင်ငံ ရေး အရပြေလည်မှုရသွားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးတော့ ပြည်ထောင်စုအသစ်ကို တည်ဆောက်ရင်တောင်မှ ဒီလောက်ပြန့်ကျဲနေတဲ့ လက်နက်တွေ၊ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို ဆယ်စုနှစ်တစ်ခုလောက် အချိန်ယူပြီးတော့ တဖြည်း ဖြည်းချင်းရှင်းသွားရလိမ့်မယ်လို့ ယူဆတယ်။ ဒီအင်အားကြီးတဲ့အဖွဲ့တွေကတော့ တစ်စုံတစ်ရာငြိမ်သွားနိုင်ပေမယ့် ဥပဒေစိုးမိုးရေးမရှိတဲ့နေရာတွေမှာ ဒီလက်နက်ကိုင်တွေကျန်ခဲ့ရင် ဒီလက်နက်ကိုင်တွေရဲ့ အခက်အခဲကို ဆယ်စုနှစ်နဲ့ချီပြီးတော့ ဖြေရှင်းကြ ရလိမ့်မယ်လို့ ကျွန်တော်တို့ယူဆတယ်။ သို့သော်လည်းပဲ အားလုံးစိတ်စေတနာ မှန်ရင်တော့ (၁၀)နှစ် လောက် ရှင်းသွားရင်တော့ရနိုင်တယ်။ စိတ်စေတနာ မမှန်ဘူး၊ တစ်ဗိုလ်တစ်မင်း နယ်စားပယ်စားလေး တွေ ပေါ်လာရင်တော့ အချိန်က ဆက်ကြာသွားနိုင်တာပေါ့။

မေး - အခုလက်ရှိ နိုင်ငံထဲမှာဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေ၊ ခေါင်းဖြတ်သတ်နေတဲ့ကိစ္စတွေကို တော်တော်များများတွေ့နေရတယ်။ အဲဒီလိုကိစ္စတွေ က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ် လိုထိခိုက်နိုင်လဲ။ ပြီးတော့ နိုင်ငံ့ပုံရိပ်အပေါ်ကော ဘယ်လိုထိခိုက်နိုင်လဲ။
ဖြေ - နိုင်ငံ့ပုံရိပ်အတွက်ရော၊ နိုင်ငံရဲ့ဂုဏ်သိက္ခာပေါ့ အရှေ့တောင်အာရှမှာပဲဖြစ်ဖြစ်၊ အာရှမှာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် ဒီလက်နက်ကိုင်တွေများပြားခြင်းက အန္တရာယ်ကြီးတစ်ခုပါ။ အထူးသဖြင့်တော့ ဘာ လက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူတွေက ဒီဒဏ်ကို အများဆုံးခံရမှာဖြစ်ပါတယ်။ ခံလည်းခံနေကြ ရပါ တယ်။ ဒါကြောင့် ဒီလက်နက်ကိုင်က ဒီဟိုဘက်က လုပ်တယ်၊ ဒီဘက်က လုပ်တယ်လို့ဆိုတာက ခဏ ထား။ လက်နက်ကိုင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ရင့်ကျက်မှုကို ကြည့်ရင်တော့ လက်နက်ကိုင် ပဋိ ပက္ခရဲ့ ဘေးထွက်ဆိုးကျိုးကို အပြစ်မဲ့ပြည်သူတွေမှာတော့ အကုန်လုံးကို ခါးစည်းပြီးခံရမယ့် သဘော ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ အဖြေထွက်လို့ နိုင်ငံရေး လမ်းကြောင်းပြောင်းပြီးတော့ ဥပဒေစိုးမိုး ရေးနဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်သွားရင်တောင်မှ ဒီ လက်နက်ကိုင်အစုအဖွဲ့အငယ်တွေက တော်တော်လေး အချိန်ယူဖြေရှင်းရနိုင်တယ်။ ပြည်သူလူထုက လည်း ပြန်လည်ပြီးတော့ ပြုပြင် ပြောင်း လဲနိုင်တဲ့ အဆင့်ပေါ့ဗျာ။ ပြည်သူလူထုကိုယ်တိုင်က ကိုယ့်ကိုဖိနှိပ်လာတဲ့လက်နက်ကိုင်တွေကို ပြန်ခုခံနိုင်တဲ့အဆင့်ရှိလာရင်တော့ ရှင်းရတာ ပိုမြန်မယ်လို့ ယူဆပါတယ်။

မေး - နောက်တစ်ခုက ဘာလဲဆိုတော့ အခုလတ်တလောမှာ ကမ္ဘာမှာဖြစ်နေတဲ့ကိစ္စနဲ့ ဆက်စပ်တာ ပေါ့။ အခုရက်ပိုင်းအတွင်းမှာ ဆီးရီးယားကိစ္စရှိတယ်။ တချို့က ဘယ်လိုပြောနေလဲဆိုတော့ မြန်မာနိုင်ငံ ကလည်း ဆီးရီးယားလိုပုံစံမျိုးဖြစ်လာနိုင်တယ်လို့ ပြောဆိုတာတွေ၊ သုံးသပ်တာတွေကြားနေရတော့ ဗိုလ်မှူးကြီးရဲ့ အမြင်သဘောထားကကော ဘယ်လို ရှိပါသလဲ။
ဖြေ - ကျွန်တော်မြင်တာတော့ ဆီးရီးယားနဲ့ မြန်မာနဲ့က ထပ်တူမဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးရီးယားမှာ အာဏာရှင် အာဆတ်ဘက်ကနေပြီးတော့ ရုရှားတို့ကကူတယ်။ ထို့အတူပဲ လက်နက် ကိုင်တဲ့ ဆန့်ကျင်တော်လှန်တဲ့ဘက်မှာ တူရကီတို့လို တိုင်းပြည်တွေ၊ ကာ့ဒ်ဆိုရင်လည်း အမေရိကန် ကနေ ကူညီတယ်။ အင်အားစုနောက်မှာ နိုင်ငံအလိုက်၊ နိုင်ငံအလိုက်ပံ့ပိုးတာတွေရှိတော့ backup တွေက အားကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီအာဆတ်ဘက်က အထောက်အကူတွေ၊ အာဆတ်တပ်တွေ စိတ်ဓာတ်ပျက်ပြားတဲ့အချိန်မှာ သူ့ရဲ့ backup တွေပေါ့။ အီရန်ရော၊ ရုရှားရော အား နည်းတဲ့အချိန်မှာ တစ်ဖက်ကအမေရိကန်တို့၊ တူရကီတို့ backup နဲ့လာတဲ့အခါမှာ အသာစီးရသွား တာဖြစ်တယ်။ အခု ကျွန်တော်တို့ဆီမှာကြည့်ရင်တော့ လက်ရှိအစိုးရမှာ က ဘခေုကစ တွေရှိနေတယ်။ တရုတ်ရှိမယ်။ ရုရှားရှိမယ်။ အိမ်နီးချင်းထိုင်းရှိမယ်။ အဲဒီလို backup တွေ ရှိတဲ့အချိန်မှာ လက်နက် ကိုင်ဆန့်ကျင်နေတဲ့ လူတွေ ရဲ့နောက်မှာ ဘယ်တိုင်းပြည်ရှိလဲ။ တိတိကျကျ ရပ်တည်တာ အဲဒါတွေ မတွေ့ဘူးဗျ။ ကာ့ဒ်ကို အမေရိကန်အားပေးသလို အခုဝင်လာတဲ့ သူပုန်အဖွဲ့ကို တူရကီက တိုင်းပြည် အလိုက်ကို အားပေးသလို ကျွန်တော်တို့ဆီမှာ အဲဒီလိုမရှိဘူး။ မရှိတဲ့အခါကျတော့ အဲဒီလိုအခင်းအကျင်း မျိုးကတော့ ထပ်တူတော့ မဖြစ် နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့ အခါကျတော့ အခင်းအကျင်းက နောက်ဆုံးညှိနှိုင်းဆွေးနွေးပြီး တော့ သူမနာ၊ ကိုယ်မနာပေါ့ဗျာ။ သူလည်း ဒုက္ခမရောက်အောင် ကိုယ် လည်းဒုက္ခမရောက်အောင် ညှိသွားမယ့်အခင်းအကျင်းမျိုးကတော့ မြန်မာပြည်မှာ ပိုအလားအလာများ တယ်ဗျ။ ကျွန်တော်တော့ အဲဒီလိုပဲ မြင်ပါတယ်။

မေး - မြန်မာနိုင်ငံထဲမှာရှိတဲ့ တချို့အဖွဲ့တွေက ဆီးရီးယားသူပုန်အဖွဲ့တွေလို အောင်မြင်မှုမျိုး ရရှိနိုင် တယ်လို့ မျှော်လင့်နေကြတာမျိုးရှိပါတယ်။ အဲဒီအပေါ်မှာကော ဗိုလ်မှူးကြီးအနေနဲ့ ဘာမှတ်ချက်ပြု လို့ရမလဲ။
ဖြေ - ကျွန်တော်ထင်တယ် မရနိုင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က သေးတယ်။ သေးတဲ့အပြင်ကို ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းက ပြည်တွင်းရေးပိုဆန်တယ်။ ကျွန်တော်တို့ဆီမှာက နိုင်ငံတစ်နိုင်ငံလောက်က ကျောထောက်နောက်ခံနဲ့ လက်နက်ကိုင်တိုက်နေတဲ့ အင်အားစုက သိပ်မရှိ ဘူး။ ဥပမာ မြောက်ပိုင်းအင်အားစုတွေရှိတယ် ထားတော့။ တရုတ်နဲ့ “ဝ” ကျော ထောက်နောက်ခံ။ တရုတ်နဲ့ “ဝ” ကျောထောက်နောက်ခံအဖွဲ့တွေ ကိုယ်၌က နေပြည်တော်အစိုးရနဲ့ ဆက်ဆံရေးကောင်း တဲ့အချိန်မှာ အဲဒီအင်အားစုတွေကလည်း ညှိနှိုင်းမယ့် စားပွဲဝိုင်းကို ရောက်သွားတယ်။ သူ့ ငါ မောင်း ထုတ်၊ ငါ့သူမောင်းထုတ်ဆိုတဲ့ အခင်းအကျင်းက မဖြစ်နိုင်တော့ဘူး။ ညှိနှိုင်းတဲ့အစဉ်အလာက အကောင်းဆုံး ဖြစ်သွားနိုင်ပါတယ်။

မေး - ဆီးရီးယားလိုတော့ မဖြစ်နိုင်ဘူးပေါ့။
ဖြေ - ဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။

မေး - နောက်ထပ်မေးခွန်းကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့၊ ငြိမ်းချမ်းသွားဖို့အတွက် အဓိကလမ်းစက ဘာဖြစ်မယ်လို့ထင်လဲ။ NCA လား၊ ဒါမှမဟုတ် တခြားဘာရှိသေးလဲ။
ဖြေ - NCA ကတော့ အခြေခံပါ။ ဒါပေမဲ့ NCA ထိုး တဲ့အဖွဲ့တွေတော်တော်များများကလည်း NCA အတိုင်း လိုက်နာတာတော့ မဟုတ်ပါဘူး။ တကယ် လိုက်နာရင်တော့ NCA အောင်မြင်မှုရရင် ငြိမ်းချမ်းမှု က တချို့တစ်ဝက်ရတာပေါ့။ အဲဒီအတိုင်း မလိုက်နာကြတဲ့အတွက် မရတာလည်းဖြစ်ပါတယ်။ နောက် တစ်ခုကလည်း ကျွန်တော်တို့ရဲ့အခြေအနေက တိုင်းရင်းသားတွေကိုမှ ကရင်၊ ကချင်၊ ရှမ်း၊ မွန်၊ ရခိုင် ဒါ တွေက တော်လှန်ရေးလုပ်လာတာ ကြာပြီ။ တစ်ခါတလေ အားနည်းသွားတယ်။ တစ်ခါတလေ အားကြီး လာတယ်။ အခုကတော့ အားကြီးတဲ့အလှည့်ပေါ့။ အားကြီးတဲ့အတွက် အားကြီးသလိုယှဉ်ပြိုင် တိုက် ခိုက်ပြီးတော့ နေရာတချို့၊ နယ်မြေတချို့ သိမ်းနိုင်တာဖြစ်တယ်။ သို့သော်လည်းပဲ ကျွန်တော် ပြောတဲ့ နောက်ဆုံးပေါ်လာတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ နွေဦးအင်အားစုတွေက အစဉ်အလာရော၊ လုပ်ရည် ကိုင်ရည်ရော၊ အတွေ့အကြုံရောက တော်တော်အားနည်းပါ သေးတယ်။ အဲဒီ အားနည်းတဲ့ အပေါ်မှာ ဘယ်လောက်အထိ တိုးတက်ဆောင်ရွက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ။

မေး - ဒီပဋိပက္ခက ဘယ်လောက်အထိ ရှည်နေဦးမယ်လို့ ဗိုလ်မှူးကြီးအနေနဲ့ မြင်မိလဲ။
ဖြေ - ကျွန်တော်ထင်တာတော့ ပဋိပက္ခက မြန်ရင်တော့ (၅)နှစ်ပေါ့ဗျာ။ နှေးရင်တော့ (၁၀)နှစ်ပေါ့။ သို့သော် အဲဒီကြားထဲမှာ တိုးတက်ဖွံ့ဖြိုးမှုရဖို့ကတော့ အခုနကပြောတဲ့ တရားဥပဒေစိုးမိုးရေး rule of law ပြန်ရဖို့၊ နယ်မြေတွေ ပြန်လည်အေးချမ်းဖို့ကတော့ တော်တော်လေးအချိန်ယူရဦးမယ်ဗျ။ (၃)နှစ်၊ (၆)နှစ်လောက် ဖြစ်လာတဲ့ ပဋိပက္ခက (၁၀)နှစ်၊ အနှစ် (၂၀) ရှင်းရမယ့်သဘောဖြစ်ပါတယ်။ ဒါကြောင့် အချိန်ထပ်ကြာသွားမယ့်သဘောလို့ ယူဆတယ်။ အပြီးသတ် တခြားအိမ်နီးနားချင်းနိုင်ငံတွေလို တည် ငြိမ်မှု၊ အေးချမ်းမှု၊ လူမှုဘဝဖွံ့ဖြိုးမှု၊ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှု၊ လွတ်လပ်မှုတွေရဖို့က ကျွန်တော် ထင် တယ် မြန်မာပြည်က (၁၀)နှစ်တော့ အနည်းဆုံး အချိန်ယူရဦးမယ်လို့ ယူဆပါတယ်။

မေး - နောက်တစ်ခုကတော့ ဗိုလ်မှူးကြီးတို့ရဲ့ PNLO/PNLA အကြောင်းပေါ့နော်။ အဲဒါက ဘာလဲဆို တော့ ဗိုလ်မှူးကြီးတို့ကြားမှာ ခွန်သူရိန်အဖွဲ့နဲ့ ဗိုလ်မှူးကြီးတို့ ကွဲသွားတဲ့အခြေအနေရှိတယ်။ အဲဒါ ဘာကြောင့် ကွဲသွားတာလဲ။
ဖြေ - အဲဒါကတော့ ကျွန်တော့်အားနည်းချက်ပါ။ ဘာကြောင့်လဲဆိုတော့ (၂၀ဝ၇)မှာ ခွန်သူရိန်ရဲ့ မိခင် အဖွဲ့အစည်းက ရလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့) ဖြစ်တယ်။ ရလဖ ပြိုကွဲတဲ့ အချိန် မှာ လူ(၁၀ဝ)နဲ့ သံလွင်အရှေ့ကူးပြီးတော့ နယ်စပ်ကိုရောက်လာတယ်။ နယ်စပ်မှာ ကျွန်တော်က အထိုင် ချထားတာတော့ တစ်နှစ်လောက် ကျွန်တော် တို့ဆွေးနွေးပြီးတော့မှ (၂၀ဝ၉) မှာ ကျွန်တော်တို့ အဖွဲ့ တစ်ခု စုဖွဲ့ကြပါတယ်။ အဲဒီအစုအဖွဲ့က အခု PNLO ပေါ့။ ဖွဲ့ပြီးတဲ့နောက်မှာ ခေါင်းဆောင်တွေကို အမျိုး သားခေါင်းဆောင်အဆင့်ဖြစ်အောင်၊ နိုင်ငံရေးခေါင်းဆောင်ဖြစ်အောင် အမျိုးမျိုး train လုပ်ပါတယ်။ အမျိုးမျိုး အလှည့်ပေးတယ်။ ဥက္ကဋ္ဌနေရာကို (၃)နှစ်လောက်ယူတယ်။ နောက်ထပ် ခွန်မြင့်ထွန်း ဥက္ကဋ္ဌ၊ ခွန်သူရိန် ဥက္ကဋ္ဌပေါ့ဗျာ။ ရာသက်ပန်ဥက္ကဋ္ဌစနစ် ကို ဖျက်ပြီးတော့ ကျွန်တော်တို့က အများအားဖြင့်တော့ လူငယ်တွေကို နေရာပေးတယ်။ နိုင်ငံရေးပညာသင် ပေးတာပေါ့ဗျာ။ နောက်ပြီးတော့ နေပြည်တော် ဆွေးနွေးပွဲတွေဆိုရင်လည်း ရှေ့ကနေသွားခိုင်းတယ်။ ဆွေးနွေးခိုင်းတယ်။ နောက်ဒီသံတမန်ခင်း ဆွေး နွေးပွဲတွေရဲ့ နည်းပရိယာယ်ကိုလည်းသိအောင်ပေါ့။ သို့သော်လည်း နောက်ဆုံး (၂၀၂၄) နှစ်ဦးပိုင်းမှာကျ တော့ အလှည့်အပြောင်းလေးတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ ကျွန်တော်တို့လက်ရှိ ဥက္ကဋ္ဌ က နိုင်ငံရေးတွက်ကိန်းလွဲတာပေါ့ဗျာ။ လွဲတာလည်း ပါတာ ပေါ့။ ဆိုလိုတာကတော့ မြောက်ပိုင်းအဖွဲ့ တွေက “ဝ” တို့၊ SSPP တို့ဆိုတာက မိတ်ဆွေအဖွဲ့အစည်းတွေကိုး။ အဲဒီမိတ်ဆွေအဖွဲ့အစည်းတွေက ထိုးစစ်တွေနဲ့ ပလောင်တို့၊ ကိုးကန့်တို့ရဲ့ထိုးစစ်တွေက တောင်ဘက်ကို ဝင်လာလိမ့်မယ်။ တောင်ဘက်ကို ရောက်လာရင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့၊ တောင်ကြီးမြို့နယ်တို့ကို ခြိမ်းခြောက်လာလိမ့်မယ်။ အဲဒီခြိမ်းခြောက်တဲ့အချိန်မှာ မဟာမိတ်ဖြစ်နေတဲ့ ခွန်သူရိန်က ဒီနယ်တွေကသူ့အနေနဲ့ ဝင်ရောက် ကြီးစိုးလို့ရနိုင်မယ်လို့ တွက်လိုက်တာပေါ့ဗျာ။ မြောက်ပိုင်းအားကိုးနဲ့ တွက်လိုက်တော့ သူကလည်းထပြီး တော့ တောင်ဘက်က ကရင်နီ PDF တွေနဲ့ ပေါင်းပြီးတော့ စစ်ရေး ဖော်ဆောင်လိုက်တာပေါ့။ သို့သော် လည်းပဲ တကယ့် လက်တွေ့မှာတော့ မြောက်ပိုင်းအဖွဲ့တွေက တန့်သွားတယ်။ ဆင်းလာလို့မရတော့ဘူး။ ဟိုပုံးမြို့နယ်ထဲတောင်မှ ရောက်ဖို့မလွယ်တော့ဘူး။ အရှိန်တန့်သွားတာပေါ့ဗျာ။ တစ်ဖက်က တရုတ်ရဲ့ ဟန့်တားမှုရော၊ “ဝ” အဖွဲ့ရဲ့ ဟန့်တားမှုရော တိုက်နေတဲ့အဖွဲ့တွေက တန့်သွားတဲ့အခါကျတော့ တောင် ဘက်ကိုမရောက် ဘူးပေါ့။ တောင်ဘက်က အဖွဲ့တွေကလည်း မြောက် ဘက်ကပို့လာတဲ့ လက်နက်ခဲ ယမ်း၊ ထောက်ပို့နဲ့ပဲ စစ်ရေးလှုပ်ရှားရတဲ့အခါကျတော့ မြောက်ဘက်ကနေ မရတဲ့အခါကျတော့ တောင် ပိုင်း လွိုင်ကော်ဘက်မှာရှိတဲ့ အင်အားစုတွေကလည်း စစ်ရေးမှာအရှိန်တော် တော်လေးလျော့သွားတာ ပေါ့။ အဲဒီနှစ်ဖက်လျော့ သွားတဲ့အခါကျတော့ တောင်ပိုင်းက သူအားကိုးတဲ့ အဖွဲ့ကလည်း စစ်ရေးလျော့၊ မြောက်ပိုင်းကလည်း မရောက်တော့ ဥက္ကဋ္ဌ ကြားညပ်သွားတာပေါ့ဗျာ။ သူ့အနေနဲ့ စစ်ရေးကလည်း ကြေညာပြီးပြီ။ စစ်အာဏာရှင်တိုက်မယ်၊ ဖျက်မယ်ဆိုတာလည်း အော်ထားပြီးပြီ။ သို့သော် အားကိုးရတဲ့ တောင်ဘက်မဟာမိတ်၊ မြောက်ဘက်မဟာမိတ်တွေကလည်း မရောက်လာ တော့ဘူး။ နိုင်ငံရေးအခြေအ နေ ပြောင်းသွားတဲ့အခါကျတော့ ပြန်ဝင်လို့လည်းမရ၊ ထွက်သွားလို့လည်းမရ ဆိုတော့ ထိုင်းနယ်စပ်မှာ သွားခိုလှုံနေရတာပေါ့ဗျာ။ အဲဒီမှာ ခိုလှုံနေတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ကတော့ NCA လမ်းကြောင်းက အကောင်းဆုံး၊ NCA လမ်းကြောင်းမှာ ရပ်တည်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ပြည်တွင်းစစ်လည်း မဖြစ် ဘူး။ PDF နဲ့လည်း တွဲဖို့မလိုဘူး။ ကိုယ့်လူမျိုး၊ ကိုယ်အလုပ်အကျွေးပြုနိုင်တဲ့ position ရထားတယ်။ တရားဝင်မှုလည်း ရထားတယ်။ NCA စာချုပ်ရဲ့ အကူအညီအစောင့်အရှောက်နဲ့ ကျွန်တော်တို့က တရား ဝင်နိုင်တဲ့အဖွဲ့ဖြစ်ပါတယ်။ NCA လမ်းကြောင်းကို လိုက်မယ့် PNLO ဆိုပြီးတော့ သီးခြားထပ်မံ ဖွဲ့စည်း လိုက်ရတာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ PNLO ကတော့NCA လမ်းကြောင်းလိုက်မှာဖြစ်တဲ့အတွက် ရန်သူမရှိပါဘူး။ NCA မှာ ရန်သူမရှိဘူး။ အပစ်ရပ်ထားတယ်။ ဒါကြောင့် ဦးအောင်ခမ်းထီတို့ရဲ့ ပြည်သူ့စစ် အဖွဲ့နဲ့လည်း ကျွန်တော်တို့ကရန်သူမဖြစ်ဘူး။ တပ်မတော်နဲ့လည်း ရန်သူမဖြစ်ဘူး။ နေပြည်တော် ဆွေး နွေးအဖွဲ့နဲ့လည်း ကျွန်တော်တို့က ဆွေးနွေးညှိနှိုင်းဖို့အတွက် အခွင့်အလမ်းပွင့်နေပါတယ်။ အဲဒီလို ဖြစ် သွားပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်မယ်ဆိုတဲ့အဖွဲ့ကတော့ ကိုယ့်စကားနဲ့ကိုယ်ပေါ့ဗျာ။ ကျွံပြီးတော့ ထိုင်းနယ်စပ်မှာ ရောက်သွားပြီဖြစ်ပါတယ်။ NCA ကို ပစ်ပယ်တဲ့အဖွဲ့နဲ့ NCA လမ်းကြောင်းလိုက်မယ့် အဖွဲ့ဆိုပြီးတော့ နှစ်ဖွဲ့သဘောထားကွဲသွားတာဖြစ်ပါတယ်ဗျ။ သို့သော်လည်းပဲ တစ်ခုမှတ်ချက်ပေးရမှာ က လက်ရှိ သဘောထားကွဲလွဲမှုမှာ စစ်ရေးပဋိပက္ခတော့ မရှိပါဘူး။

မေး - အခုလိုခွဲထွက်သွားတဲ့ ခွန်သူရိန် PNLA အဖွဲ့က နိုင်ငံအပေါ်ထားတဲ့ စိတ်စေတနာက ဘယ်လိုရှိ လဲ။
ဖြေ - ကျွန်တော် ဝေဖန်ဖို့ခက်ပါတယ်။ ဒါကတော့ သူတို့ဘက်က ခေါင်းဆောင်တွေနဲ့ ကြုံရင်မေးကြည့် ပေါ့။ ကျွန်တော်ကတော့ ကိုယ့်ဆန့်ကျင်ဘက်ဖြစ်သွားလို့ ဝေဖန်တယ်ဆိုရင်တော့ မသင့်တော်ပါဘူး။ သူတို့ရဲ့ ခံယူချက်၊ သူတို့အခွင့်အလမ်းနဲ့ သူတို့ ရှိပါ တယ်။ ကျွန်တော်ဆိုလိုတာကတော့ သူ နိုင်ငံရေး တွက်ကိန်းမှားသွားတယ်လို့ပဲ ဒီလောက်ပဲထောက်ပြ ချင်ပါတယ်။

မေး - နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေကြားမှာ ခွဲထွက်တဲ့ ပြဿနာတွေကို ဒီကာလတွေမှာတွေ့ရတယ်။ အရင်ကာလတွေမှာလည်းရှိခဲ့တာကို တွေ့ရပါတယ်။ အခု နောက်ပိုင်း NMSP ဆိုရင်လည်း ခွဲထွက်သွားတဲ့အဖွဲ့တွေ ရှိတယ်။ ဗိုလ်မှူးကြီးတို့ရဲ့ PNLO မှာလည်း ရှိ တယ်။ ရှိတော့ ဘာကြောင့် ဒီလိုခွဲထွက်တဲ့ ပြဿနာတွေရှိလာတာလဲ။ ရည်မှန်းချက်က ဘာလို့ထင်လဲ။
ဖြေ - အဓိကတော့ ဦးဆောင်မှုပါပဲဗျ။ ဦးဆောင်မှုယူထားတဲ့ ခေါင်းဆောင်တွေက ဆင်ခြင်တုံတရား ဘယ်လောက်ရှိတယ်။ နောက်ပြီးတော့ နိုင်ငံရေး အမြင်၊ နိုင်ငံရေးတွက်ချက်မှု ဘယ်လောက်ရှိလဲ။ ဘယ် လောက်ကျယ်ပြန့်လဲပေါ့။ နိုင်ငံတကာအမြင်၊ ဒေသအမြင်၊ ပြည်တွင်းအမြင်တွေ ကျယ်ပြန့်ဖို့ လိုပါ တယ်။ တချို့က လုံလောက်တဲ့ တွေးခေါ်မြော်မြင်မှု မရှိဘဲနဲ့ ခေါင်းဆောင်တက်ဖြစ်တဲ့သူတွေလည်း ရှိတော့ အဲဒီခေါင်းဆောင်တွေလက်ထဲမှာ အဲဒီလို ကွဲလွဲမှုတွေလည်း ဖြစ်တတ်ပါတယ်ဗျ။ နောက်ပြီး တော့ နိုင်ငံရေးမိုးလေဝသပေါ့ဗျာ။ နိုင်ငံရေးမိုးလေဝသက စစ်အာဏာရှင်ဆန့်ကျင်ရေးလို့ ကြွေးကြော် လိုက်လို့ရှိရင် နိုင်ငံတကာအကူအညီတို့၊ ဘာတို့၊ ညာတို့ ပေါပေါသီသီရမလားဆိုပြီး ယူဆတဲ့သူတွေ လည်းရှိတာပေါ့။ အဲဒီလိုရှိတဲ့အခါကျတော့ အဲဒီမှာ ခေါင်းဆောင်တွေအပေါ် မူတည်တာပေါ့။ တစ်ဦးချင်း အပေါ် မူတည်တယ်။ ရာသီတုပ်ကွေးလိုပေါ့ဗျာ။ နိုင်ငံရေးရာသီအရပေါ်လာတဲ့ကိစ္စတွေပေါ့။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

zawgyi version
ျမန္မာျပည္ဟာ ဆီးရီးယားလို မျဖစ္ႏိုင္ေၾကာင္းနဲ႔ ႏိုင္ငံေရးတြက္ကိန္းမွားသြားတဲ့ ခြန္သူရိန္ အေၾကာင္း (အင္တာဗ်ဴး)
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၈

လက္ရွိ ျမန္မာႏိုင္ငံအတြင္း၌ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားေနလ်က္ရွိသကဲ့သို႔ ကမာၻ႔ႏိုင္ငံ အခ်ိဳ႕တြင္လည္း လက္နက္ကိုင္စစ္ပြဲမ်ား ျဖစ္ပြားေန လ်က္ရွိၾကသည္။ ယခုရက္ပိုင္းအတြင္း၌ ဆီးရီးယား ႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္အေၾကာင္းကိစၥမ်ားကို အားလုံးနီးပါးသိရွိၿပီးျဖစ္မည္ထင္သည္။ ျမန္မာႏိုင္ငံသည္လည္း ဆီးရီးယားႏိုင္ငံကဲ့သို႔ ျဖစ္သြားႏိုင္သည္ဟုလည္း သုံးသပ္ေျပာဆိုေနမႈမ်ားကို ေတြ႕ျမင္ေနရ လ်က္ရွိသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသည္ ဆီးရီးယားႏိုင္ငံကဲ့သို႔ ျဖစ္သြားႏိုင္ျခင္းရွိ၊ မရွိအပါအဝင္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡကိစၥရပ္မ်ား၊ပအိုးဝ္အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO/PNLA) ႏွစ္ ျခမ္းကြဲသြားသည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ NP News က PNLO(NCA-S) ဥကၠ႒၊ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ ဦးေဆာင္အဖြဲ႕(PPST) အဖြဲ႕ဝင္ ဗိုလ္မႉးႀကီး ခြန္ဥကၠာထံ ဆက္သြယ္ေမးျမန္းထားေသာ အခ်က္ အလက္မ်ားကို ျပန္လည္ေဖာ္ျပလိုက္ပါသည္။

ေမး - မဂၤလာပါ ဗိုလ္မႉးႀကီးခြန္ဥကၠာခင္ဗ်။ NP News ကပါ။ ပထမဆုံး လက္ရွိျမန္မာ့ ႏိုင္ငံေရး အခင္း အက်င္းနဲ႔ပတ္သက္လို႔ လက္ရွိအေျခအေနအေပၚ သုံးသပ္ေပးပါဦး။
ေျဖ - တိုတိုေျပာရရင္ေတာ့ လက္ရွိအခင္းအက်င္းကေတာ့ မေကာင္းဘူးေပါ့ဗ်ာ။ အေျခအေနမေကာင္း ဘူးေပါ့။ သို႔ေသာ္လည္းပဲ ဒီအခင္းအက်င္းအတိုင္း ေရရွည္ဆက္သြားလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္မထင္ ဘူး။ အေျပာင္းအလဲေလးေတာ့ ႏွစ္သစ္မွာလာမယ္လို႔ေတာ့ ထင္တာပဲ။ ဒီပုံမွန္အတိုင္း စစ္ေရး၊ ႏိုင္ငံ ေရး၊ စီးပြားေရး အေထြေထြအက်ပ္အတည္းနဲ႔သြားရင္ေတာ့ ကြၽန္ေတာ္တို႔ျပည္သူလူထုက ခံႏိုင္ရည္ရွိ မယ့္ပုံ မေပၚဘူး။ ဒါေၾကာင့္ ေခါင္းေဆာင္ေတြကလည္း စဥ္းစဥ္းစားစားနဲ႔ အေကြ႕အေျပာင္းေျဖေလွ်ာ့မႈ တစ္ခုခု ေပၚလာမယ္လို႔ေတာ့ ေမွ်ာ္လင့္တယ္။

ေမး - ေနာက္တစ္ခုက လက္ရွိျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းစစ္ေရးပဋိပကၡကလည္း ႏွစ္ေပါင္း (၇၀)ေက်ာ္ လာၿပီလို႔ ေျပာလို႔ရတာေပါ့။ ဒီစစ္ေရးပဋိပကၡႀကီးက ဒီေလာက္ရွည္ေနတာရဲ႕ အက်ိဳးဆက္က ဘာ ေၾကာင့္လဲ။
ေျဖ - တကယ္ေတာ့ စစ္ေရးဆိုတာက ဗုံလုံတစ္လွည့္ ငါးပ်ံတစ္လွည့္ လြတ္လပ္ေရးရၿပီးကတည္းက ဗမာ့တပ္မေတာ္ဆိုတာက အင္အားႀကီး၊ ဗဟိုစုဖြဲ႕မႈ႕နဲ႔ ေတာက္ေလွ်ာက္ေပါ့။ တိုင္းရင္းသားနယ္ေျမေတြ မွာ တိုင္းရင္းသားအဖြဲ႕အစည္းေတြအေပၚမွာ အၿမဲတမ္း ႏိုင္လာခဲ့တာေပါ့ဗ်ာ။ ႏွစ္ေပါင္း (၄၀၊ ၆၀)။ အခု က်ေတာ့ သူတို႔အၿမဲတမ္းအေပၚစီးနဲ႔ ႏိုင္လာခဲ့တဲ့ လက္နက္ကိုင္အင္အားစုတစ္ခုက အေပၚစီးမရေတာ့ ဘဲနဲ႔ တန္းတူ၊ ရည္တူယွဥ္ၿပိဳင္တိုက္ခိုက္ရမယ့္အေျခအေန၊ အခုတစ္ခါ တိုင္းရင္းသားအဖြဲ႕ေတြ စစ္ေရးနဲ႔ သက္သက္ပဲၾကည့္မယ္ဆိုရင္ေတာ့ အေပၚစီးျပန္ရလာတဲ့အေျခအေနေပါ့။ အဲဒီလိုေတြ႕ရပါတယ္။ ဒါ ေၾကာင့္ဒါကလည္း စစ္ေရးရဲ႕သေဘာအရ တစ္လွည့္စီျဖစ္တတ္တဲ့အခါက်ေတာ့ ဒါအၿမဲတမ္းေတာ့ လည္း မဟုတ္ပါဘူး။ လြတ္လပ္ေရးရၿပီးကတည္းက ျမန္မာ့ တပ္မေတာ္က အေပၚစီးရလာတာကေန အခုက်ေတာ့ နည္းနည္းေလးခံစစ္စည္းကို ျပန္ေရာက္သြားတဲ့သေဘာမ်ိဳးေတြ႕ရပါတယ္။ ဒါေပမဲ့ တစ္ဖြဲ႕ ကို တစ္ဖြဲ႕၊ အင္အားတစ္ခုကတစ္ခုကို အျပဳတ္တိုက္မယ္ဆိုတာေတာ့ မျဖစ္ေလာက္ဘူး။ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာျဖစ္လည္းမျဖစ္ခဲ့ဘူး။ အဲဒါေၾကာင့္ ဒီလိုသူ႔အလွည့္ကိုယ့္အလွည့္ၿပီးရင္ေတာ့ ဆက္ၿပီးေတာ့ ေခါင္းေဆာင္ေတြကလည္း ေတာ္ေတာ္ေလးကို အေတြ႕အႀကဳံရလာၿပီဆိုေတာ့ ဒီလိုဆက္သြားလို႔ေတာ့ မရဘူး။ ညႇိႏႈိင္းၿပီးေတာ့ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔သြားမွ ျပည္သူလူထု သက္သာမယ္ ဆိုတာကို တြက္ၾကမယ္ လို႔ ကြၽန္ေတာ္ ယူဆတယ္။ ဒါေၾကာင့္ သိပ္မရွည္ဘူးလို႔ေတာ့ ထင္ပါတယ္။

ေမး - လက္ရွိႏိုင္ငံအတြက္ ေ႐ြးေကာက္ပြဲဆိုတာက ထြက္ေပါက္တစ္ခု ျဖစ္လာႏိုင္လား။ အဲဒီမွာ ဗိုလ္မႉး ႀကီးအေနနဲ႔ေကာ ဘယ္လိုအျမင္ရွိပါသလဲ။
ေျဖ - ေ႐ြးေကာက္ပြဲကေတာ့ ထြက္ေပါက္ေတာ့ မဟုတ္ေသးဘူးဗ်။ ဒီတစ္ပြဲတည္းနဲ႔ေပါ့ေလ။ သို႔ေသာ္ လည္းပဲ ထြက္ေပါက္ကိုဦးတည္ေစႏိုင္တဲ့ စမွတ္ေပါ့ဗ်ာ။ လုပ္ရပ္တစ္ခုေတာ့ ျဖစ္ႏိုင္တယ္။ ဒီအတိုင္း နစကက တစ္ဖက္က အုပ္ခ်ဳပ္၊ တစ္ဖက္ကလည္း လက္နက္ေတြနဲ႔တိုက္၊ သူ႔ငါၿဖိဳ ငါ့သူၿဖိဳ အဲဒီဟာက အေျဖမဟုတ္ဘူး။ ဒါေၾကာင့္ အဲဒီအေျဖကိုရဖို႔ အတြက္ တကယ့္ႏိုင္ငံေရးအရထြက္ေပါက္ကို ရဖို႔ အ တြက္ ေ႐ြးေကာက္ပြဲကေတာ့ စတင္လုပ္ေဆာင္ရမယ့္အခ်က္ေပါ့ဗ်ာ။ အခုတစ္ပြဲတည္းနဲ႔ေတာ့ ထြက္ ေပါက္ရသြားတာေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္ အဲဒီလိုယူဆပါတယ္။

ေမး - ဗိုလ္မႉးႀကီးေျပာသလို ေ႐ြးေကာက္ပြဲကေတာ့ ထြက္ေပါက္အတြက္ စမွတ္ေလးတစ္ခုေပါ့။ ၿပီးရင္ အစိုးရသစ္တစ္ရပ္လာမယ္။ အဲဒီအစိုးရအသစ္က ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေတြကို ရပ္စဲသြားဖို႔၊ ခ်ဳပ္ၿငိမ္း သြားဖို႔ ဘာေတြလုပ္ႏိုင္မယ္ထင္လဲ။
ေျဖ - အဲဒါကလည္း ခက္ခက္ခဲခဲေတာ့သြားရမယ့္သေဘာရွိတယ္ဗ်။ ဘာေတြလုပ္ရမလဲဆိုေတာ့ ခ်ဳပ္ၿငိမ္းသြားဖို႔အတြက္ သူႀကိဳးပမ္းတဲ့ေနရာမွာ ႏိုင္ ငံေရးအရ ညႇိႏႈိင္းေဆြးေႏြးပြဲေတြကို ဆက္ၿပီးဦး ေဆာင္သြားရမွာျဖစ္တယ္။ ႏိုင္ငံေရးအရလူမ်ိဳး အလိုက္၊ ျပည္နယ္အလိုက္ ရသင့္ရထိုက္တဲ့အခြင့္အေရး ေတြကို အာမခံခ်က္ရွိမယ္။ အဲဒီအာမခံခ်က္ ကလည္း ဥပေဒနဲ႔အညီ ျဖစ္မယ္။ အဲဒီဥပေဒကလည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒကဲ့သို႔ ႏိုင္ငံရဲ႕အျမင့္ဆုံး ဥပေဒမွာ အာမခံခ်က္ေတြထည့္သြင္းေဖာ္ျပႏိုင္ၿပီ ဆိုရင္ ေတာ့ တည္ၿငိမ္ေအးခ်မ္းမႈကေတာ့ အနည္းအက်ဥ္းရသြားႏိုင္တယ္။ လိုခ်င္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု ပုံစံကလည္း ျပန္ေပၚလာမယ္လို႔ ယူဆပါတယ္ဗ်။ ဒါေပမဲ့ ခက္ခက္ခဲခဲေတာ့ ျဖတ္သန္းရမယ့္သေဘာရွိ ပါတယ္။

ေမး - ေနာက္တစ္ခ်က္က ႏိုင္ငံထဲမွာက လက္နက္ကိုင္ပဋိပကၡေတြမ်ားတယ္။ ၿပီးေတာ့ လက္နက္ကိုင္ အဖြဲ႕အစည္းေပါင္းကလည္း မ်ားတယ္။ (၂၀၂၁) မွာ နစကက အာဏာထိန္းခ်ဳပ္ၿပီးတဲ့ေနာက္မွာ ေပၚ ေပါက္လာတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကလည္း မ်ားတယ္။ လက္နက္ကိုင္အဖြဲ႕ေတြ အဲဒီလိုမ်ားေနတာ ေၾကာင့္ ျမန္မာႏိုင္ငံရဲ႕အနာဂတ္အေျခအေနက ဘယ္လိုရွိမယ္လို႔ျမင္လဲဗ်။
ေျဖ - ႐ိုး႐ိုးေျပာရင္ေတာ့ ကြၽန္ေတာ့္အေတြ႕အႀကဳံအရေပါ့ေလ။ လက္နက္ကိုင္အဖြဲ႕ေတြမ်ားတယ္ဆို တာက ႏိုင္ငံရဲ႕အနာဂတ္အတြက္ေတာ့ လုံးဝမေကာင္းပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ခ်ိန္မွာ ႏိုင္ငံ ေရး အရေျပလည္မႈရသြားတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အတည္ျပဳၿပီးေတာ့ ျပည္ေထာင္စုအသစ္ကို တည္ေဆာက္ရင္ေတာင္မွ ဒီေလာက္ျပန႔္က်ဲေနတဲ့ လက္နက္ေတြ၊ ျပန႔္က်ဲေနတဲ့ အင္အားစုေတြကို ဆယ္စုႏွစ္တစ္ခုေလာက္ အခ်ိန္ယူၿပီးေတာ့ တျဖည္း ျဖည္းခ်င္းရွင္းသြားရလိမ့္မယ္လို႔ ယူဆတယ္။ ဒီအင္အားႀကီးတဲ့အဖြဲ႕ေတြကေတာ့ တစ္စုံတစ္ရာၿငိမ္သြားႏိုင္ေပမယ့္ ဥပေဒစိုးမိုးေရးမရွိတဲ့ေနရာေတြမွာ ဒီလက္နက္ကိုင္ေတြက်န္ခဲ့ရင္ ဒီလက္နက္ကိုင္ေတြရဲ႕ အခက္အခဲကို ဆယ္စုႏွစ္နဲ႔ခ်ီၿပီးေတာ့ ေျဖရွင္းၾက ရလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ယူဆတယ္။ သို႔ေသာ္လည္းပဲ အားလုံးစိတ္ေစတနာ မွန္ရင္ေတာ့ (၁၀)ႏွစ္ ေလာက္ ရွင္းသြားရင္ေတာ့ရႏိုင္တယ္။ စိတ္ေစတနာ မမွန္ဘူး၊ တစ္ဗိုလ္တစ္မင္း နယ္စားပယ္စားေလး ေတြ ေပၚလာရင္ေတာ့ အခ်ိန္က ဆက္ၾကာသြားႏိုင္တာေပါ့။

ေမး - အခုလက္ရွိ ႏိုင္ငံထဲမွာျဖစ္ပ်က္ေနတဲ့ အၾကမ္းဖက္မႈေတြ၊ ေခါင္းျဖတ္သတ္ေနတဲ့ကိစၥေတြကို ေတာ္ေတာ္မ်ားမ်ားေတြ႕ေနရတယ္။ အဲဒီလိုကိစၥေတြ က အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ ဘယ္ လိုထိခိုက္ႏိုင္လဲ။ ၿပီးေတာ့ ႏိုင္ငံ့ပုံရိပ္အေပၚေကာ ဘယ္လိုထိခိုက္ႏိုင္လဲ။
ေျဖ - ႏိုင္ငံ့ပုံရိပ္အတြက္ေရာ၊ ႏိုင္ငံရဲ႕ဂုဏ္သိကၡာေပါ့ အေရွ႕ေတာင္အာရွမွာပဲျဖစ္ျဖစ္၊ အာရွမွာပဲျဖစ္ျဖစ္၊ ကမာၻမွာပဲျဖစ္ျဖစ္ ဒီလက္နက္ကိုင္ေတြမ်ားျပားျခင္းက အႏၲရာယ္ႀကီးတစ္ခုပါ။ အထူးသျဖင့္ေတာ့ ဘာ လက္နက္မွမရွိတဲ့ အျပစ္မဲ့ျပည္သူေတြက ဒီဒဏ္ကို အမ်ားဆုံးခံရမွာျဖစ္ပါတယ္။ ခံလည္းခံေနၾက ရပါ တယ္။ ဒါေၾကာင့္ ဒီလက္နက္ကိုင္က ဒီဟိုဘက္က လုပ္တယ္၊ ဒီဘက္က လုပ္တယ္လို႔ဆိုတာက ခဏ ထား။ လက္နက္ကိုင္ေတြရဲ႕ ႏိုင္ငံေရးရည္မွန္းခ်က္နဲ႔ ရင့္က်က္မႈကို ၾကည့္ရင္ေတာ့ လက္နက္ကိုင္ ပဋိ ပကၡရဲ႕ ေဘးထြက္ဆိုးက်ိဳးကို အျပစ္မဲ့ျပည္သူေတြမွာေတာ့ အကုန္လုံးကို ခါးစည္းၿပီးခံရမယ့္ သေဘာ ရွိပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေရးအရ အေျဖထြက္လို႔ ႏိုင္ငံေရး လမ္းေၾကာင္းေျပာင္းၿပီးေတာ့ ဥပေဒစိုးမိုး ေရးနဲ႔ ဖြဲ႕ စည္းပုံအေျခခံဥပေဒနဲ႔ အုပ္ခ်ဳပ္သြားရင္ေတာင္မွ ဒီ လက္နက္ကိုင္အစုအဖြဲ႕အငယ္ေတြက ေတာ္ေတာ္ေလး အခ်ိန္ယူေျဖရွင္းရႏိုင္တယ္။ ျပည္သူလူထုက လည္း ျပန္လည္ၿပီးေတာ့ ျပဳျပင္ ေျပာင္း လဲႏိုင္တဲ့ အဆင့္ေပါ့ဗ်ာ။ ျပည္သူလူထုကိုယ္တိုင္က ကိုယ့္ကိုဖိႏွိပ္လာတဲ့လက္နက္ကိုင္ေတြကို ျပန္ခုခံႏိုင္တဲ့အဆင့္ရွိလာရင္ေတာ့ ရွင္းရတာ ပိုျမန္မယ္လို႔ ယူဆပါတယ္။

ေမး - ေနာက္တစ္ခုက ဘာလဲဆိုေတာ့ အခုလတ္တေလာမွာ ကမာၻမွာျဖစ္ေနတဲ့ကိစၥနဲ႔ ဆက္စပ္တာ ေပါ့။ အခုရက္ပိုင္းအတြင္းမွာ ဆီးရီးယားကိစၥရွိတယ္။ တခ်ိဳ႕က ဘယ္လိုေျပာေနလဲဆိုေတာ့ ျမန္မာႏိုင္ငံ ကလည္း ဆီးရီးယားလိုပုံစံမ်ိဳးျဖစ္လာႏိုင္တယ္လို႔ ေျပာဆိုတာေတြ၊ သုံးသပ္တာေတြၾကားေနရေတာ့ ဗိုလ္မႉးႀကီးရဲ႕ အျမင္သေဘာထားကေကာ ဘယ္လို ရွိပါသလဲ။
ေျဖ - ကြၽန္ေတာ္ျမင္တာေတာ့ ဆီးရီးယားနဲ႔ ျမန္မာနဲ႔က ထပ္တူမျဖစ္ႏိုင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဆီးရီးယားမွာ အာဏာရွင္ အာဆတ္ဘက္ကေနၿပီးေတာ့ ႐ုရွားတို႔ကကူတယ္။ ထို႔အတူပဲ လက္နက္ ကိုင္တဲ့ ဆန႔္က်င္ေတာ္လွန္တဲ့ဘက္မွာ တူရကီတို႔လို တိုင္းျပည္ေတြ၊ ကာ့ဒ္ဆိုရင္လည္း အေမရိကန္ ကေန ကူညီတယ္။ အင္အားစုေနာက္မွာ ႏိုင္ငံအလိုက္၊ ႏိုင္ငံအလိုက္ပံ့ပိုးတာေတြရွိေတာ့ backup ေတြက အားေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ ဒါေၾကာင့္ ဒီအာဆတ္ဘက္က အေထာက္အကူေတြ၊ အာဆတ္တပ္ေတြ စိတ္ဓာတ္ပ်က္ျပားတဲ့အခ်ိန္မွာ သူ႔ရဲ႕ backup ေတြေပါ့။ အီရန္ေရာ၊ ႐ုရွားေရာ အား နည္းတဲ့အခ်ိန္မွာ တစ္ဖက္ကအေမရိကန္တို႔၊ တူရကီတို႔ backup နဲ႔လာတဲ့အခါမွာ အသာစီးရသြား တာျဖစ္တယ္။ အခု ကြၽန္ေတာ္တို႔ဆီမွာၾကည့္ရင္ေတာ့ လက္ရွိအစိုးရမွာ က ဘေခုကစ ေတြရွိေနတယ္။ တ႐ုတ္ရွိမယ္။ ႐ုရွားရွိမယ္။ အိမ္နီးခ်င္းထိုင္းရွိမယ္။ အဲဒီလို backup ေတြ ရွိတဲ့အခ်ိန္မွာ လက္နက္ ကိုင္ဆန႔္က်င္ေနတဲ့ လူေတြ ရဲ႕ေနာက္မွာ ဘယ္တိုင္းျပည္ရွိလဲ။ တိတိက်က် ရပ္တည္တာ အဲဒါေတြ မေတြ႕ဘူးဗ်။ ကာ့ဒ္ကို အေမရိကန္အားေပးသလို အခုဝင္လာတဲ့ သူပုန္အဖြဲ႕ကို တူရကီက တိုင္းျပည္ အလိုက္ကို အားေပးသလို ကြၽန္ေတာ္တို႔ဆီမွာ အဲဒီလိုမရွိဘူး။ မရွိတဲ့အခါက်ေတာ့ အဲဒီလိုအခင္းအက်င္း မ်ိဳးကေတာ့ ထပ္တူေတာ့ မျဖစ္ ႏိုင္ဘူး။ လုံးဝမျဖစ္ႏိုင္ဘူး။ မျဖစ္ႏိုင္တဲ့ အခါက်ေတာ့ အခင္းအက်င္းက ေနာက္ဆုံးညႇိႏႈိင္းေဆြးေႏြးၿပီး ေတာ့ သူမနာ၊ ကိုယ္မနာေပါ့ဗ်ာ။ သူလည္း ဒုကၡမေရာက္ေအာင္ ကိုယ္ လည္းဒုကၡမေရာက္ေအာင္ ညႇိသြားမယ့္အခင္းအက်င္းမ်ိဳးကေတာ့ ျမန္မာျပည္မွာ ပိုအလားအလာမ်ား တယ္ဗ်။ ကြၽန္ေတာ္ေတာ့ အဲဒီလိုပဲ ျမင္ပါတယ္။

ေမး - ျမန္မာႏိုင္ငံထဲမွာရွိတဲ့ တခ်ိဳ႕အဖြဲ႕ေတြက ဆီးရီးယားသူပုန္အဖြဲ႕ေတြလို ေအာင္ျမင္မႈမ်ိဳး ရရွိႏိုင္ တယ္လို႔ ေမွ်ာ္လင့္ေနၾကတာမ်ိဳးရွိပါတယ္။ အဲဒီအေပၚမွာေကာ ဗိုလ္မႉးႀကီးအေနနဲ႔ ဘာမွတ္ခ်က္ျပဳ လို႔ရမလဲ။
ေျဖ - ကြၽန္ေတာ္ထင္တယ္ မရႏိုင္ဘူးဗ်။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ တိုင္းျပည္က ေသးတယ္။ ေသးတဲ့အျပင္ကို ျဖစ္ေပၚလာတဲ့ သမိုင္းေၾကာင္းက ျပည္တြင္းေရးပိုဆန္တယ္။ ကြၽန္ေတာ္တို႔ဆီမွာက ႏိုင္ငံတစ္ႏိုင္ငံေလာက္က ေက်ာေထာက္ေနာက္ခံနဲ႔ လက္နက္ကိုင္တိုက္ေနတဲ့ အင္အားစုက သိပ္မရွိ ဘူး။ ဥပမာ ေျမာက္ပိုင္းအင္အားစုေတြရွိတယ္ ထားေတာ့။ တ႐ုတ္နဲ႔ “ဝ” ေက်ာ ေထာက္ေနာက္ခံ။ တ႐ုတ္နဲ႔ “ဝ” ေက်ာေထာက္ေနာက္ခံအဖြဲ႕ေတြ ကိုယ္၌က ေနျပည္ေတာ္အစိုးရနဲ႔ ဆက္ဆံေရးေကာင္း တဲ့အခ်ိန္မွာ အဲဒီအင္အားစုေတြကလည္း ညႇိႏႈိင္းမယ့္ စားပြဲဝိုင္းကို ေရာက္သြားတယ္။ သူ႔ ငါ ေမာင္း ထုတ္၊ ငါ့သူေမာင္းထုတ္ဆိုတဲ့ အခင္းအက်င္းက မျဖစ္ႏိုင္ေတာ့ဘူး။ ညႇိႏႈိင္းတဲ့အစဥ္အလာက အေကာင္းဆုံး ျဖစ္သြားႏိုင္ပါတယ္။

ေမး - ဆီးရီးယားလိုေတာ့ မျဖစ္ႏိုင္ဘူးေပါ့။
ေျဖ - ျဖစ္ႏိုင္ဘူး။ လုံးဝကို မျဖစ္ႏိုင္ဘူး။

ေမး - ေနာက္ထပ္ေမးခြန္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းသြားဖို႔၊ ၿငိမ္းခ်မ္းသြားဖို႔အတြက္ အဓိကလမ္းစက ဘာျဖစ္မယ္လို႔ထင္လဲ။ NCA လား၊ ဒါမွမဟုတ္ တျခားဘာရွိေသးလဲ။
ေျဖ - NCA ကေတာ့ အေျခခံပါ။ ဒါေပမဲ့ NCA ထိုး တဲ့အဖြဲ႕ေတြေတာ္ေတာ္မ်ားမ်ားကလည္း NCA အတိုင္း လိုက္နာတာေတာ့ မဟုတ္ပါဘူး။ တကယ္ လိုက္နာရင္ေတာ့ NCA ေအာင္ျမင္မႈရရင္ ၿငိမ္းခ်မ္းမႈ က တခ်ိဳ႕တစ္ဝက္ရတာေပါ့။ အဲဒီအတိုင္း မလိုက္နာၾကတဲ့အတြက္ မရတာလည္းျဖစ္ပါတယ္။ ေနာက္ တစ္ခုကလည္း ကြၽန္ေတာ္တို႔ရဲ႕အေျခအေနက တိုင္းရင္းသားေတြကိုမွ ကရင္၊ ကခ်င္၊ ရွမ္း၊ မြန္၊ ရခိုင္ ဒါ ေတြက ေတာ္လွန္ေရးလုပ္လာတာ ၾကာၿပီ။ တစ္ခါတေလ အားနည္းသြားတယ္။ တစ္ခါတေလ အားႀကီး လာတယ္။ အခုကေတာ့ အားႀကီးတဲ့အလွည့္ေပါ့။ အားႀကီးတဲ့အတြက္ အားႀကီးသလိုယွဥ္ၿပိဳင္ တိုက္ ခိုက္ၿပီးေတာ့ ေနရာတခ်ိဳ႕၊ နယ္ေျမတခ်ိဳ႕ သိမ္းႏိုင္တာျဖစ္တယ္။ သို႔ေသာ္လည္းပဲ ကြၽန္ေတာ္ ေျပာတဲ့ ေနာက္ဆုံးေပၚလာတဲ့ ဒီမိုကေရစီအင္အားစုေတြ၊ ေႏြဦးအင္အားစုေတြက အစဥ္အလာေရာ၊ လုပ္ရည္ ကိုင္ရည္ေရာ၊ အေတြ႕အႀကဳံေရာက ေတာ္ေတာ္အားနည္းပါ ေသးတယ္။ အဲဒီ အားနည္းတဲ့ အေပၚမွာ ဘယ္ေလာက္အထိ တိုးတက္ေဆာင္႐ြက္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာေပါ့ဗ်ာ။

ေမး - ဒီပဋိပကၡက ဘယ္ေလာက္အထိ ရွည္ေနဦးမယ္လို႔ ဗိုလ္မႉးႀကီးအေနနဲ႔ ျမင္မိလဲ။
ေျဖ - ကြၽန္ေတာ္ထင္တာေတာ့ ပဋိပကၡက ျမန္ရင္ေတာ့ (၅)ႏွစ္ေပါ့ဗ်ာ။ ေႏွးရင္ေတာ့ (၁၀)ႏွစ္ေပါ့။ သို႔ေသာ္ အဲဒီၾကားထဲမွာ တိုးတက္ဖြံ႕ၿဖိဳးမႈရဖို႔ကေတာ့ အခုနကေျပာတဲ့ တရားဥပေဒစိုးမိုးေရး rule of law ျပန္ရဖို႔၊ နယ္ေျမေတြ ျပန္လည္ေအးခ်မ္းဖို႔ကေတာ့ ေတာ္ေတာ္ေလးအခ်ိန္ယူရဦးမယ္ဗ်။ (၃)ႏွစ္၊ (၆)ႏွစ္ေလာက္ ျဖစ္လာတဲ့ ပဋိပကၡက (၁၀)ႏွစ္၊ အႏွစ္ (၂၀) ရွင္းရမယ့္သေဘာျဖစ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ထပ္ၾကာသြားမယ့္သေဘာလို႔ ယူဆတယ္။ အၿပီးသတ္ တျခားအိမ္နီးနားခ်င္းႏိုင္ငံေတြလို တည္ ၿငိမ္မႈ၊ ေအးခ်မ္းမႈ၊ လူမႈဘဝဖြံ႕ၿဖိဳးမႈ၊ ႏိုင္ငံသားေတြရဲ႕ ေပ်ာ္႐ႊင္မႈ၊ လြတ္လပ္မႈေတြရဖို႔က ကြၽန္ေတာ္ ထင္ တယ္ ျမန္မာျပည္က (၁၀)ႏွစ္ေတာ့ အနည္းဆုံး အခ်ိန္ယူရဦးမယ္လို႔ ယူဆပါတယ္။

ေမး - ေနာက္တစ္ခုကေတာ့ ဗိုလ္မႉးႀကီးတို႔ရဲ႕ PNLO/PNLA အေၾကာင္းေပါ့ေနာ္။ အဲဒါက ဘာလဲဆို ေတာ့ ဗိုလ္မႉးႀကီးတို႔ၾကားမွာ ခြန္သူရိန္အဖြဲ႕နဲ႔ ဗိုလ္မႉးႀကီးတို႔ ကြဲသြားတဲ့အေျခအေနရွိတယ္။ အဲဒါ ဘာေၾကာင့္ ကြဲသြားတာလဲ။
ေျဖ - အဲဒါကေတာ့ ကြၽန္ေတာ့္အားနည္းခ်က္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ (၂၀ဝ၇)မွာ ခြန္သူရိန္ရဲ႕ မိခင္ အဖြဲ႕အစည္းက ရလဖ (ရွမ္းျပည္လူမ်ိဳးေပါင္းစုံလြတ္ေျမာက္ေရးအဖြဲ႕) ျဖစ္တယ္။ ရလဖ ၿပိဳကြဲတဲ့ အခ်ိန္ မွာ လူ(၁၀ဝ)နဲ႔ သံလြင္အေရွ႕ကူးၿပီးေတာ့ နယ္စပ္ကိုေရာက္လာတယ္။ နယ္စပ္မွာ ကြၽန္ေတာ္က အထိုင္ ခ်ထားတာေတာ့ တစ္ႏွစ္ေလာက္ ကြၽန္ေတာ္ တို႔ေဆြးေႏြးၿပီးေတာ့မွ (၂၀ဝ၉) မွာ ကြၽန္ေတာ္တို႔ အဖြဲ႕ တစ္ခု စုဖြဲ႕ၾကပါတယ္။ အဲဒီအစုအဖြဲ႕က အခု PNLO ေပါ့။ ဖြဲ႕ၿပီးတဲ့ေနာက္မွာ ေခါင္းေဆာင္ေတြကို အမ်ိဳး သားေခါင္းေဆာင္အဆင့္ျဖစ္ေအာင္၊ ႏိုင္ငံေရးေခါင္းေဆာင္ျဖစ္ေအာင္ အမ်ိဳးမ်ိဳး train လုပ္ပါတယ္။ အမ်ိဳးမ်ိဳး အလွည့္ေပးတယ္။ ဥကၠ႒ေနရာကို (၃)ႏွစ္ေလာက္ယူတယ္။ ေနာက္ထပ္ ခြန္ျမင့္ထြန္း ဥကၠ႒၊ ခြန္သူရိန္ ဥကၠ႒ေပါ့ဗ်ာ။ ရာသက္ပန္ဥကၠ႒စနစ္ ကို ဖ်က္ၿပီးေတာ့ ကြၽန္ေတာ္တို႔က အမ်ားအားျဖင့္ေတာ့ လူငယ္ေတြကို ေနရာေပးတယ္။ ႏိုင္ငံေရးပညာသင္ ေပးတာေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ ေနျပည္ေတာ္ ေဆြးေႏြးပြဲေတြဆိုရင္လည္း ေရွ႕ကေနသြားခိုင္းတယ္။ ေဆြးေႏြးခိုင္းတယ္။ ေနာက္ဒီသံတမန္ခင္း ေဆြး ေႏြးပြဲေတြရဲ႕ နည္းပရိယာယ္ကိုလည္းသိေအာင္ေပါ့။ သို႔ေသာ္လည္း ေနာက္ဆုံး (၂၀၂၄) ႏွစ္ဦးပိုင္းမွာက် ေတာ့ အလွည့္အေျပာင္းေလးေတြ ျဖစ္လာတယ္။ ျဖစ္လာတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔လက္ရွိ ဥကၠ႒ က ႏိုင္ငံေရးတြက္ကိန္းလြဲတာေပါ့ဗ်ာ။ လြဲတာလည္း ပါတာ ေပါ့။ ဆိုလိုတာကေတာ့ ေျမာက္ပိုင္းအဖြဲ႕ ေတြက “ဝ” တို႔၊ SSPP တို႔ဆိုတာက မိတ္ေဆြအဖြဲ႕အစည္းေတြကိုး။ အဲဒီမိတ္ေဆြအဖြဲ႕အစည္းေတြက ထိုးစစ္ေတြနဲ႔ ပေလာင္တို႔၊ ကိုးကန႔္တို႔ရဲ႕ထိုးစစ္ေတြက ေတာင္ဘက္ကို ဝင္လာလိမ့္မယ္။ ေတာင္ဘက္ကို ေရာက္လာရင္ ဟိုပုံးၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္တို႔၊ ေတာင္ႀကီးၿမိဳ႕နယ္တို႔ကို ၿခိမ္းေျခာက္လာလိမ့္မယ္။ အဲဒီၿခိမ္းေျခာက္တဲ့အခ်ိန္မွာ မဟာမိတ္ျဖစ္ေနတဲ့ ခြန္သူရိန္က ဒီနယ္ေတြကသူ႔အေနနဲ႔ ဝင္ေရာက္ ႀကီးစိုးလို႔ရႏိုင္မယ္လို႔ တြက္လိုက္တာေပါ့ဗ်ာ။ ေျမာက္ပိုင္းအားကိုးနဲ႔ တြက္လိုက္ေတာ့ သူကလည္းထၿပီး ေတာ့ ေတာင္ဘက္က ကရင္နီ PDF ေတြနဲ႔ ေပါင္းၿပီးေတာ့ စစ္ေရး ေဖာ္ေဆာင္လိုက္တာေပါ့။ သို႔ေသာ္ လည္းပဲ တကယ့္ လက္ေတြ႕မွာေတာ့ ေျမာက္ပိုင္းအဖြဲ႕ေတြက တန႔္သြားတယ္။ ဆင္းလာလို႔မရေတာ့ဘူး။ ဟိုပုံးၿမိဳ႕နယ္ထဲေတာင္မွ ေရာက္ဖို႔မလြယ္ေတာ့ဘူး။ အရွိန္တန႔္သြားတာေပါ့ဗ်ာ။ တစ္ဖက္က တ႐ုတ္ရဲ႕ ဟန႔္တားမႈေရာ၊ “ဝ” အဖြဲ႕ရဲ႕ ဟန႔္တားမႈေရာ တိုက္ေနတဲ့အဖြဲ႕ေတြက တန႔္သြားတဲ့အခါက်ေတာ့ ေတာင္ ဘက္ကိုမေရာက္ ဘူးေပါ့။ ေတာင္ဘက္က အဖြဲ႕ေတြကလည္း ေျမာက္ ဘက္ကပို႔လာတဲ့ လက္နက္ခဲ ယမ္း၊ ေထာက္ပို႔နဲ႔ပဲ စစ္ေရးလႈပ္ရွားရတဲ့အခါက်ေတာ့ ေျမာက္ဘက္ကေန မရတဲ့အခါက်ေတာ့ ေတာင္ ပိုင္း လြိဳင္ေကာ္ဘက္မွာရွိတဲ့ အင္အားစုေတြကလည္း စစ္ေရးမွာအရွိန္ေတာ္ ေတာ္ေလးေလ်ာ့သြားတာ ေပါ့။ အဲဒီႏွစ္ဖက္ေလ်ာ့ သြားတဲ့အခါက်ေတာ့ ေတာင္ပိုင္းက သူအားကိုးတဲ့ အဖြဲ႕ကလည္း စစ္ေရးေလ်ာ့၊ ေျမာက္ပိုင္းကလည္း မေရာက္ေတာ့ ဥကၠ႒ ၾကားညပ္သြားတာေပါ့ဗ်ာ။ သူ႔အေနနဲ႔ စစ္ေရးကလည္း ေၾကညာၿပီးၿပီ။ စစ္အာဏာရွင္တိုက္မယ္၊ ဖ်က္မယ္ဆိုတာလည္း ေအာ္ထားၿပီးၿပီ။ သို႔ေသာ္ အားကိုးရတဲ့ ေတာင္ဘက္မဟာမိတ္၊ ေျမာက္ဘက္မဟာမိတ္ေတြကလည္း မေရာက္လာ ေတာ့ဘူး။ ႏိုင္ငံေရးအေျခအ ေန ေျပာင္းသြားတဲ့အခါက်ေတာ့ ျပန္ဝင္လို႔လည္းမရ၊ ထြက္သြားလို႔လည္းမရ ဆိုေတာ့ ထိုင္းနယ္စပ္မွာ သြားခိုလႈံေနရတာေပါ့ဗ်ာ။ အဲဒီမွာ ခိုလႈံေနတဲ့အခ်ိန္မွာ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ NCA လမ္းေၾကာင္းက အေကာင္းဆုံး၊ NCA လမ္းေၾကာင္းမွာ ရပ္တည္ျခင္းအားျဖင့္ ကြၽန္ေတာ္တို႔ဟာ ျပည္တြင္းစစ္လည္း မျဖစ္ ဘူး။ PDF နဲ႔လည္း တြဲဖို႔မလိုဘူး။ ကိုယ့္လူမ်ိဳး၊ ကိုယ္အလုပ္အေကြၽးျပဳႏိုင္တဲ့ position ရထားတယ္။ တရားဝင္မႈလည္း ရထားတယ္။ NCA စာခ်ဳပ္ရဲ႕ အကူအညီအေစာင့္အေရွာက္နဲ႔ ကြၽန္ေတာ္တို႔က တရား ဝင္ႏိုင္တဲ့အဖြဲ႕ျဖစ္ပါတယ္။ NCA လမ္းေၾကာင္းကို လိုက္မယ့္ PNLO ဆိုၿပီးေတာ့ သီးျခားထပ္မံ ဖြဲ႕စည္း လိုက္ရတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အဲဒီ PNLO ကေတာ့NCA လမ္းေၾကာင္းလိုက္မွာျဖစ္တဲ့အတြက္ ရန္သူမရွိပါဘူး။ NCA မွာ ရန္သူမရွိဘူး။ အပစ္ရပ္ထားတယ္။ ဒါေၾကာင့္ ဦးေအာင္ခမ္းထီတို႔ရဲ႕ ျပည္သူ႔စစ္ အဖြဲ႕နဲ႔လည္း ကြၽန္ေတာ္တို႔ကရန္သူမျဖစ္ဘူး။ တပ္မေတာ္နဲ႔လည္း ရန္သူမျဖစ္ဘူး။ ေနျပည္ေတာ္ ေဆြး ေႏြးအဖြဲ႕နဲ႔လည္း ကြၽန္ေတာ္တို႔က ေဆြးေႏြးညႇိႏႈိင္းဖို႔အတြက္ အခြင့္အလမ္းပြင့္ေနပါတယ္။ အဲဒီလို ျဖစ္ သြားၿပီးေတာ့ စစ္အာဏာရွင္ဆန႔္က်င္မယ္ဆိုတဲ့အဖြဲ႕ကေတာ့ ကိုယ့္စကားနဲ႔ကိုယ္ေပါ့ဗ်ာ။ ကြၽံၿပီးေတာ့ ထိုင္းနယ္စပ္မွာ ေရာက္သြားၿပီျဖစ္ပါတယ္။ NCA ကို ပစ္ပယ္တဲ့အဖြဲ႕နဲ႔ NCA လမ္းေၾကာင္းလိုက္မယ့္ အဖြဲ႕ဆိုၿပီးေတာ့ ႏွစ္ဖြဲ႕သေဘာထားကြဲသြားတာျဖစ္ပါတယ္ဗ်။ သို႔ေသာ္လည္းပဲ တစ္ခုမွတ္ခ်က္ေပးရမွာ က လက္ရွိ သေဘာထားကြဲလြဲမႈမွာ စစ္ေရးပဋိပကၡေတာ့ မရွိပါဘူး။

ေမး - အခုလိုခြဲထြက္သြားတဲ့ ခြန္သူရိန္ PNLA အဖြဲ႕က ႏိုင္ငံအေပၚထားတဲ့ စိတ္ေစတနာက ဘယ္လိုရွိ လဲ။
ေျဖ - ကြၽန္ေတာ္ ေဝဖန္ဖို႔ခက္ပါတယ္။ ဒါကေတာ့ သူတို႔ဘက္က ေခါင္းေဆာင္ေတြနဲ႔ ႀကဳံရင္ေမးၾကည့္ ေပါ့။ ကြၽန္ေတာ္ကေတာ့ ကိုယ့္ဆန႔္က်င္ဘက္ျဖစ္သြားလို႔ ေဝဖန္တယ္ဆိုရင္ေတာ့ မသင့္ေတာ္ပါဘူး။ သူတို႔ရဲ႕ ခံယူခ်က္၊ သူတို႔အခြင့္အလမ္းနဲ႔ သူတို႔ ရွိပါ တယ္။ ကြၽန္ေတာ္ဆိုလိုတာကေတာ့ သူ ႏိုင္ငံေရး တြက္ကိန္းမွားသြားတယ္လို႔ပဲ ဒီေလာက္ပဲေထာက္ျပ ခ်င္ပါတယ္။

ေမး - ေနာက္ဆုံးတစ္ခ်က္ကဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာရွိတဲ့ အဖြဲ႕အစည္းေတြၾကားမွာ ခြဲထြက္တဲ့ ျပႆနာေတြကို ဒီကာလေတြမွာေတြ႕ရတယ္။ အရင္ကာလေတြမွာလည္းရွိခဲ့တာကို ေတြ႕ရပါတယ္။ အခု ေနာက္ပိုင္း NMSP ဆိုရင္လည္း ခြဲထြက္သြားတဲ့အဖြဲ႕ေတြ ရွိတယ္။ ဗိုလ္မႉးႀကီးတို႔ရဲ႕ PNLO မွာလည္း ရွိ တယ္။ ရွိေတာ့ ဘာေၾကာင့္ ဒီလိုခြဲထြက္တဲ့ ျပႆနာေတြရွိလာတာလဲ။ ရည္မွန္းခ်က္က ဘာလို႔ထင္လဲ။
ေျဖ - အဓိကေတာ့ ဦးေဆာင္မႈပါပဲဗ်။ ဦးေဆာင္မႈယူထားတဲ့ ေခါင္းေဆာင္ေတြက ဆင္ျခင္တုံတရား ဘယ္ေလာက္ရွိတယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံေရး အျမင္၊ ႏိုင္ငံေရးတြက္ခ်က္မႈ ဘယ္ေလာက္ရွိလဲ။ ဘယ္ ေလာက္က်ယ္ျပန႔္လဲေပါ့။ ႏိုင္ငံတကာအျမင္၊ ေဒသအျမင္၊ ျပည္တြင္းအျမင္ေတြ က်ယ္ျပန႔္ဖို႔ လိုပါ တယ္။ တခ်ိဳ႕က လုံေလာက္တဲ့ ေတြးေခၚေျမာ္ျမင္မႈ မရွိဘဲနဲ႔ ေခါင္းေဆာင္တက္ျဖစ္တဲ့သူေတြလည္း ရွိေတာ့ အဲဒီေခါင္းေဆာင္ေတြလက္ထဲမွာ အဲဒီလို ကြဲလြဲမႈေတြလည္း ျဖစ္တတ္ပါတယ္ဗ်။ ေနာက္ၿပီး ေတာ့ ႏိုင္ငံေရးမိုးေလဝသေပါ့ဗ်ာ။ ႏိုင္ငံေရးမိုးေလဝသက စစ္အာဏာရွင္ဆန႔္က်င္ေရးလို႔ ေႂကြးေၾကာ္ လိုက္လို႔ရွိရင္ ႏိုင္ငံတကာအကူအညီတို႔၊ ဘာတို႔၊ ညာတို႔ ေပါေပါသီသီရမလားဆိုၿပီး ယူဆတဲ့သူေတြ လည္းရွိတာေပါ့။ အဲဒီလိုရွိတဲ့အခါက်ေတာ့ အဲဒီမွာ ေခါင္းေဆာင္ေတြအေပၚ မူတည္တာေပါ့။ တစ္ဦးခ်င္း အေပၚ မူတည္တယ္။ ရာသီတုပ္ေကြးလိုေပါ့ဗ်ာ။ ႏိုင္ငံေရးရာသီအရေပၚလာတဲ့ကိစၥေတြေပါ့။

အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.