ရန်ကုန်၌ ရွေးကောက်ပွဲဝင်ပြိုင်ရန် အခြေပြုထားသော နိုင်ငံရေးပါတီပေါင်း(၁၃)ခုထက်မနည်းရှိနေ

 189

မြူနစ် (NP News) - ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရွေးကောက်ပွဲဝင်ပြိုင်ရန် အခြေပြုထားသော နိုင်ငံရေးပါတီ ပေါင်းမှာ (၁၃)ခုထက်မနည်းရှိနေကြောင်း နစကအစိုးရ၏ သတင်းအချက်အလက်များအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် လက်ရှိနစကအစိုးရလက်ထက်တွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီး ဖြစ်သည့် နိုင်ငံရေးပါတီပေါင်းမှာ (၅၃)ပါတီရှိကြောင်း သိရသည်။ အဆိုပါနိုင်ငံရေးပါတီများအနက် ရန်ကုန် တိုင်းဒေသကြီးကိုအခြေပြုကာ ပါတီမှတ်ပုံတင်ထားသည့်ပါတီပေါင်းမှာ လက်ရှိတွင် (၁၃)ပါတီရှိပြီး ၎င်း ပါတီများသည် ရန်ကုန်တိုင်းအတွင်း၌သာ မဲဆွယ်စည်းရုံးကြရမည်ဖြစ်သည်။

ရန်ကုန်တိုင်းကိုအခြေပြု၍တည်ထောင်ထားသည့်ပါတီများမှာ မြန်မာပြည်သူ့ဒီမိုကရက် တစ် ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူ မျိုးများဒီမိုကရေစီပါတီ၊ လေဘာပါတီ၊ (၈၈)မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင် ငံ) ပါတီ၊ လူထုပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီနှင့် ညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။

“ရန်ကုန်တိုင်းအခြေစိုက်ပါတီတွေဟာ ရန်ကုန်မှာရှိတဲ့ မဲဆန္ဒနယ်တွေပေါ့။ လွှတ်တော်သုံးရပ် စလုံးမှာ ဝင်ပြိုင်လို့ရတယ်။ ရန်ကုန်တိုင်းအခြေစိုက်ဆိုတာ ရန်ကုန်လွှတ်တော်တစ်ခုတည်းကိုပဲ ဝင်ပြိုင် ခွင့်ရှိတာမဟုတ်ဘူး။ ရန်ကုန်မှာရှိတဲ့ ပြည်သူ့ လွှတ် တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တွေမှာ ဝင်ပြိုင်ခွင့်ရှိတယ်။ တစ်ပြည်လုံးဟာကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ခွင့် ရှိတာပေါ့။ ဥပမာ-ရန်ကုန်တိုင်းအခြေစိုက်ပါတီက ပဲခူးမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ သွားပြိုင်လို့မရဘူး။ ဆိုတော့ တစ်ပြည်လုံးအခြေစိုက်ပါတီတွေကတော့ အားသာချက်ရှိတာပေါ့။ ဘာအားသာလဲဆိုရင် တစ် ပြည်လုံး ကြိုက်ရာမဲဆန္ဒနယ်မှာ ဝင်ပြိုင်ခွင့်ရှိတဲ့အတွက် လွှတ်တော်ထဲမှာအများစုကိုယ်စားပြုခွင့်ရမှာ ပေါ့။ တိုင်းတို့၊ ပြည်နယ်တို့အခြေစိုက်တဲ့ပါတီတွေကတော့ သူတို့ရဲ့ဒေသတွေကိုပဲ ကိုယ်စားပြုပြီး ပြော ခွင့်ရှိတော့မှာပေါ့” ဟု အမျိုးသားဒီမိုကရေပါတီသစ်မှ ဒုဥက္ကဋ္ဌဦးခိုင်မင်းက NP News ကို ပြောသည်။

ပြီးခဲ့သော ရွေးကောက်ပွဲများတွင် ရန်ကုန်တိုင်းအတွင်း၌ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂) ခု၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၄၅)ခုနှင့် တိုင်းလွှတ်တော်မဲဆန္ဒနယ် (၉၀)တို့ဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။ အလားတူ လွန်ခဲ့သော ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လွှတ်တော်မဲဆန္ဒနယ်စုစုပေါင်း (၁၁၀ဝ)ကျော်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်ကိုတွေ့ရှိရသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ လတ်တလောတွင် ပြည်ထောင်စုတစ်ဝန်းလုံးကိုစည်းရုံးမည့် နိုင်ငံရေးပါတီပေါင်းမှာ (၉)ပါတီရှိကြောင်းလည်း သိရသည်။

နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်း နှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ ပါတီ)၊ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် ပြည်သူ့ပါတီတို့ ဖြစ်ကြသည်။

လက်ရှိတွင် နိုင်ငံတော်တာဝန်များကို ရယူထားသည့် နစကအစိုးရအနေဖြင့် လာမည့်အထွေထွေ ရွေးကောက်ပွဲကို (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ကျင်းပရန် လျာထားကြောင်းသိရပြီး နယ်မြေ လုံခြုံရေး အခြေအနေများအရ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားရန် စဉ်းစားထားကြောင်း သိရ သည်။

zawgyi version
ရန္ကုန္၌ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ရန္ အေျချပဳထားေသာ ႏိုင္ငံေရးပါတီေပါင္း(၁၃)ခုထက္မနည္းရွိေန
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၈

ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ရန္ အေျချပဳထားေသာ ႏိုင္ငံေရးပါတီ ေပါင္းမွာ (၁၃)ခုထက္မနည္းရွိေနေၾကာင္း နစကအစိုးရ၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ လက္ရွိနစကအစိုးရလက္ထက္တြင္ ႏိုင္ငံေရး ပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒကို ျပန္လည္ျပ႒ာန္းခဲ့ၿပီး ယင္းဥပေဒအရ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီး ျဖစ္သည့္ ႏိုင္ငံေရးပါတီေပါင္းမွာ (၅၃)ပါတီရွိေၾကာင္း သိရသည္။ အဆိုပါႏိုင္ငံေရးပါတီမ်ားအနက္ ရန္ကုန္ တိုင္းေဒသႀကီးကိုအေျချပဳကာ ပါတီမွတ္ပုံတင္ထားသည့္ပါတီေပါင္းမွာ လက္ရွိတြင္ (၁၃)ပါတီရွိၿပီး ၎ ပါတီမ်ားသည္ ရန္ကုန္တိုင္းအတြင္း၌သာ မဲဆြယ္စည္း႐ုံးၾကရမည္ျဖစ္သည္။

ရန္ကုန္တိုင္းကိုအေျချပဳ၍တည္ေထာင္ထားသည့္ပါတီမ်ားမွာ ျမန္မာျပည္သူ႔ဒီမိုကရက္ တစ္ ပါတီ၊ အမ်ိဳးသားႏိုင္ငံေရး မဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္သူ႔အလုပ္သမားပါတီ၊ ဒီမိုကရက္တစ္ပါတီ၊ အမ်ိဳးသားဒီမိုကေရစီပါတီသစ္၊ အမ်ိဳးသားႏိုင္ငံေရး အားမာန္သစ္ပါတီ၊ ညီၫြတ္ေသာတိုင္းရင္းသားလူ မ်ိဳးမ်ားဒီမိုကေရစီပါတီ၊ ေလဘာပါတီ၊ (၈၈)မ်ိဳးဆက္ေက်ာင္းသားလူငယ္မ်ား(ျပည္ေထာင္စုျမန္မာႏိုင္ ငံ) ပါတီ၊ လူထုပါတီ၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္ပါတီ၊ မတူကြဲျပားျခင္းႏွင့္ ၿငိမ္းခ်မ္းေရးပါတီႏွင့္ ညီၫြတ္ ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီတို႔ျဖစ္သည္။

“ရန္ကုန္တိုင္းအေျခစိုက္ပါတီေတြဟာ ရန္ကုန္မွာရွိတဲ့ မဲဆႏၵနယ္ေတြေပါ့။ လႊတ္ေတာ္သုံးရပ္ စလုံးမွာ ဝင္ၿပိဳင္လို႔ရတယ္။ ရန္ကုန္တိုင္းအေျခစိုက္ဆိုတာ ရန္ကုန္လႊတ္ေတာ္တစ္ခုတည္းကိုပဲ ဝင္ၿပိဳင္ ခြင့္ရွိတာမဟုတ္ဘူး။ ရန္ကုန္မွာရွိတဲ့ ျပည္သူ႔ လႊတ္ ေတာ္မဲဆႏၵနယ္၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ ေတြမွာ ဝင္ၿပိဳင္ခြင့္ရွိတယ္။ တစ္ျပည္လုံးဟာကေတာ့ တစ္ႏိုင္ငံလုံးမွာရွိတဲ့ မဲဆႏၵနယ္ေတြမွာ ဝင္ၿပိဳင္ခြင့္ ရွိတာေပါ့။ ဥပမာ-ရန္ကုန္တိုင္းအေျခစိုက္ပါတီက ပဲခူးမွာရွိတဲ့ မဲဆႏၵနယ္ေတြမွာ သြားၿပိဳင္လို႔မရဘူး။ ဆိုေတာ့ တစ္ျပည္လုံးအေျခစိုက္ပါတီေတြကေတာ့ အားသာခ်က္ရွိတာေပါ့။ ဘာအားသာလဲဆိုရင္ တစ္ ျပည္လုံး ႀကိဳက္ရာမဲဆႏၵနယ္မွာ ဝင္ၿပိဳင္ခြင့္ရွိတဲ့အတြက္ လႊတ္ေတာ္ထဲမွာအမ်ားစုကိုယ္စားျပဳခြင့္ရမွာ ေပါ့။ တိုင္းတို႔၊ ျပည္နယ္တို႔အေျခစိုက္တဲ့ပါတီေတြကေတာ့ သူတို႔ရဲ႕ေဒသေတြကိုပဲ ကိုယ္စားျပဳၿပီး ေျပာ ခြင့္ရွိေတာ့မွာေပါ့” ဟု အမ်ိဳးသားဒီမိုကေရပါတီသစ္မွ ဒုဥကၠ႒ဦးခိုင္မင္းက NP News ကို ေျပာသည္။

ၿပီးခဲ့ေသာ ေ႐ြးေကာက္ပြဲမ်ားတြင္ ရန္ကုန္တိုင္းအတြင္း၌ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ (၁၂) ခု၊ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္(၄၅)ခုႏွင့္ တိုင္းလႊတ္ေတာ္မဲဆႏၵနယ္ (၉၀)တို႔ျဖင့္ ေ႐ြးေကာက္ပြဲကို က်င္းပခဲ့ေၾကာင္း ေတြ႕ရွိရသည္။ အလားတူ လြန္ခဲ့ေသာ ေ႐ြးေကာက္ပြဲမ်ားတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ လႊတ္ေတာ္မဲဆႏၵနယ္စုစုေပါင္း (၁၁၀ဝ)ေက်ာ္ျဖင့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ခဲ့သည္ကိုေတြ႕ရွိရသည္။

အသစ္ျပ႒ာန္းလိုက္သည့္ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ လတ္တေလာတြင္ ျပည္ေထာင္စုတစ္ဝန္းလုံးကိုစည္း႐ုံးမည့္ ႏိုင္ငံေရးပါတီေပါင္းမွာ (၉)ပါတီရွိေၾကာင္းလည္း သိရသည္။

ႏိုင္ငံတစ္ဝန္းစည္း႐ုံးမည့္ပါတီမ်ားမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ၊ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ရွမ္း ႏွင့္ တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(က်ားျဖဴ ပါတီ)၊ အမ်ိဳးသမီးပါတီ(မြန္)၊ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီႏွင့္ ျပည္သူ႔ပါတီတို႔ ျဖစ္ၾကသည္။

လက္ရွိတြင္ ႏိုင္ငံေတာ္တာဝန္မ်ားကို ရယူထားသည့္ နစကအစိုးရအေနျဖင့္ လာမည့္အေထြေထြ ေ႐ြးေကာက္ပြဲကို (၂၀၂၅) ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း၌က်င္းပရန္ လ်ာထားေၾကာင္းသိရၿပီး နယ္ေျမ လုံၿခဳံေရး အေျခအေနမ်ားအရ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္က်င္းပသြားရန္ စဥ္းစားထားေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.