နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ထပ်မံပြင်ဆင်ပြီး ပြည်ထောင်စုအဆင့်ပါတီများ ရွေးကောက်ပွဲဝင်ရမည့် မဲဆန္ဒနယ်ပမာဏကို လျှော့ချ

 440

သုတကျော် (NP News) - စက်တင်ဘာ ၂၁

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ထပ်မံပြင်ဆင်ပြီး ပြည်ထောင်စုအဆင့်ပါတီများ ရွေးကောက်ပွဲဝင်ရမည့် မဲဆန္ဒနယ် ပမာဏကို လျှော့ချလိုက်ကြောင်း ယနေ့ (စက်တင်ဘာလ ၂၁ ရက်) ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေအဖြစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၁)ကို အစားထိုးပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ယင်းပုဒ်မခွဲ ၁ မှာ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း ဟု ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ယခင် ပုဒ်မခွဲ မှာ မဲဆန္ဒနယ်အားလုံး၏ ထက်ဝက် ဖြစ်ရာ ယင်းအစား မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံ ဟု ပြန်လည် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ဟု သတ်မှတ်ခဲ့ရာ လက်ရှိအခြေအနေအရ အခက်အခဲများ ရှိကြောင်း နိုင်ငံရေးပါတီအချို့က NP News သတင်းဌာနသို့ ဖြေကြားထားသည်။

Zawgyi Version:
ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒကို ထပ္မံျပင္ဆင္ၿပီး ျပည္ေထာင္စုအဆင့္ပါတီမ်ား ေ႐ြးေကာက္ပြဲဝင္ရမည့္ မဲဆႏၵနယ္ပမာဏကို ေလွ်ာ့ခ်
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၁

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒကို ထပ္မံျပင္ဆင္ၿပီး ျပည္ေထာင္စုအဆင့္ပါတီမ်ား ေ႐ြးေကာက္ပြဲဝင္ရမည့္ မဲဆႏၵနယ္ ပမာဏကို ေလွ်ာ့ခ်လိုက္ေၾကာင္း ယေန႔ (စက္တင္ဘာလ ၂၁ ရက္) ညပိုင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၂၇ အရ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒကိုျပင္ဆင္သည့္ဥပေဒအျဖစ္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၁၂ ပုဒ္မခြဲ (က) ပုဒ္မခြဲငယ္(၁)ကို အစားထိုးျပင္ဆင္လိုက္ျခင္းျဖစ္သည္။

ယင္းပုဒ္မခြဲ ၁ မွာ ျပည္ေထာင္စုတစ္ဝန္းလုံးတြင္ စည္း႐ုံးမည့္ပါတီျဖစ္ပါက အေထြေထြ ေ႐ြးေကာက္ပြဲ၌ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ (တိုင္းရင္းသားလူမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္အပါအဝင္) မဲဆႏၵနယ္အားလုံး၏ ေလးပုံတစ္ပုံတြင္ မိမိပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္မႈ မျပဳႏိုင္ျခင္း ဟု ျပင္ဆင္လိုက္ျခင္း ျဖစ္သည္။

ယခင္ ပုဒ္မခြဲ မွာ မဲဆႏၵနယ္အားလုံး၏ ထက္ဝက္ ျဖစ္ရာ ယင္းအစား မဲဆႏၵနယ္အားလုံး၏ ေလးပုံတစ္ပုံ ဟု ျပန္လည္ ျပင္ဆင္ခဲ့ျခင္း ျဖစ္သည္။

ယခင္က မဲဆႏၵနယ္အားလုံး၏ ထက္ဝက္ဟု သတ္မွတ္ခဲ့ရာ လက္ရွိအေျခအေနအရ အခက္အခဲမ်ား ရွိေၾကာင္း ႏိုင္ငံေရးပါတီအခ်ိဳ႕က NP News သတင္းဌာနသို႔ ေျဖၾကားထားသည္။

Related news

© 2021. All rights reserved.