လာမယ့်သီတင်းပတ်မှာ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံသွားမယ်လို့ ယူကရိန်းသမ္မတထုတ်ဖော်ပြောဆို

 236

Pika (NP News) - စက်တင်ဘာ ၂၁
ယူကရိန်းအပေါ် ရုရှားရဲ့တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာမှုနဲ့အတူ လာမယ့်သီတင်းပတ်မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံအပြီးမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုတွေ လုပ်ဆောင်သွားမယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းအပေါ် အကြီးမားဆုံးဝေဟင်တိုက်ခိုက်မှုတွေထဲကတစ်ခုကို ညတွင်းချင်းလုပ်ဆောင်ခဲ့ပြီး ယူကရိန်းကို ဒုံးကျည်အစင်းရေ(၄၀)စင်း၊ ဒရုန်းအစင်းရေ(၅၈၀)စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ(၃)ဦး သေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုတွေလုပ်ဆောင်သွားမယ်လို့ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပြီး ယူကရိန်း အတွက် လုံခြုံရေးအာမခံချက်တွေနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အနောက်အုပ်စုကျောထောက်နောက်ခံပြုထားတဲ့ လုံခြုံရေးအာမခံချက်တွေစာ ရုရှားရဲ့အနာဂါတ် တိုက်ခိုက်မှုတွေ ကို တားဆီးကာကွယ်နိုင်တယ်လို့ ယူကရိန်းအစိုးရက အခိုင်အမာပြောဆိုထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် လည်း ယူကရိန်းမှာရှိတဲ့အနောက်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ရုရှားရဲ့တရားဝင်ပစ်မှတ်တွေဖြစ်လာလိမ့်မယ်လို့လည်း ရုရှားသမ္မတပူတင်က သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
လာမယ့္သီတင္းပတ္မွာ ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံသြားမယ္လို႔ ယူကရိန္းသမၼတထုတ္ေဖာ္ေျပာဆို
Pika (NP News) - စက္တင္ဘာ ၂၁
ယူကရိန္းအေပၚ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြ ပိုမိုျပင္းထန္လာမႈနဲ႔အတူ လာမယ့္သီတင္းပတ္မွာက်င္းပမယ့္ ကုလသမဂၢအေထြေထြညီလာခံအၿပီးမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွားႏိုင္ငံဟာ ယူကရိန္းအေပၚ အႀကီးမားဆုံးေဝဟင္တိုက္ခိုက္မႈေတြထဲကတစ္ခုကို ညတြင္းခ်င္းလုပ္ေဆာင္ခဲ့ၿပီး ယူကရိန္းကို ဒုံးက်ည္အစင္းေရ(၄၀)စင္း၊ ဒ႐ုန္းအစင္းေရ(၅၈၀)စင္းနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အနည္းဆုံးလူ(၃)ဦး ေသဆုံးခဲ့ၿပီး အျခားလူဒါဇင္ခ်ီ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္သြားမယ္လို႔ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ယူကရိန္း အတြက္ လုံၿခဳံေရးအာမခံခ်က္ေတြနဲ႔ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ေဒၚနယ္ထရမ့္နဲ႔ေဆြးေႏြးသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံျပဳထားတဲ့ လုံၿခဳံေရးအာမခံခ်က္ေတြစာ ႐ုရွားရဲ႕အနာဂါတ္ တိုက္ခိုက္မႈေတြ ကို တားဆီးကာကြယ္ႏိုင္တယ္လို႔ ယူကရိန္းအစိုးရက အခိုင္အမာေျပာဆိုထားတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ လည္း ယူကရိန္းမွာရွိတဲ့အေနာက္အုပ္စုတပ္ဖြဲ႕ဝင္ေတြဟာ ႐ုရွားရဲ႕တရားဝင္ပစ္မွတ္ေတြျဖစ္လာလိမ့္မယ္လို႔လည္း ႐ုရွားသမၼတပူတင္က သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.