အမေရိကန်၏ သက်တော်ရှည် မဟာမိတ် ထိုင်းလေတပ်က တရုတ်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်နေပြန်

613

HtayOung #OungMarine(NP News)-စက်တင်ဘာ-၂၁
ဝါရှင်တန်ရဲ့ ကာလရှည်ကြာမဟာမိတ်ဖြစ်သူ ထိုင်းနိုင်ငံဟာ အမေရိကန်တပ်များနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီး အိမ်ဖြူတော်ရဲ့ ရန်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း လေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပြန်တယ်လို့ “နယူးစ်ဝိခ်” (19 September 2025) က ရေးပါတယ်။
စက်တင်ဘာလ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် “Exercise Falcon Strike 2025” စစ်ရေးလေ့ကျင့်မှုအတွက် အရှေ့တောင်အာရှနိုင်ငံကို လေယာဉ်နဲ့ လေကြောင်းရန်ကာကွယ်ရေး မြေပြင်တပ်ဖွဲ့ အမျိုးအစားစုံ စေလွှတ် မှာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ သြဂုတ် ၁၇ ရက်မှ ၂၉ ရက်အထိ အရှေ့တောင်အာရှနိုင်ငံမှာ ထိုင်း-အမေရိကန်တို့ရဲ့ “Exercise Enduring Partners 2025” စစ်ရေးလေ့ကျင့်မှုအပြီးမှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် တရုတ်နိုင်ငံခြားရေးဌာနထံ နယူးစ်ဝိခ်က အီးမေးလ်ဖြင့် ဆက်သွယ်နေဆဲဖြစ်ပါတယ်။
"နေတိုး (စစ်စာချုပ်အဖွဲ့ဝင် မဟုတ်သော) အဓိကမဟာမိတ်”ဆိုတာ အဲ့ဒီနိုင်ငံတွေအနေနဲ့ နေတိုးရဲ့ ကာ ကွယ်ရေး-ကုန်သွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများမှာ အကျိုးခံစားခွင့်ရှိတယ်လို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ နှစ်ဘက်အကြား နီးကပ်တဲ့ ဆက်ဆံရေးကို သင်္ကေတပြုနေပေမယ့် သတ်မှတ်ထားတဲ့ နိုင်ငံအ တွက် အမေရိကန်ရဲ့ လုံခြုံရေး ကတိကဝတ်များကို ထည့်သွင်းထားခြင်း မရှိပါဘူး။
၁၈၃၃-ခုနှစ်ကတည်းက အမေရိကန်နဲ့ တရားဝင် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းခဲ့တဲ့ ထိုင်းနိုင်ငံဟာ နေ တိုး မဟုတ်တဲ့ မဟာမိတ်များအဖြစ် သတ်မှတ်နိုင်ငံ ၁၉ နိုင်ငံမှာ ပါဝင်ပါတယ်။ ထိုင်းနည်းတူ အရှေ့ဖျားနဲ့ အရှေ့တောင်အာရှ အခြားနိုင်ငံများမှာ ဂျပန်၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့လည်း ပါဝင်ပါတယ်။
တင်းမာမှုဖြစ်ပေါ်လာတဲ့ တောင်တရုတ်ပင်လယ် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း အငြင်းပွားနေခိုက်မှာ အမေရိကန်နဲ့အပြိုင် တရုတ်ကလည်း အရှေ့တောင်အာရှမှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို တိုးချဲ့လျက်ရှိပါတယ်။ ဒေသတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားတို့မှာလည်း စစ်ရေးခြေရာကို ထိန်းသိမ်းထားပါတယ်။
ထိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ Falcon Strike 2025 ဟာ အဋ္ဌမအကြိမ်နဲ့ ၄-နှစ်ဆက်တိုက်လေ့ကျင့်မှုဖြစ်ပြီး ပါ ဝင်နေတဲ့ တပ်ဖွဲ့များရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နဲ့ နှစ်ဘက်အကြား အပြန်အလှန်ယုံကြည်မှု- ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။
ထိုင်းတော်ဝင်လေတပ်ကတော့ အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ အုဒုံထာနီပြည်နယ်ရှိ လေတပ်စခန်းတစ်ခုမှာ ဖြစ်ကြောင်း၊ ကြာသပတေးနေ့မှာ စတင်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှာ အပြီးသတ်ရန် စီစဉ်ထားတယ်လို့ဆိုပါ တယ်။ အင်္ဂါနေ့ ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများမှာ ထိုင်းလေတပ်စခန်းကို တရုတ်လေတပ်တပ်သားများ ရောက်ရှိ လာကြောင်း တွေ့မြင်ရပါတယ်။
စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်မှာ လေကြောင်း စစ်ဆင်ရေး စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ် ကြောင်း၊ နှစ်ဖက်အကြား လေကြောင်းဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်းအားဖြင့် ဆက်ဆံရေးကို ခိုင်မာ စေရန်နဲ့ အပြန်အလှန် နားလည်မှုကို တိုးတက်စေပြီး ဒေသတွင်း လုံခြုံရေးကို မြှင့်တင်ရန် ဖြစ်တယ်လို့ ထိုင်း စစ်တပ် က ဆိုပါတယ်
ထိုင်းလေတပ်မတော်နဲ့ ဝါရှင်တန်အမျိုးသားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတဲ့ Enduring Partners 2025 လေ့ကျင့်မှုကိုတော့ ကိုရက်ပြည်နယ်မှာ စတင်ခဲ့ပြီး ထိုင်းနိုင်ငံတစ်ဝန်း ဆောင်ရွက်ခဲ့ကြောင်း၊ လေ့ကျင့်ခန်းဟာ စစ်ရေးအသင့်ရှိမှုနဲ့ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရှိရ ပါတယ်။
လေ့ကျင့်ရာမှာ လေယာဉ် ၉၂ စီးဖြင့် အုပ်ဖွဲ့ပျံသန်းခြင်း၊ မြေပြင်မှ ထိန်းချုပ်ခြင်း၊ လေတပ်ရဲ့ အထူးစစ်ဆင်ရေး၊ ဆိုက်ဘာကာကွယ်ရေး၊ တိုက်ပွဲဆက်သွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ဘေး အန္တရာယ်ကယ်ဆယ်ရေး၊ အာကာသစစ်ဆင်ရေးတို့ ပါဝင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၀၂-ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ကြောင်း ဝါရှင်တန်အမျိုးသားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်ထုတ်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းလေတပ်မတော်ဟာ တရုတ်-အမေရိကန်တို့နဲ့ ပူးပေါင်းပြီး သီးခြားစီ စစ်ရေးလေ့ကျင့်ခန်းများအပြင် ဩစ တြေးလျလေတပ်နဲ့လည်း ပူးပေါင်းပြီး လေ့ကျင့်ခဲ့ပါသေးတယ်။ စနေနေ့ ကိုရက်ပြည်နယ်မှာ ကျင်းပပြီးစီးခဲ့တဲ့ “Thai Boomerang 2025” စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံစလုံးက တိုက်လေယာဉ်များနဲ့ တပ်ဖွဲ့ဝင် ၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။
ယခုနှစ်မှာ အမှတ်စဉ် ၁၅ ကြိမ်မြောက် လေ့ကျင့်ခန်းဖြစ်ပြီး လေတပ်တော်ရဲ့ စွမ်းအားပြည့်အသုံးချမှုဆိုင်ရာ လေ့ကျင့်ခန်းများ၊ စစ်ဆင်ရေးဇာတ်တိုက်ခြင်းများအပါအဝင် မြေပြင်တပ်ဖွဲ့များအတွက် လေကြောင်းမှ နီးကပ် စွာ အကူအညီပေးခြင်းဆိုင်ရာ လေ့ကျင့်ခန်းများလည်း ပါဝင်ကြောင်း၊ ပေါင်းစပ်လေကြောင်းတိုက်ခိုက်ရေး လေ့ ကျင့်ခန်းများမှတစ်ဆင့် တစ်ဦးနဲ့တစ်ဦး ပြန်လှန်သင်ယူရန် အဖိုးတန်အခွင့်အရေးတစ်ခုဖြစ်ကြောင်း စက်တင် ဘာ ၁၀ ရက်နေ့ သြစတြေးလျ လေတပ်မတော် သတင်းထုတ်ပြန်ချက်မှာ တွေ့မြင်ရပါတယ်။
ဒီအတွက် တရုတ်အနေနဲ့လည်း အရှေ့တောင်အာရှနိုင်ငံများနဲ့ စစ်ရေးလေ့ကျင့်ခန်းများမှတစ်ဆင့် သူ့ရဲ့ စစ် ဘက်ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေပြီး ဒေသတွင်း စစ်စွမ်းရည်နဲ့ ဩဇာလွှမ်းမိုးကြောင်း ပြသခြင်း ဖြစ်ပုံရပါတယ်။
===

Zawgyi Version:
အေမရိကန္၏ သက္ေတာ္ရွည္ မဟာမိတ္ ထိုင္းေလတပ္က တ႐ုတ္ႏွင့္ ပူးတြဲ စစ္ေရးေလ့က်င့္ေနျပန္
HtayOung #OungMarine(NP News)-စက္တင္ဘာ-၂၁၊ ၂၀၂၅
ဝါရွင္တန္ရဲ႕ ကာလရွည္ၾကာမဟာမိတ္ျဖစ္သူ ထိုင္းႏိုင္ငံဟာ အေမရိကန္တပ္မ်ားနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈအၿပီး အိမ္ျဖဴေတာ္ရဲ႕ ရန္ဘက္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံနဲ႔လည္း ေလတပ္စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ေနျပန္တယ္လို႔ “နယူးစ္ဝိခ္” (19 September 2025) က ေရးပါတယ္။
စက္တင္ဘာလ ထိုင္းႏိုင္ငံမွာ က်င္းပျပဳလုပ္မယ့္ “Exercise Falcon Strike 2025” စစ္ေရးေလ့က်င့္မႈအတြက္ အေရွ႕ေတာင္အာရွႏိုင္ငံကို ေလယာဥ္နဲ႔ ေလေၾကာင္းရန္ကာကြယ္ေရး ေျမျပင္တပ္ဖြဲ႕ အမ်ိဳးအစားစုံ ေစလႊတ္ မွာျဖစ္ေၾကာင္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက တနလၤာေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ ဒီျဖစ္စဥ္ဟာ လြန္ခဲ့တဲ့ ၾသဂုတ္ ၁၇ ရက္မွ ၂၉ ရက္အထိ အေရွ႕ေတာင္အာရွႏိုင္ငံမွာ ထိုင္း-အေမရိကန္တို႔ရဲ႕ “Exercise Enduring Partners 2025” စစ္ေရးေလ့က်င့္မႈအၿပီးမွာ ျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။
ဒီသတင္းနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ တ႐ုတ္ႏိုင္ငံျခားေရးဌာနထံ နယူးစ္ဝိခ္က အီးေမးလ္ျဖင့္ ဆက္သြယ္ေနဆဲျဖစ္ပါတယ္။
"ေနတိုး (စစ္စာခ်ဳပ္အဖြဲ႕ဝင္ မဟုတ္ေသာ) အဓိကမဟာမိတ္”ဆိုတာ အဲ့ဒီႏိုင္ငံေတြအေနနဲ႔ ေနတိုးရဲ႕ ကာ ကြယ္ေရး-ကုန္သြယ္ေရးနဲ႔ လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားမွာ အက်ိဳးခံစားခြင့္ရွိတယ္လို႔ သတ္မွတ္ျခင္း ျဖစ္ပါတယ္။ ႏွစ္ဘက္အၾကား နီးကပ္တဲ့ ဆက္ဆံေရးကို သေကၤတျပဳေနေပမယ့္ သတ္မွတ္ထားတဲ့ ႏိုင္ငံအ တြက္ အေမရိကန္ရဲ႕ လုံၿခဳံေရး ကတိကဝတ္မ်ားကို ထည့္သြင္းထားျခင္း မရွိပါဘူး။
၁၈၃၃-ခုႏွစ္ကတည္းက အေမရိကန္နဲ႔ တရားဝင္ သံတမန္ဆက္ဆံေရးကို ထိန္းသိမ္းခဲ့တဲ့ ထိုင္းႏိုင္ငံဟာ ေန တိုး မဟုတ္တဲ့ မဟာမိတ္မ်ားအျဖစ္ သတ္မွတ္ႏိုင္ငံ ၁၉ ႏိုင္ငံမွာ ပါဝင္ပါတယ္။ ထိုင္းနည္းတူ အေရွ႕ဖ်ားနဲ႔ အေရွ႕ေတာင္အာရွ အျခားႏိုင္ငံမ်ားမွာ ဂ်ပန္၊ ဖိလစ္ပိုင္ႏွင့္ ေတာင္ကိုရီးယားတို႔လည္း ပါဝင္ပါတယ္။
တင္းမာမႈျဖစ္ေပၚလာတဲ့ ေတာင္တ႐ုတ္ပင္လယ္ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္ေၾကာင္း အျငင္းပြားေနခိုက္မွာ အေမရိကန္နဲ႔အၿပိဳင္ တ႐ုတ္ကလည္း အေရွ႕ေတာင္အာရွမွာ သူ႔ရဲ႕ ၾသဇာလႊမ္းမိုးမႈကို တိုးခ်ဲ႕လ်က္ရွိပါတယ္။ ေဒသတြင္း အိမ္နီးခ်င္း ထိုင္းႏိုင္ငံ၊ ကေမာၻဒီးယားတို႔မွာလည္း စစ္ေရးေျခရာကို ထိန္းသိမ္းထားပါတယ္။
ထိုင္းႏိုင္ငံမွာ ျပဳလုပ္ေနတဲ့ Falcon Strike 2025 ဟာ အ႒မအႀကိမ္နဲ႔ ၄-ႏွစ္ဆက္တိုက္ေလ့က်င့္မႈျဖစ္ၿပီး ပါ ဝင္ေနတဲ့ တပ္ဖြဲ႕မ်ားရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ရန္နဲ႔ ႏွစ္ဘက္အၾကား အျပန္အလွန္ယုံၾကည္မႈ- ပူးေပါင္း ေဆာင္႐ြက္မႈကို ပိုမိုနက္ရႈိင္းေစရန္ ရည္႐ြယ္တယ္လို႔ တ႐ုတ္စစ္တပ္က ေျပာပါတယ္။
ထိုင္းေတာ္ဝင္ေလတပ္ကေတာ့ အဆိုပါစစ္ေရးေလ့က်င့္မႈဟာ အုဒုံထာနီျပည္နယ္ရွိ ေလတပ္စခန္းတစ္ခုမွာ ျဖစ္ေၾကာင္း၊ ၾကာသပေတးေန႔မွာ စတင္ခဲ့ၿပီး စက္တင္ဘာ ၂၅ ရက္မွာ အၿပီးသတ္ရန္ စီစဥ္ထားတယ္လို႔ဆိုပါ တယ္။ အဂၤါေန႔ ထုတ္ျပန္ခဲ့သည့္ ဓာတ္ပုံမ်ားမွာ ထိုင္းေလတပ္စခန္းကို တ႐ုတ္ေလတပ္တပ္သားမ်ား ေရာက္ရွိ လာေၾကာင္း ေတြ႕ျမင္ရပါတယ္။
စစ္ေရးေလ့က်င့္မႈရဲ႕ ရည္႐ြယ္ခ်က္မွာ ေလေၾကာင္း စစ္ဆင္ေရး စြမ္းရည္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ျဖစ္ ေၾကာင္း၊ ႏွစ္ဖက္အၾကား ေလေၾကာင္းဆိုင္ရာ အေတြ႕အႀကဳံမ်ား ဖလွယ္ျခင္းအားျဖင့္ ဆက္ဆံေရးကို ခိုင္မာ ေစရန္နဲ႔ အျပန္အလွန္ နားလည္မႈကို တိုးတက္ေစၿပီး ေဒသတြင္း လုံၿခဳံေရးကို ျမႇင့္တင္ရန္ ျဖစ္တယ္လို႔ ထိုင္း စစ္တပ္ က ဆိုပါတယ္
ထိုင္းေလတပ္မေတာ္နဲ႔ ဝါရွင္တန္အမ်ိဳးသားေလေၾကာင္းကာကြယ္ေရးတပ္ဖြဲ႕တို႔ ပူးေပါင္းတဲ့ Enduring Partners 2025 ေလ့က်င့္မႈကိုေတာ့ ကိုရက္ျပည္နယ္မွာ စတင္ခဲ့ၿပီး ထိုင္းႏိုင္ငံတစ္ဝန္း ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ေလ့က်င့္ခန္းဟာ စစ္ေရးအသင့္ရွိမႈနဲ႔ ႏွစ္ႏိုင္ငံ စစ္ဘက္ဆက္ဆံေရးကို ျမႇင့္တင္ရန္ ရည္႐ြယ္ေၾကာင္း သိရွိရ ပါတယ္။
ေလ့က်င့္ရာမွာ ေလယာဥ္ ၉၂ စီးျဖင့္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ေျမျပင္မွ ထိန္းခ်ဳပ္ျခင္း၊ ေလတပ္ရဲ႕ အထူးစစ္ဆင္ေရး၊ ဆိုက္ဘာကာကြယ္ေရး၊ တိုက္ပြဲဆက္သြယ္ေရး၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီနဲ႔ ေဘး အႏၲရာယ္ကယ္ဆယ္ေရး၊ အာကာသစစ္ဆင္ေရးတို႔ ပါဝင္ခဲ့ေၾကာင္း၊ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈဟာ ၂၀၀၂-ခုႏွစ္က စတင္ခဲ့ျခင္းျဖစ္ေၾကာင္း ဝါရွင္တန္အမ်ိဳးသားေလေၾကာင္းကာကြယ္ေရးတပ္ဖြဲ႕က စက္တင္ဘာ ၃ ရက္ထုတ္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ထိုင္းေလတပ္မေတာ္ဟာ တ႐ုတ္-အေမရိကန္တို႔နဲ႔ ပူးေပါင္းၿပီး သီးျခားစီ စစ္ေရးေလ့က်င့္ခန္းမ်ားအျပင္ ဩစ ေၾတးလ်ေလတပ္နဲ႔လည္း ပူးေပါင္းၿပီး ေလ့က်င့္ခဲ့ပါေသးတယ္။ စေနေန႔ ကိုရက္ျပည္နယ္မွာ က်င္းပၿပီးစီးခဲ့တဲ့ “Thai Boomerang 2025” စစ္ေရးေလ့က်င့္မႈမွာ ႏွစ္ႏိုင္ငံစလုံးက တိုက္ေလယာဥ္မ်ားနဲ႔ တပ္ဖြဲ႕ဝင္ ၅၀၀ ေက်ာ္ ပါဝင္ခဲ့ပါတယ္။
ယခုႏွစ္မွာ အမွတ္စဥ္ ၁၅ ႀကိမ္ေျမာက္ ေလ့က်င့္ခန္းျဖစ္ၿပီး ေလတပ္ေတာ္ရဲ႕ စြမ္းအားျပည့္အသုံးခ်မႈဆိုင္ရာ ေလ့က်င့္ခန္းမ်ား၊ စစ္ဆင္ေရးဇာတ္တိုက္ျခင္းမ်ားအပါအဝင္ ေျမျပင္တပ္ဖြဲ႕မ်ားအတြက္ ေလေၾကာင္းမွ နီးကပ္ စြာ အကူအညီေပးျခင္းဆိုင္ရာ ေလ့က်င့္ခန္းမ်ားလည္း ပါဝင္ေၾကာင္း၊ ေပါင္းစပ္ေလေၾကာင္းတိုက္ခိုက္ေရး ေလ့ က်င့္ခန္းမ်ားမွတစ္ဆင့္ တစ္ဦးနဲ႔တစ္ဦး ျပန္လွန္သင္ယူရန္ အဖိုးတန္အခြင့္အေရးတစ္ခုျဖစ္ေၾကာင္း စက္တင္ ဘာ ၁၀ ရက္ေန႔ ၾသစေၾတးလ် ေလတပ္မေတာ္ သတင္းထုတ္ျပန္ခ်က္မွာ ေတြ႕ျမင္ရပါတယ္။
ဒီအတြက္ တ႐ုတ္အေနနဲ႔လည္း အေရွ႕ေတာင္အာရွႏိုင္ငံမ်ားနဲ႔ စစ္ေရးေလ့က်င့္ခန္းမ်ားမွတစ္ဆင့္ သူ႔ရဲ႕ စစ္ ဘက္ဆက္ဆံေရးကို ဆက္လက္နက္ရႈိင္းေစၿပီး ေဒသတြင္း စစ္စြမ္းရည္နဲ႔ ဩဇာလႊမ္းမိုးေၾကာင္း ျပသျခင္း ျဖစ္ပုံရပါတယ္။
===