တရုတ်နိုင်ငံက Weibo၊ Kuaishou အပါအဝင် ဆိုရှယ်မီဒီယာမှာ စည်းကမ်းချက်များ ထပ်မံတိုးမြှင့်

522

ရောင်နီ (NP News) - စက်တင်ဘာ ၂၁
တရုတ်မှာ နာမည်ကျော်တွေရဲ့သတင်းတွေနဲ့ မလိုလားအပ်တဲ့အကြောင်းအရာတွေ ဖြစ်ပွားနိုင်ချေကို မီးမောင်းထိုးပြပြီး နာမည်ကြီးဆိုရှယ်မီဒီယာ အက်ပ်တွေဖြစ်တဲ့ Weibo(လစဉ်အသုံးပြုသူ ၅၉၁ သန်းကျော်) နဲ့ Kuaishou (လစဉ် အသုံးပြုသူ သန်း ၇၃၀ ကျော်) မှာ စည်းကမ်းချက်တွေနဲ့ အရေးယူမှုတွေ တိုးမြှင့်သွားမယ်လို့ စနေနေ့ (စက်တင်ဘာ ၂ဝ ရက်) က သိရပါတယ်။
တရုတ်နိုင်ငံ Cyberspace Administration (CAC) မှ ဖော်ပြချက်အရ အသစ်ထပ်တိုးတဲ့အရေးယူမှုတွေ မှာ "ဆင့်ခေါ်စာများ၊ သတ်မှတ်ထားတဲ့ ကာလအတွင်း ချိုးဖောက်မှုတွေအတွက် တားမြစ်ချက်မတွေ၊ သတိပေးချက်တွေနဲ့ တာဝန်ရှိသူတွေအပေါ်တင်းကျပ်တဲ့အရေးယူမှုတွေ ပါဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မဖော်ပြထားပါဘူး။ အင်္ဂလိပ်လို Rednote လူသိများတဲ့ တရုတ် Instagram - Xiaohongshu မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အလားတူ အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေက ယေဘုယျအားဖြင့် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့အကြောင်းအရာ (content) တွေကို ရှောင်ရှားဖို့ အခုလို တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံက Weibo၊ Kuaishou အပါအဝင္ ဆိုရွယ္မီဒီယာမွာ စည္းကမ္းခ်က္မ်ား ထပ္မံတိုးျမႇင့္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁
တ႐ုတ္မွာ နာမည္ေက်ာ္ေတြရဲ႕သတင္းေတြနဲ႔ မလိုလားအပ္တဲ့အေၾကာင္းအရာေတြ ျဖစ္ပြားႏိုင္ေခ်ကို မီးေမာင္းထိုးျပၿပီး နာမည္ႀကီးဆိုရွယ္မီဒီယာ အက္ပ္ေတြျဖစ္တဲ့ Weibo(လစဥ္အသုံးျပဳသူ ၅၉၁ သန္းေက်ာ္) နဲ႔ Kuaishou (လစဥ္ အသုံးျပဳသူ သန္း ၇၃၀ ေက်ာ္) မွာ စည္းကမ္းခ်က္ေတြနဲ႔ အေရးယူမႈေတြ တိုးျမႇင့္သြားမယ္လို႔ စေနေန႔ (စက္တင္ဘာ ၂ဝ ရက္) က သိရပါတယ္။
တ႐ုတ္ႏိုင္ငံ Cyberspace Administration (CAC) မွ ေဖာ္ျပခ်က္အရ အသစ္ထပ္တိုးတဲ့အေရးယူမႈေတြ မွာ "ဆင့္ေခၚစာမ်ား၊ သတ္မွတ္ထားတဲ့ ကာလအတြင္း ခ်ိဳးေဖာက္မႈေတြအတြက္ တားျမစ္ခ်က္မေတြ၊ သတိေပးခ်က္ေတြနဲ႔ တာဝန္ရွိသူေတြအေပၚတင္းက်ပ္တဲ့အေရးယူမႈေတြ ပါဝင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ျပစ္ဒဏ္ေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ကိုေတာ့ မေဖာ္ျပထားပါဘူး။ အဂၤလိပ္လို Rednote လူသိမ်ားတဲ့ တ႐ုတ္ Instagram - Xiaohongshu မွာလည္း ၿပီးခဲ့တဲ့သီတင္းပတ္ကတည္းက အလားတူ အေရးယူမႈ ျပဳလုပ္ခဲ့ပါတယ္။
တ႐ုတ္အာဏာပိုင္ေတြက ေယဘုယ်အားျဖင့္ အႏၲရာယ္ျဖစ္ေစႏိုင္တယ္လို႔ ယူဆရတဲ့အေၾကာင္းအရာ (content) ေတြကို ေရွာင္ရွားဖို႔ အခုလို တင္းက်ပ္စြာ ထိန္းခ်ဳပ္ထားျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။