ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် (၆)နိုင်ငံအလွတ်သဘောဆွေးနွေးပွဲကို နစက၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်

1916

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် (၆)နိုင်ငံအလွတ်သဘောဆွေးနွေးပွဲကို နစက၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဒီဇင်ဘာလ ၁၆ ရက်)က ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်ချက်များအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာလ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့်အဖွဲ့က တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အိမ်နီးနားချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးအဆင့်ရှိသူများ၊ဒုတိယဝန်ကြီး အဆင့်ရှိသူများနဲ့ တာဝန်ရှိသူများလည်းတက်ရောက်သွားမှာ ဖြစ်ပါတယ်။အဓိကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖြတ်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လတ်တလောတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ “ဝ”လက်နက်ကိုင်အဖွဲ့၏ တပ်စခန်း(၉)ခုကို ဖယ်ရှားပေးရန် ထိုင်းစစ်တပ်ဘက်က တောင်းဆိုထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ “ဝ”လက်နက်ကိုင်အဖွဲ့က တပ်စခန်းများကို ဆုတ်ခွာပေးမည်မဟုတ်ကြောင်း ပြောဆိုထားသကဲ့သို့ မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆွေးနွေးရမည့် ကိစ္စသာဖြစ်ကြောင်း “ဝ” ဘက်က တုံပြန်ထားသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ “ဝ”တပ်စခန်းကိစ္စနှင့်ပတ်သက်၍ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီမှာတော့ “ဝ”နဲ့ဖြစ်နေတဲ့ ကိစ္စ။ အဲဒါနဲ့နဲ့ပတ်သက်ပြီး သီးခြားကိစ္စဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနဲ့ထိုင်းကြားမှာ နယ်ကြားကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားတာရှိပါတယ်။ TBC၊ RBC အစရှိစသဖြင့် လစဉ်လည်း ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိစ္စတွေကတော့ ဒီနယ်ခြားဒေသ ကော် မတီတွေရဲ့ ပုံမှန်အစည်းအဝေးကနေတဆင့်ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ယမန်နေ့က ပြောဆိုထားသည်။
ထိုင်း-မြန်မာနယ်စပ်ဒေသရှိ "ဝ"ဒေသ (၁၇၁)ဧရိယာအတွင်းက နယ်မြေ(၉)ခုကို ဒီဇင်ဘာလ ၁၈ ရက်နောက်ဆုံးထားကာ ထိုင်းနိုင်ငံဘက်မှ ဖယ်ခိုင်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းတပ်မတော်နှင့် “ဝ”လက်နက်ကိုင်အဖွဲ့ UWSA တို့တင်းမာမှုများရှိနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများထွက်ပေါ်လာခဲ့ဖူးသည်။ အဆိုပါ နယ်မြေကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ "ဝ" လက်နက်ကိုင်အဖွဲ့၏ တပ်စခန်းများ ဆုတ်ခွာပေးထားခြင်းမရှိသကဲ့သို့ ထိုင်းနိုင်ငံနှင့်လည်း တွေ့ဆုံမှုမျိုး မရှိဖူးကြောင်း UWSA မှ တာဝန်ရှိသူတစ်ဦးက ဒေသတွင်း မီဒီယာတစ်ခုကို ပြောဆိုထားသည်ကိုလည်း တွေ့ရသည်။
zawgyi version
ထိုင္းႏိုင္ငံတြင္ျပဳလုပ္မည့္ (၆)ႏိုင္ငံအလြတ္သေဘာေဆြးေႏြးပြဲကို နစက၏ ႏိုင္ငံျခားေရးဝန္ႀကီး တက္ေရာက္မည္
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၇
ထိုင္းႏိုင္ငံတြင္ျပဳလုပ္မည့္ (၆)ႏိုင္ငံအလြတ္သေဘာေဆြးေႏြးပြဲကို နစက၏ ႏိုင္ငံျခားေရးဝန္ႀကီး တက္ေရာက္မည္ျဖစ္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(ဒီဇင္ဘာလ ၁၆ ရက္)က ထိုင္းႏိုင္ငံတြင္ျပဳလုပ္မည့္ အလြတ္သေဘာေဆြးေႏြးပြဲ(၂)ခုႏွင့္ပတ္သက္၍ မီဒီယာမ်ား၏ ေမးျမန္ခ်က္မ်ားအေပၚ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲကို ထိုင္းႏိုင္ငံတြင္ လာမည့္ ဒီဇင္ဘာလ ၁၉ ရက္တြင္ ျပဳလုပ္မည္ျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ ဦးေဆာင္သည့္အဖြဲ႕က တက္ေရာက္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အိမ္နီးနားခ်င္းႏိုင္ငံမ်ားျဖစ္တဲ့ တ႐ုတ္၊ လာအို၊ ထိုင္း၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္က ဝန္ႀကီးအဆင့္ရွိသူမ်ား၊ဒုတိယဝန္ႀကီး အဆင့္ရွိသူမ်ားနဲ႔ တာဝန္ရွိသူမ်ားလည္းတက္ေရာက္သြားမွာ ျဖစ္ပါတယ္။အဓိကေတာ့ နယ္စပ္ေရးရာကိစၥေတြ၊ နယ္စပ္ျဖတ္ေက်ာ္မႈခင္းကိစၥေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးသြားမွာျဖစ္ပါတယ္။နယ္စပ္တည္ၿငိမ္ေရး၊ နယ္စပ္ေဒသျဖတ္ေက်ာ္မႈခင္းမ်ား ပူးေပါင္းတိုက္ျဖတ္ႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
လတ္တေလာတြင္ ျမန္မာ-ထိုင္းနယ္စပ္ရွိ “ဝ”လက္နက္ကိုင္အဖြဲ႕၏ တပ္စခန္း(၉)ခုကို ဖယ္ရွားေပးရန္ ထိုင္းစစ္တပ္ဘက္က ေတာင္းဆိုထားသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ “ဝ”လက္နက္ကိုင္အဖြဲ႕က တပ္စခန္းမ်ားကို ဆုတ္ခြာေပးမည္မဟုတ္ေၾကာင္း ေျပာဆိုထားသကဲ့သို႔ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ ေဆြးေႏြးရမည့္ ကိစၥသာျဖစ္ေၾကာင္း “ဝ” ဘက္က တုံျပန္ထားသည္။
ျမန္မာ-ထိုင္းနယ္စပ္ရွိ “ဝ”တပ္စခန္းကိစၥႏွင့္ပတ္သက္၍ နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ဒီမွာေတာ့ “ဝ”နဲ႔ျဖစ္ေနတဲ့ ကိစၥ။ အဲဒါနဲ႔နဲ႔ပတ္သက္ၿပီး သီးျခားကိစၥျဖစ္ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ ျမန္မာနဲ႔ထိုင္းၾကားမွာ နယ္ၾကားေကာ္မတီအဆင့္ဆင့္ ဖြဲ႕စည္းထားတာရွိပါတယ္။ TBC၊ RBC အစရွိစသျဖင့္ လစဥ္လည္း ေဆြးေႏြးေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီကိစၥေတြကေတာ့ ဒီနယ္ျခားေဒသ ေကာ္ မတီေတြရဲ႕ ပုံမွန္အစည္းအေဝးကေနတဆင့္ပဲ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ယမန္ေန႔က ေျပာဆိုထားသည္။
ထိုင္း-ျမန္မာနယ္စပ္ေဒသရွိ "ဝ"ေဒသ (၁၇၁)ဧရိယာအတြင္းက နယ္ေျမ(၉)ခုကို ဒီဇင္ဘာလ ၁၈ ရက္ေနာက္ဆုံးထားကာ ထိုင္းႏိုင္ငံဘက္မွ ဖယ္ခိုင္းခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ ထိုင္းတပ္မေတာ္ႏွင့္ “ဝ”လက္နက္ကိုင္အဖြဲ႕ UWSA တို႔တင္းမာမႈမ်ားရွိေနေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက သတင္းမ်ားထြက္ေပၚလာခဲ့ဖူးသည္။ အဆိုပါ နယ္ေျမကိစၥႏွင့္ပတ္သက္၍ လက္ရွိအခ်ိန္ထိ "ဝ" လက္နက္ကိုင္အဖြဲ႕၏ တပ္စခန္းမ်ား ဆုတ္ခြာေပးထားျခင္းမရွိသကဲ့သို႔ ထိုင္းႏိုင္ငံႏွင့္လည္း ေတြ႕ဆုံမႈမ်ိဳး မရွိဖူးေၾကာင္း UWSA မွ တာဝန္ရွိသူတစ္ဦးက ေဒသတြင္း မီဒီယာတစ္ခုကို ေျပာဆိုထားသည္ကိုလည္း ေတြ႕ရသည္။