AA ထိန်းချုပ်ထားသောနယ်မြေ၌ ဆေးဝါးပြတ်ခြင်းအပြင် တောင်းရမ်းစားသောက်ရသူများရှိနေ
381
သုတကျော် (NP News) - ဒီဇင်ဘာ ၁၈
AA က ဖော်ဆောင်သော စစ်ဘေးကြောင့် အကျပ်အတည်းဆိုက်နေသည့်ရခိုင်တွင် ဆေးဝါး ပြတ်လပ်ခြင်းနှင့်အတူ တောင်းရမ်းစားသောက်ရသူ အရေအတွက် မြင့်မားလာကြောင်း ဒေသခံအချို့က NP News သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ထိန်းချုပ်နယ်မြေရရှိထားပြီး ထပ်မံရရှိရန် တိုက်ပွဲဖော်ဆောင်နေသော AA ကြောင့် ဒေသခံများအကျပ်အတည်းဆိုက်နေပြီး ဆေးဝါးနှင့်ကုန်ပစ္စည်းများ ပြတ်လပ်နေသောကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမှာလည်း အဆများစွာမြင့်တက်နေသည်။
“အဓိကတော့ ဆေးဝါးပြတ်တယ်။ လူသုံးကုန်တွေကတော့ အိန္ဒိယမီဇိုရမ်ဘက်ကနေ သွင်းတယ်။ အခြေခံစားသောက်ကုန်ဈေးတွေကတော့ တော်တော်မြင့်နေတာပေါ့။ ဒါပေမဲ့ အခုကာလတွေ ကြာပြီးတဲ့နောက်မှာ ထပ်တိုးလာတာက ဆေးဝါးပြတ်လပ်တာပါ။ ဥပမာ - ဆေးအမြဲသောက်ဖို့လိုတဲ့ တီဘီတို့ HIV တို့လို လူနာတွေအတွက် အမြဲသောက်ရမယ့် ဆေးပြတ်တာတွေဖြစ်နေတယ်။ ဒါကြောင့် လူ သေဆုံးတာတွေလည်း ရှိနေတယ်။ ပြီးတော့ ဆေးဝါးလည်းပြတ်နေတယ်”ဟု ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်ရာဒေသမှ ဒေသခံတစ်ဦးက ပြောသည်။
ဆေးဝါး ပြတ်လပ်သည့်အတွက် အချိန်မီ ဆေးကုသမှုမရသောကြောင့် သေဆုံးရသူများလည်း ရှိနေကြောင်း သိရသည်။ “ကျွန်တော့်အသိတစ်ယောက်ဆို အောက်ဆီဂျင်မရလို့ သေသွားတယ်။ သူ့ ဝေဒနာက အဲဒီလောက်မဟုတ်ဘူး။ အဓိကတော့ အသက်ရှူကျပ်တယ်ပြောတယ်။ ဆေးဝါးကလည်း မပြည့်စုံ အောက်ဆီဂျင်ကလည်း လုံလုံလောက်လောက်မရှိတော့ ဝေဒနာဖြစ်ပြီး နာရီပိုင်းအတွင်း ဆုံး သွားတာ” ဟု AA ထိန်းချုပ်ရာဒေသအတွင်းနေထိုင်သော အခြားဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ရင်း ခက်ခဲကျပ်တည်းလွန်းသောကြောင့် တောင်းရမ်းစားသောက်နေရသူများလည်းရှိနေကြောင်း ၎င်းကဆိုသည်။
“တောင်းစားရတယ်ပေါ့ဗျာ။ အခုက ရခိုင်ပြည်နယ်မှာလည်း စစ်ဘေးရှောင်နေတဲ့သူတွေ ရှိတယ်။ တော်တော်များတယ်။ အခုက ကျပ်တည်းလာတော့ တချို့ဆို တောင်းတောင်စားနေရပြီ။ တောင်းစားရတဲ့သူအရေအတွက် များလာတယ်။ မတောင်းစားရင်လည်း အဆင်မှမပြေတော့တာ။ သူတို့က အစတုန်းကတော့ ဒီလိုတောင်းစားရမယ် ဘယ်ထင်မလဲ”ဟု ၎င်းကဆိုသည်။
zawgyi version
AA ထိန္းခ်ဳပ္ထားေသာနယ္ေျမ၌ ေဆးဝါးျပတ္ျခင္းအျပင္ ေတာင္းရမ္းစားေသာက္ရသူမ်ားရွိေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၈
AA က ေဖာ္ေဆာင္ေသာ စစ္ေဘးေၾကာင့္ အက်ပ္အတည္းဆိုက္ေနသည့္ရခိုင္တြင္ ေဆးဝါး ျပတ္လပ္ျခင္းႏွင့္အတူ ေတာင္းရမ္းစားေသာက္ရသူ အေရအတြက္ ျမင့္မားလာေၾကာင္း ေဒသခံအခ်ိဳ႕က NP News သို႔ ေျပာသည္။
ရခိုင္ျပည္နယ္တြင္ ထိန္းခ်ဳပ္နယ္ေျမရရွိထားၿပီး ထပ္မံရရွိရန္ တိုက္ပြဲေဖာ္ေဆာင္ေနေသာ AA ေၾကာင့္ ေဒသခံမ်ားအက်ပ္အတည္းဆိုက္ေနၿပီး ေဆးဝါးႏွင့္ကုန္ပစၥည္းမ်ား ျပတ္လပ္ေနေသာေၾကာင့္ ကုန္ပစၥည္းေဈးႏႈန္းမ်ားမွာလည္း အဆမ်ားစြာျမင့္တက္ေနသည္။
“အဓိကေတာ့ ေဆးဝါးျပတ္တယ္။ လူသုံးကုန္ေတြကေတာ့ အိႏၵိယမီဇိုရမ္ဘက္ကေန သြင္းတယ္။ အေျခခံစားေသာက္ကုန္ေဈးေတြကေတာ့ ေတာ္ေတာ္ျမင့္ေနတာေပါ့။ ဒါေပမဲ့ အခုကာလေတြ ၾကာၿပီးတဲ့ေနာက္မွာ ထပ္တိုးလာတာက ေဆးဝါးျပတ္လပ္တာပါ။ ဥပမာ - ေဆးအၿမဲေသာက္ဖို႔လိုတဲ့ တီဘီတို႔ HIV တို႔လို လူနာေတြအတြက္ အၿမဲေသာက္ရမယ့္ ေဆးျပတ္တာေတြျဖစ္ေနတယ္။ ဒါေၾကာင့္ လူ ေသဆုံးတာေတြလည္း ရွိေနတယ္။ ၿပီးေတာ့ ေဆးဝါးလည္းျပတ္ေနတယ္”ဟု ရခိုင္ျပည္နယ္ရွိ AA ထိန္းခ်ဳပ္ရာေဒသမွ ေဒသခံတစ္ဦးက ေျပာသည္။
ေဆးဝါး ျပတ္လပ္သည့္အတြက္ အခ်ိန္မီ ေဆးကုသမႈမရေသာေၾကာင့္ ေသဆုံးရသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။ “ကြၽန္ေတာ့္အသိတစ္ေယာက္ဆို ေအာက္ဆီဂ်င္မရလို႔ ေသသြားတယ္။ သူ႔ ေဝဒနာက အဲဒီေလာက္မဟုတ္ဘူး။ အဓိကေတာ့ အသက္ရႉက်ပ္တယ္ေျပာတယ္။ ေဆးဝါးကလည္း မျပည့္စုံ ေအာက္ဆီဂ်င္ကလည္း လုံလုံေလာက္ေလာက္မရွိေတာ့ ေဝဒနာျဖစ္ၿပီး နာရီပိုင္းအတြင္း ဆုံး သြားတာ” ဟု AA ထိန္းခ်ဳပ္ရာေဒသအတြင္းေနထိုင္ေသာ အျခားေဒသခံတစ္ဦးက ဆိုသည္။
ထို႔ျပင္ ရခိုင္ျပည္နယ္အတြင္း စစ္ေဘးေရွာင္ရင္း ခက္ခဲက်ပ္တည္းလြန္းေသာေၾကာင့္ ေတာင္းရမ္းစားေသာက္ေနရသူမ်ားလည္းရွိေနေၾကာင္း ၎ကဆိုသည္။
“ေတာင္းစားရတယ္ေပါ့ဗ်ာ။ အခုက ရခိုင္ျပည္နယ္မွာလည္း စစ္ေဘးေရွာင္ေနတဲ့သူေတြ ရွိတယ္။ ေတာ္ေတာ္မ်ားတယ္။ အခုက က်ပ္တည္းလာေတာ့ တခ်ိဳ႕ဆို ေတာင္းေတာင္စားေနရၿပီ။ ေတာင္းစားရတဲ့သူအေရအတြက္ မ်ားလာတယ္။ မေတာင္းစားရင္လည္း အဆင္မွမေျပေတာ့တာ။ သူတို႔က အစတုန္းကေတာ့ ဒီလိုေတာင္းစားရမယ္ ဘယ္ထင္မလဲ”ဟု ၎ကဆိုသည္။