လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာမှုကြောင့် စက်မှုဇုန်များ၌ စက်သုံးဆီကို ယခင်ထက်(၃၀) ရာခိုင်နှုန်းအထိ တိုး၍ဝယ်ယူနေရ
172
ယွန်း(NP News) - ဒီဇင်ဘာ ၁၈
လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာသည့်အတွက် စက်မှုဇုန်များ၌ စက်သုံးဆီကို ယခင် ဝယ်ယူသည့်ပမာဏထက် (၃၀)ရာခိုင်နှုန်းအထိ တိုး၍ဝယ်ယူနေရကြောင်း စက်မှုဇုန်လုပ်ငန်းရှင် အချို့ ထံမှ သိရသည်။
နိုင်ငံအတွင်း၌ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၉)ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၈၃) မဂ္ဂါဝပ်လိုအပ်သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယခုကာလတွင် တစ်ရက် ပျမ်းမျှ(၂၈၀ဝ)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏(၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ လူနေရပ်ကွက်များ၌ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမို ကြာမြင့်မှုကိုရင်ဆိုင်လာခဲ့ရပြီး စက်မှုဇုန်များ၌လည်း လျှပ်စစ်မီး ပုံမှန်မရရှိကြောင်း သိရသည်။ ထို့ ကြောင့် စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် စက်ရုံလည်ပတ်နိုင်ရေးအတွက် စက်သုံးဆီများကို ယခင်ဝယ်ယူသည့်ပမာဏထက် (၃၀)ရာခိုင်နှုန်းအထိ တိုး၍ဝယ်ယူလာခဲ့ရပြီး ကုန်ကျစရိတ်များ ပိုမို များပြားလာကြောင်း သိရသည်။
“လူနေအိမ်တွေမှာလည်း တော်တော်ပြတ်တယ်။ စက်ရုံတွေမှာဆိုရင်လည်း (၄)နာရီဆိုပေမယ့် တစ်ခါတစ်လေ (၃)နာရီပဲရတဲ့ရက်လည်းရှိတယ်။ မမှန်ဘူး။ အခုနောက်ပိုင်းမှာ ပိုပြတ်တယ်။ မီးမမှန်ပေ မယ့် အော်ဒါကတော့ ယူရတာပဲ။ ဒါပေမယ့် ပြဿနာက အမြတ်အရမ်းနည်းသွားတယ်။ မြတ်ရမယ့် ပိုက်ဆံက ဆီပဲဝယ်နေရတယ်။ စက်သုံးဆီကလည်း ဈေးတော့ကြီးတယ်။ အစ်ကိုတို့ကတော့ ဘယ်နှစ် ဂါလန် လိုချင်ပါတယ်ဆိုရင် ဇုန်ကိုလျှောက်ရတယ်။ အဲဒီ ကနေ ခွဲတမ်းချပြီး ရောင်းတော့ရောင်း ပေးတယ်။ မီးပျက်တော့ အရင်ကထက်လည်း ပိုဝယ်နေရတယ်။ အရင်ကဝယ်ရတဲ့ပမာဏထက် (၃၀) ရာခိုင်နှုန်း၊ (၄၀)ရာခိုင်နှုန်းလောက်ပိုဝယ်ရတယ်"ဟု ရွှေပေါက် ကံစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
စက်မှုဇုန်များအနေဖြင့် စက်သုံးဆီကို လိုသလောက်ဝယ်ယူ၍ ရသော်လည်း တစ်ဂါလံလျှင် အပြင်ပေါက်ဈေးထက် (၂၀ဝ)ကျပ်ပိုပေး၍ ဝယ်ယူရပြီး ယခင်က တစ်လလျှင် ဆီဖိုးငွေကျပ်သိန်း(၃၀ဝ) ကုန်ကျသည့် စက်ရုံသည် လက်ရှိတွင် သိန်း(၄၀ဝ)၊ သိန်း(၄၅၀)အထိ ကုန်ကျနေကြောင်း၎င်းက ဆို သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အချို့၌ အလုပ်သမားများ၏လစာကို နှစ်ဆနီးပါးတိုးပေး၍ လုပ်သားရှားပါးမှုကို ဖြေရှင်းမှုများလည်းရှိနေသည်။
“ဆီဖိုးမသုံးလိုက်ရဘူးဆိုရင်တော့ ဝန်ထမ်းတွေကို လစာတိုးပေးလို့ရမယ်။ အခုကတော့ ဝန်ထမ်းတွေကို ဒီနှစ်ထဲမှာပဲ လစာတိုးတာနှစ်ခါရှိပြီ။ အရင်ကတော့ တစ်နှစ်တစ်ခါပဲတိုးတယ်။ ထွက်တာ အရမ်းများတော့ လစာတိုးပေးလိုက်တယ်။ လစာက အရမ်းတိုးပေးထားတော့ အခုတော့ အရင်ကလောက် မထွက်ကြတော့ဘူး။ အောက်တိုဘာလကုန်လောက်ထဲက မီးပျက်တာဆိုးလာတာ” ဟု အထက်ပါ စက်မှုဇုန်လုပ်ငန်းရှင်က ဆိုသည်။
ထို့ပြင် ယခုနွေရာသီ၌ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနိုင်ခြင်းကြောင့် ဖြေရှင်း ရန်နည်းလမ်းများကို ရှာဖွေနေရကြောင်း စက်မှုဇုန်လုပ်ငန်းရှင်က ဆိုထားသည်။
ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်တွင်တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စုအချိုးမှာ (၅၆) ရာခိုင်နှုန်းရှိရာမှ ယခု(၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလတွင် (၆၈)ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလျက်ရှိကြောင်း သိရသည်။ ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ်လျှင် စုစုပေါင်း အိမ်ခြေ(၃၅၀ဝ)ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီး ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းသည် (၃၇၈) ကီလိုဝပ်ခန့် ရှိခဲ့ကြောင်း သိရသည်။
zawgyi version
လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္ ပိုမိုၾကာျမင့္လာမႈေၾကာင့္ စက္မႈဇုန္မ်ား၌ စက္သုံးဆီကို ယခင္ထက္(၃၀) ရာခိုင္ႏႈန္းအထိ တိုး၍ဝယ္ယူေနရ
ယြန္း(NP News) - ဒီဇင္ဘာ ၁၈
လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္ ပိုမိုၾကာျမင့္လာသည့္အတြက္ စက္မႈဇုန္မ်ား၌ စက္သုံးဆီကို ယခင္ ဝယ္ယူသည့္ပမာဏထက္ (၃၀)ရာခိုင္ႏႈန္းအထိ တိုး၍ဝယ္ယူေနရေၾကာင္း စက္မႈဇုန္လုပ္ငန္းရွင္ အခ်ိဳ႕ ထံမွ သိရသည္။
ႏိုင္ငံအတြင္း၌ ႏွစ္စဥ္လွ်ပ္စစ္ဓာတ္အား (၉)ရာခိုင္ႏႈန္း တိုးတက္သုံးစြဲလ်က္ရွိသျဖင့္ စုစုေပါင္း (၅၄၈၃) မဂၢါဝပ္လိုအပ္ေသာ္လည္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ယခုကာလတြင္ တစ္ရက္ ပ်မ္းမွ်(၂၈၀ဝ)မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ႏိုင္ၿပီး လိုအပ္ခ်က္၏(၅၀)ရာခိုင္ႏႈန္းခန႔္ကိုသာ ထုတ္လုပ္ ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလကုန္ပိုင္းမွစ၍ လူေနရပ္ကြက္မ်ား၌ လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္ ပိုမို ၾကာျမင့္မႈကိုရင္ဆိုင္လာခဲ့ရၿပီး စက္မႈဇုန္မ်ား၌လည္း လွ်ပ္စစ္မီး ပုံမွန္မရရွိေၾကာင္း သိရသည္။ ထို႔ ေၾကာင့္ စက္မႈဇုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ စက္႐ုံလည္ပတ္ႏိုင္ေရးအတြက္ စက္သုံးဆီမ်ားကို ယခင္ဝယ္ယူသည့္ပမာဏထက္ (၃၀)ရာခိုင္ႏႈန္းအထိ တိုး၍ဝယ္ယူလာခဲ့ရၿပီး ကုန္က်စရိတ္မ်ား ပိုမို မ်ားျပားလာေၾကာင္း သိရသည္။
“လူေနအိမ္ေတြမွာလည္း ေတာ္ေတာ္ျပတ္တယ္။ စက္႐ုံေတြမွာဆိုရင္လည္း (၄)နာရီဆိုေပမယ့္ တစ္ခါတစ္ေလ (၃)နာရီပဲရတဲ့ရက္လည္းရွိတယ္။ မမွန္ဘူး။ အခုေနာက္ပိုင္းမွာ ပိုျပတ္တယ္။ မီးမမွန္ေပ မယ့္ ေအာ္ဒါကေတာ့ ယူရတာပဲ။ ဒါေပမယ့္ ျပႆနာက အျမတ္အရမ္းနည္းသြားတယ္။ ျမတ္ရမယ့္ ပိုက္ဆံက ဆီပဲဝယ္ေနရတယ္။ စက္သုံးဆီကလည္း ေဈးေတာ့ႀကီးတယ္။ အစ္ကိုတို႔ကေတာ့ ဘယ္ႏွစ္ ဂါလန္ လိုခ်င္ပါတယ္ဆိုရင္ ဇုန္ကိုေလွ်ာက္ရတယ္။ အဲဒီ ကေန ခြဲတမ္းခ်ၿပီး ေရာင္းေတာ့ေရာင္း ေပးတယ္။ မီးပ်က္ေတာ့ အရင္ကထက္လည္း ပိုဝယ္ေနရတယ္။ အရင္ကဝယ္ရတဲ့ပမာဏထက္ (၃၀) ရာခိုင္ႏႈန္း၊ (၄၀)ရာခိုင္ႏႈန္းေလာက္ပိုဝယ္ရတယ္"ဟု ေ႐ႊေပါက္ ကံစက္မႈဇုန္ရွိ လုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
စက္မႈဇုန္မ်ားအေနျဖင့္ စက္သုံးဆီကို လိုသေလာက္ဝယ္ယူ၍ ရေသာ္လည္း တစ္ဂါလံလွ်င္ အျပင္ေပါက္ေဈးထက္ (၂၀ဝ)က်ပ္ပိုေပး၍ ဝယ္ယူရၿပီး ယခင္က တစ္လလွ်င္ ဆီဖိုးေငြက်ပ္သိန္း(၃၀ဝ) ကုန္က်သည့္ စက္႐ုံသည္ လက္ရွိတြင္ သိန္း(၄၀ဝ)၊ သိန္း(၄၅၀)အထိ ကုန္က်ေနေၾကာင္း၎က ဆို သည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္အခ်ိဳ႕၌ အလုပ္သမားမ်ား၏လစာကို ႏွစ္ဆနီးပါးတိုးေပး၍ လုပ္သားရွားပါးမႈကို ေျဖရွင္းမႈမ်ားလည္းရွိေနသည္။
“ဆီဖိုးမသုံးလိုက္ရဘူးဆိုရင္ေတာ့ ဝန္ထမ္းေတြကို လစာတိုးေပးလို႔ရမယ္။ အခုကေတာ့ ဝန္ထမ္းေတြကို ဒီႏွစ္ထဲမွာပဲ လစာတိုးတာႏွစ္ခါရွိၿပီ။ အရင္ကေတာ့ တစ္ႏွစ္တစ္ခါပဲတိုးတယ္။ ထြက္တာ အရမ္းမ်ားေတာ့ လစာတိုးေပးလိုက္တယ္။ လစာက အရမ္းတိုးေပးထားေတာ့ အခုေတာ့ အရင္ကေလာက္ မထြက္ၾကေတာ့ဘူး။ ေအာက္တိုဘာလကုန္ေလာက္ထဲက မီးပ်က္တာဆိုးလာတာ” ဟု အထက္ပါ စက္မႈဇုန္လုပ္ငန္းရွင္က ဆိုသည္။
ထို႔ျပင္ ယခုေႏြရာသီ၌ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုဆိုး႐ြားလာႏိုင္ျခင္းေၾကာင့္ ေျဖရွင္း ရန္နည္းလမ္းမ်ားကို ရွာေဖြေနရေၾကာင္း စက္မႈဇုန္လုပ္ငန္းရွင္က ဆိုထားသည္။
ၿပီးခဲ့သည့္ (၂၀၂၁)ခုႏွစ္တြင္တစ္ႏိုင္ငံလုံး၏ လွ်ပ္စစ္ဓာတ္အားသုံးစြဲသည့္ အိမ္ေထာင္စုအခ်ိဳးမွာ (၅၆) ရာခိုင္ႏႈန္းရွိရာမွ ယခု(၂၀၂၄) ခုႏွစ္၊ ႏိုဝင္ဘာလတြင္ (၆၈)ရာခိုင္ႏႈန္းအထိ တိုးတက္သုံးစြဲလ်က္ရွိေၾကာင္း သိရသည္။ ျပည္တြင္း၌ လွ်ပ္စစ္ဓာတ္အား (၁)မဂၢါဝပ္လွ်င္ စုစုေပါင္း အိမ္ေျခ(၃၅၀ဝ)ခန႔္ကို လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ၿပီး ၿပီးခဲ့သည့္ (၂၀၂၂)ခုႏွစ္တြင္ တစ္ဦးခ်င္းပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား သုံးစြဲမႈႏႈန္းသည္ (၃၇၈) ကီလိုဝပ္ခန႔္ ရွိခဲ့ေၾကာင္း သိရသည္။