ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ၏ ပထမအကြိမ် စမ်းသပ်စစ်ဆေးမှုရလဒ်အပေါ် ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးခွင့်ပြုမည်
384
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ (၁၇) ရက်
ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများ၏ ပထမအကြိမ် စမ်းသပ်စစ်ဆေးမှုရလဒ်အပေါ် ဒုတိယအကြိမ် ထပ်မံစမ်းသပ်စစ်ဆေးခွင့်ပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အကောက်ခွန်ကြီးကြပ်မှုအောက်၌ အကျုံးဝင်သည့်သွင်းကုန်ကြေညာလွှာ တင်သွင်းထားသော ကုန်ပစ္စည်းများကို လာမည့် ဇန်နဝါရီ ၉ ရက်မှစတင်ပြီး ဒုတိယအကြိမ် စစ်ဆေးခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
"ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄ (ခ) လုပ်ပိုင်ခွင့်အရ ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးခွင့်ကို ပြုမှာဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးခွင့်ပြုတာဟာ အကောက်ခွန်ကြီးကြပ်မှုအောက်မှာ အကျုံးဝင်တဲ့ သွင်းကုန်ကြေညာလွှာ တင်သွင်းထားတဲ့ ကုန်ပစ္စည်းနဲ့သာသက်ဆိုင်မှာဖြစ်ပါတယ်။ အဲဒါက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာစတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်"ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးခွင့်သည် ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရေးသဘောတူညီချက် အရ ကုန်ပစ္စည်းနမူနာများ၏ ပထမအကြိမ်စမ်းသပ်စစ်ဆေးမှုရလဒ်သည် သွင်းကုန်တင်သွင်းရာ၌တင်ပြသော ကုန်ပစ္စည်းအရည်အသွေးနှင့်ဆက်စပ်သည့် ကုန်သွယ်မှုစာရွက်စာတမ်းပါသတ်မှတ်ချက်များအရလည်းကောင်း ၊ အခွင့်အာဏာပိုင်ကကုန်စည်အလိုက်သတ်မှတ်ထုတ်ပြန်ထားသောစံသတ်မှတ်ချက်များအရလည်းကောင်း ကိုက်ညီတာမရှိခဲ့လျှင် ပြန်လည်စစ်ဆေးရန် လျှောက်ထားလာပါက စစ်ဆေးခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကုန်ပစ္စည်းတင်သွင်းသူ၊ ကုန်ပစ္စည်းတင်သွင်းသူ၏အခွင့်ရကိုယ်စားလှယ်၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသူများသည် ပထမအကြိမ်စမ်းသပ်စစ်ဆေးမှုရလဒ်နှင့် သွင်းကုန်ကြေညာလွှာ၌ တင်သွင်းထားသည့်ကုန်ပစ္စည်း၏အရည်အသွေး ကိုက်ညီမှုမရှိပါက အဆိုပါကုန်ပစ္စည်းကို ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးခွင့်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ စမ်းသပ်စစ်ဆေးရန် ပထမအကြိမ်စမ်းသပ်စစ်ဆေးမှုရရှိပြီး ရက်ပေါင်း (၃၀)အတွင်း ဒုတိယအကြိမ်စစ်ဆေးခြင်းများပြုလုပ်နိုင်ပြီး၊ ပထမအကြိမ်၌စစ်ဆေးရရှိသောရလဒ်များ ခိုင်လုံသည့်အထောက်အထား စာရွက်စာတမ်းများဖြင့် အကောက်ခွန်ဦးစီးဌာနကို တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ျပည္ပမွတင္သြင္းသည့္ ကုန္ပစၥည္းမ်ား၏ ပထမအႀကိမ္ စမ္းသပ္စစ္ေဆးမႈရလဒ္အေပၚ ဒုတိယအႀကိမ္ စမ္းသပ္စစ္ေဆးခြင့္ျပဳမည္
ပြည့်ဖြိုး (NP News) - ဒီဇင္ဘာ (၁၇) ရက္
ျပည္ပမွတင္သြင္းသည့္ ကုန္ပစၥည္းမ်ား၏ ပထမအႀကိမ္ စမ္းသပ္စစ္ေဆးမႈရလဒ္အေပၚ ဒုတိယအႀကိမ္ ထပ္မံစမ္းသပ္စစ္ေဆးခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
အေကာက္ခြန္ႀကီးၾကပ္မႈေအာက္၌ အက်ဳံးဝင္သည့္သြင္းကုန္ေၾကညာလႊာ တင္သြင္းထားေသာ ကုန္ပစၥည္းမ်ားကို လာမည့္ ဇန္နဝါရီ ၉ ရက္မွစတင္ၿပီး ဒုတိယအႀကိမ္ စစ္ေဆးျခင္းကို ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ပင္လယ္ေရေၾကာင္း အေကာက္ခြန္အက္ဥပေဒ ပုဒ္မ ၂၀၄ (ခ) လုပ္ပိုင္ခြင့္အရ ဒုတိယအႀကိမ္ စမ္းသပ္စစ္ေဆးခြင့္ကို ျပဳမွာျဖစ္ပါတယ္။ စမ္းသပ္စစ္ေဆးခြင့္ျပဳတာဟာ အေကာက္ခြန္ႀကီးၾကပ္မႈေအာက္မွာ အက်ဳံးဝင္တဲ့ သြင္းကုန္ေၾကညာလႊာ တင္သြင္းထားတဲ့ ကုန္ပစၥည္းနဲ႔သာသက္ဆိုင္မွာျဖစ္ပါတယ္။ အဲဒါက ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၉ ရက္မွာစတင္အက်ိဳးသက္ေရာက္မွာျဖစ္ပါတယ္"ဟု စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဒုတိယအႀကိမ္စမ္းသပ္စစ္ေဆးခြင့္သည္ ကုန္သြယ္ေရးလြယ္ကူေခ်ာေမြ႕ေစေရးသေဘာတူညီခ်က္ အရ ကုန္ပစၥည္းနမူနာမ်ား၏ ပထမအႀကိမ္စမ္းသပ္စစ္ေဆးမႈရလဒ္သည္ သြင္းကုန္တင္သြင္းရာ၌တင္ျပေသာ ကုန္ပစၥည္းအရည္အေသြးႏွင့္ဆက္စပ္သည့္ ကုန္သြယ္မႈစာ႐ြက္စာတမ္းပါသတ္မွတ္ခ်က္မ်ားအရလည္းေကာင္း ၊ အခြင့္အာဏာပိုင္ကကုန္စည္အလိုက္သတ္မွတ္ထုတ္ျပန္ထားေသာစံသတ္မွတ္ခ်က္မ်ားအရလည္းေကာင္း ကိုက္ညီတာမရွိခဲ့လွ်င္ ျပန္လည္စစ္ေဆးရန္ ေလွ်ာက္ထားလာပါက စစ္ေဆးခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကုန္ပစၥည္းတင္သြင္းသူ၊ ကုန္ပစၥည္းတင္သြင္းသူ၏အခြင့္ရကိုယ္စားလွယ္၊ အေကာက္ခြန္ဝန္ေဆာင္မႈလုပ္ငန္းလုပ္ေဆာင္ေနသူမ်ားသည္ ပထမအႀကိမ္စမ္းသပ္စစ္ေဆးမႈရလဒ္ႏွင့္ သြင္းကုန္ေၾကညာလႊာ၌ တင္သြင္းထားသည့္ကုန္ပစၥည္း၏အရည္အေသြး ကိုက္ညီမႈမရွိပါက အဆိုပါကုန္ပစၥည္းကို ဒုတိယအႀကိမ္စမ္းသပ္စစ္ေဆးခြင့္ျပဳလုပ္ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။ စမ္းသပ္စစ္ေဆးရန္ ပထမအႀကိမ္စမ္းသပ္စစ္ေဆးမႈရရွိၿပီး ရက္ေပါင္း (၃၀)အတြင္း ဒုတိယအႀကိမ္စစ္ေဆးျခင္းမ်ားျပဳလုပ္ႏိုင္ၿပီး၊ ပထမအႀကိမ္၌စစ္ေဆးရရွိေသာရလဒ္မ်ား ခိုင္လုံသည့္အေထာက္အထား စာ႐ြက္စာတမ္းမ်ားျဖင့္ အေကာက္ခြန္ဦးစီးဌာနကို တင္ျပသြားရမည္ျဖစ္ေၾကာင္း သိရသည္။