Stanley အပူခံမက်ခွက်များမှ မီးလောင်မှုအန္တရာယ်ရှိတာကြောင့် အပူခံခွက် ၂.၅ သန်းကျော်ကို ပြန်လည် သိမ်းဆည်းရ
311
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၅
Stanley တံဆိပ် အပူခံခရီးဆောင်မက်ခွက်တွေဟာ “မီးလောင်မှုအန္တရာယ်” ဖြစ်နိုင်ချေရှိတာကြောင့် ခွက် ၂.၆ သန်းခန့်ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ စားသုံးသူထုတ်ကုန်ဘေးကင်းရေးကော်မရှင်က ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၃ ရက်) မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အထူးသဖြင့် အမေရိကန်နိုင်ငံ၊ Stanely Switchback မှ ထုတ်တဲ့ ခရီးသွားမတ်ခွက်အားလုံးမှာ အပူနဲ့ထိတွေ့ရင် လောင်ကျွမ်းနိုင်တဲ့ polypropylene အဖုံးများ ပါရှိနေတယ်လို့ ကော်မရှင်က ပြောကြားပါတယ်။ အဆိုပါအဖုံး တွေမှာ polypropylene ပမာဏ ၁၂ အောင်စမှ ၂၀ အောင်စအထိပါရှိပြီး အဖြူ၊ အနက် နဲ့ အစိမ်းရောင် အပါအဝင် အရောင်အမျိုးမျိုးနဲ့ ဖန်တီးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ဗူးအဖုံးနဲ့ပတ်သက်တဲ့ပြဿနာတွေအတွက် ကမ္ဘာတစ်ဝှမ်း တိုင်ကြားချက်အစီရင်ခံစာ ၉၀ ကျော် လက်ခံရရှိခဲ့ပြီး အဲဒီတိုင်ကြားချက်တွေထဲက ၃၈ ခုဟာ မီးလောင်မှုဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ Stanley ခရီးဆောင် အပူခံဗူးတွေ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ပြီး အခမဲ့ အစားထိုးအဖုံး ရယူဖို့ Stanley ကို ဆက်သွယ်သင့်တယ်လို့ ကော်မရှင်က ပြောကြားပါတယ်။
မော်ဒယ်ပေါ်မူတည်ပြီး ဒေါ်လာ ၂၀ ကနေ ဒေါ်လာ ၅၀ ကြား ကျသင့်တဲ့ အဆိုပါခွက်တွေကို Amazon၊ Target၊ Walmart နဲ့ Dick's Sporting Goods လို လက်လီအရောင်းဆိုင်တွေမှာ ရောင်းချလေ့ ရှိပါတယ်။
Zawgyi Version;
Stanley အပူခံမက္ခြက္မ်ားမွ မီးေလာင္မႈအႏၲရာယ္ရွိတာေၾကာင့္ အပူခံခြက္ ၂.၅ သန္းေက်ာ္ကို ျပန္လည္ သိမ္းဆည္းရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၅
Stanley တံဆိပ္ အပူခံခရီးေဆာင္မက္ခြက္ေတြဟာ “မီးေလာင္မႈအႏၲရာယ္” ျဖစ္ႏိုင္ေခ်ရွိတာေၾကာင့္ ခြက္ ၂.၆ သန္းခန႔္ကို ျပန္လည္သိမ္းဆည္းခဲ့တယ္လို႔ စားသုံးသူထုတ္ကုန္ေဘးကင္းေရးေကာ္မရွင္က ၾကာသပေတးေန႔ (ဒီဇင္ဘာ ၁၃ ရက္) မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
အထူးသျဖင့္ အေမရိကန္ႏိုင္ငံ၊ Stanely Switchback မွ ထုတ္တဲ့ ခရီးသြားမတ္ခြက္အားလုံးမွာ အပူနဲ႔ထိေတြ႕ရင္ ေလာင္ကြၽမ္းႏိုင္တဲ့ polypropylene အဖုံးမ်ား ပါရွိေနတယ္လို႔ ေကာ္မရွင္က ေျပာၾကားပါတယ္။ အဆိုပါအဖုံး ေတြမွာ polypropylene ပမာဏ ၁၂ ေအာင္စမွ ၂၀ ေအာင္စအထိပါရွိၿပီး အျဖဴ၊ အနက္ နဲ႔ အစိမ္းေရာင္ အပါအဝင္ အေရာင္အမ်ိဳးမ်ိဳးနဲ႔ ဖန္တီးထားတယ္လို႔ ဆိုပါတယ္။ အဆိုပါ ဗူးအဖုံးနဲ႔ပတ္သက္တဲ့ျပႆနာေတြအတြက္ ကမာၻတစ္ဝွမ္း တိုင္ၾကားခ်က္အစီရင္ခံစာ ၉၀ ေက်ာ္ လက္ခံရရွိခဲ့ၿပီး အဲဒီတိုင္ၾကားခ်က္ေတြထဲက ၃၈ ခုဟာ မီးေလာင္မႈျဖစ္တယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ အသုံးျပဳသူေတြအေနနဲ႔ Stanley ခရီးေဆာင္ အပူခံဗူးေတြ အသုံးျပဳျခင္းကို ခ်က္ခ်င္းရပ္တန႔္ၿပီး အခမဲ့ အစားထိုးအဖုံး ရယူဖို႔ Stanley ကို ဆက္သြယ္သင့္တယ္လို႔ ေကာ္မရွင္က ေျပာၾကားပါတယ္။
ေမာ္ဒယ္ေပၚမူတည္ၿပီး ေဒၚလာ ၂၀ ကေန ေဒၚလာ ၅၀ ၾကား က်သင့္တဲ့ အဆိုပါခြက္ေတြကို Amazon၊ Target၊ Walmart နဲ႔ Dick's Sporting Goods လို လက္လီအေရာင္းဆိုင္ေတြမွာ ေရာင္းခ်ေလ့ ရွိပါတယ္။