စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စစ်၏ဘေးထွက်ဆိုးကျိုးအပြင် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ဆင့်ကဲ ခံစားနေကြရ

 161

သုတကျော်၊ ချယ်ရီ (NP News) - ဒီဇင်ဘာ ၁၂

စစ်ဘေးရှောင် ပြည်သူများအနေဖြင့် စစ်ဘေး၏ဘေးထွက်ဆိုးကျိုးအပြင် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ဆင့်ကဲခံစားနေကြရကြောင်း NP News က စစ်ဘေးရှောင်ပြည်သူအချို့ထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် အပါအဝင် တိုက်ပွဲဖြစ်ဒေသများမှ စစ်ဘေးရှောင်ပြည်သူများ အနေဖြင့်လက်နက်ကိုင်များဖော်ဆောင်သည့် တိုက်ပွဲများကြောင့် လုံခြုံသောနေရာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

ထိုသို့ တိမ်းရှောင်သူများထဲတွင် ငွေကြေးသုံးစွဲနိုင်သူများ ပါဝင်သကဲ့သို့ ငွေကြေးချို့တဲ့သူများလည်း ပါဝင်ရာ ငွေကြေးချို့တဲ့သူများအနေဖြင့် ဘေးလွတ်ရာသို့ ရောက်အောင်ပြေးခဲ့ပြီးနောက် အသက်ရှင် ရပ်တည်ရန်အတွက် ကုန်စျေးနှုန်းက တဖန်ဖိနှိပ်သည့်ဒဏ်ကို ခံစားနေကြရခြင်းဖြစ်သည်။ ထို့အတူ တိုက်ပွဲဖြစ်ဒေသများတွင် ကျန်ခဲ့သူများအတွက်လည်း စစ်ဘေးကြောင့် ပစ္စည်းရှားပါးသည့်အတွက် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ထပ်မံခံစားကြရသည်။

“သူတို့ရပ်တည်ဖို့ အရမ်းခက်သွားကြပြီ။ ခက်သွားကြတော့ သူတို့ရဲ့ထမင်းဝိုင်းက အရင်တုန်းကလောက်တော့ မစိုပြည်နိုင်တော့ဘူးပေါ့။ ဒီမှာအကျိုးဆက်တွေ ပိုပြီးကြောက်ရတဲ့ဟာက နံပါတ်(၁) လူဟာ ကျန်တဲ့အချိန်မှာသာ ဘာမှမဟုတ်တာ ငတ်လာရင် လုပ်တတ်တဲ့အကျင့်တွေဆိုတာ ရှိတယ်လေ။ ခိုးတာတွေ၊ လုယက်တာတွေ ကြောက်ရတယ်။ ဘာလို့လဲဆိုတော့ သူမရရင် ရအောင် သူ့ရဲ့ဝမ်းရေးကို ဖြေရှင်းဖို့အတွက် သူရတဲ့နည်းနဲ့လုပ်တော့မယ်လေ။ အဲဒီမှာတင် ကျန်တဲ့သူတွေအတွက်ပါ ဒီထမင်းဝိုင်း မစိုပြည်တဲ့ဟာက ကျန်တဲ့ဘေးဘက်ကိုပါ ရိုက်ခတ်မှုတွေဖြစ်လာဖို့ကိုတော့ ကြောက်ရတယ်။ အခုလက်ရှိမှာဆိုရင် အဲဒီလို အနေအထားက ဘယ်သူတွေမှာ ဖြစ်နေလဲဆိုရင် စစ်ဘေးရှောင်ပြီး ဒီကိုတက်လာတဲ့လူတွေမှာလည်း အဲဒီလို ဖြစ်လာတဲ့သူတွေပါတယ်။ ဟိုမှာတုန်းက လူတန်းစေ့တွေ နေနိုင်မယ်။ ဒါပေမဲ့ အခုက အိမ်တွေ၊ယာတွေကို စွန့်ခွာပြီး လာရတယ်။ သူတို့ဒီကိုရောက်မှ လက်ဝတ်လက်စားတွေ ထုခွဲရောင်းချ၊ ပါလာတဲ့ငွေလေးနဲ့ နေရတာမျိုးလေ”ဟု ရန်ကုန်မြို့တွင် နေထိုင်သော စစ်ဘေးရှောင်များ အရေး ကူညီပေးနေသူ တစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်များအတွက် ထိခိုက်မှုမှာ နှစ်ဆင့်ဖြစ်သွားကြောင်းလည်း ၎င်းက ဆိုသည်။
“စစ်ဘေးရှောင်တွေအတွက်ကတော့ (၂)ဆင့် ပြန်ထိတာပေါ့။ ဟိုမှာ တစ်ကြိမ်ခံခဲ့ရတယ်။ ပြောင်းလာတယ်။ စားရိတ်က ကုန်ကျတာတစ်ပိုင်း၊ အိမ်ငှားတာတွေ စားတဲ့အခါမှာလည်း သူတို့ဒေသမှာ (၅) ထောင်နဲ့ရပေမယ့် ဒီမှာက (၁)သောင်း၊ (၁)သောင်းခွဲ ကုန်တဲ့အခါမှာ သူတို့က လန့်နေပြီ။ သူတို့မကြားဖူးတဲ့ကုန်ဈေးနှုန်းတွေကို ကြားနေရတာဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ထပ်ပြီးအထောင်းခံရသလို ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် တစ်ပူမှနှစ်ပူဆင့်နေသော်လည်း ရှောင်လွှဲမရသော ကိစ္စ ဖြစ်ပြီး တစ်ဦးတည်းကြုံနေရသော ကိစ္စမဟုတ်ပဲ အများနှင့်အတူ ခက်ခဲနေရခြင်းဖြစ်သည်ဟူ၍သာ နားလည်ထားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှထွက်ပြေးလာခဲ့သော စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။

“တောင်ကြီးမှာ လက်ရှိစစ်ရှောင်နေတဲ့ သူပေါ့ ကျောက်မဲသူပဲ။ တောင်ကြီးက ဈေးတောင်မှ ကျောက်မဲဈေးထက် ပိုပြီးများနေသေးတယ်တဲ့။ ကျောက်မဲကဈေးက အရင်တုန်းက ဈေးအတိုင်းပဲ ပြန်ရောင်းပေးနေတယ်။ တောင်ကြီးမှာတော့ စစ်မဖြစ်ပဲနဲ့ ဈေးက ပိုပြီးတော့ ကျောက်မဲထက် ဈေးကြီးနေတယ်တဲ့။ အခုဆို စစ်ဘေးရှောင်တွေထဲမှာ မနက်ဖြန်ကို ဘယ်လိုရှေ့ဆက်ရမလဲဆိုပြီး တကယ်ကို တွေးပူနေရတဲ့သူတွေရှိတယ်။ ဆွေမရှိ၊ မျိုးမရှိတဲ့ နေရာတွေဆိုရင် ပိုဆိုးမှာပေါ့။ အစ်မတို့က ဆွေမျိုးတွေရှိတော့ နည်းနည်းလေး ခံသာသေးတယ်လေ။ ဘာမှမရှိတဲ့သူတွေက တကယ်ဆိုးဆိုးရွားရွား။ အဲဒါကြောင့်မို့ တချို့က ပေပြီးတော့ နေနေတာလေ”ဟု ၎င်းက ဆိုသည်။

အချို့သော စစ်ဘေးရှောင်ပြည်သူများဆိုလျှင် အိမ်ငှားခ၊ စားစရိတ်အပါအဝင် အထွေထွေ ကုန်ကျစားရိတ်များကြီးမားသည့်အတွက် သေလိုကသေစေတော့ဟု တွေးကာ နေရပ်ပြန်သူများလည်း ရှိလာကြောင်း ၎င်းက ဆိုသည်။ “ဘာပဲဖြစ်ဖြစ် ကိုယ့်မြို့မှာပဲ နေလိုက်တော့မယ်ဆိုပြီးတော့ ပြန်သွားတဲ့သူတွေလည်း အများကြီးပဲ။ ပြီးရင် အိမ်ဈေးနှုန်းတွေ၊ အိမ်ငှားခတွေ ဘာတွေကအစ ဈေးကြီးတယ်လေ။ စစချင်းဖြစ်တုန်းကဆို တောင်ကြီးဘက်ဆို (၃)လစာ၊ (၆)လစာ အဲဒီလိုချုပ်တော့ ပြည့်သွားတဲ့အခါ နောက်ထပ် ထပ်ချုပ်ဖို့က မနိုင်တော့ဘူးလေ။ အဲဒီကြောင့် တချို့က ပြန်သွားကြတာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် NP News က စစ်တမ်းသဖွယ် ကောက်ယူမေးမြန်းထားသော အချက်အလက်များအရ စစ်ဘေးရှောင် ပြည်သူများရောက်ရှိမှုများပြားသည့် အချို့နေရာများတွင် ကုန်စျေးနှုန်းကို ပုံမှန်ထက် တင်ကာ ရောင်းချခြင်းမျိုး ရှိနေကြောင်း သိရသည်။ သို့သော် အချို့နေရာများတွင်မူ စစ်ဘေးရှောင်များကို စာနာသောအားဖြင့် အလုပ်အကိုင်ခန့်ထားခြင်း၊ ကူညီပေးခြင်းများလည်း ရှိနေကြောင်း သိရသည်။

zawgyi version
စစ္ေဘးေရွာင္ျပည္သူမ်ားအေနျဖင့္ စစ္၏ေဘးထြက္ဆိုးက်ိဳးအျပင္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈဒဏ္ကိုပါ ဆင့္ကဲ ခံစားေနၾကရ
သုတေက်ာ္၊ ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၁၂

စစ္ေဘးေရွာင္ ျပည္သူမ်ားအေနျဖင့္ စစ္ေဘး၏ေဘးထြက္ဆိုးက်ိဳးအျပင္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈဒဏ္ကိုပါ ဆင့္ကဲခံစားေနၾကရေၾကာင္း NP News က စစ္ေဘးေရွာင္ျပည္သူအခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ရခိုင္ျပည္နယ္ အပါအဝင္ တိုက္ပြဲျဖစ္ေဒသမ်ားမွ စစ္ေဘးေရွာင္ျပည္သူမ်ား အေနျဖင့္လက္နက္ကိုင္မ်ားေဖာ္ေဆာင္သည့္ တိုက္ပြဲမ်ားေၾကာင့္ လုံၿခဳံေသာေနရာမ်ားသို႔ ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကရျခင္း ျဖစ္သည္။

ထိုသို႔ တိမ္းေရွာင္သူမ်ားထဲတြင္ ေငြေၾကးသုံးစြဲႏိုင္သူမ်ား ပါဝင္သကဲ့သို႔ ေငြေၾကးခ်ိဳ႕တဲ့သူမ်ားလည္း ပါဝင္ရာ ေငြေၾကးခ်ိဳ႕တဲ့သူမ်ားအေနျဖင့္ ေဘးလြတ္ရာသို႔ ေရာက္ေအာင္ေျပးခဲ့ၿပီးေနာက္ အသက္ရွင္ ရပ္တည္ရန္အတြက္ ကုန္ေစ်းႏႈန္းက တဖန္ဖိႏွိပ္သည့္ဒဏ္ကို ခံစားေနၾကရျခင္းျဖစ္သည္။ ထို႔အတူ တိုက္ပြဲျဖစ္ေဒသမ်ားတြင္ က်န္ခဲ့သူမ်ားအတြက္လည္း စစ္ေဘးေၾကာင့္ ပစၥည္းရွားပါးသည့္အတြက္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈဒဏ္ကို ထပ္မံခံစားၾကရသည္။

“သူတို႔ရပ္တည္ဖို႔ အရမ္းခက္သြားၾကၿပီ။ ခက္သြားၾကေတာ့ သူတို႔ရဲ႕ထမင္းဝိုင္းက အရင္တုန္းကေလာက္ေတာ့ မစိုျပည္ႏိုင္ေတာ့ဘူးေပါ့။ ဒီမွာအက်ိဳးဆက္ေတြ ပိုၿပီးေၾကာက္ရတဲ့ဟာက နံပါတ္(၁) လူဟာ က်န္တဲ့အခ်ိန္မွာသာ ဘာမွမဟုတ္တာ ငတ္လာရင္ လုပ္တတ္တဲ့အက်င့္ေတြဆိုတာ ရွိတယ္ေလ။ ခိုးတာေတြ၊ လုယက္တာေတြ ေၾကာက္ရတယ္။ ဘာလို႔လဲဆိုေတာ့ သူမရရင္ ရေအာင္ သူ႔ရဲ႕ဝမ္းေရးကို ေျဖရွင္းဖို႔အတြက္ သူရတဲ့နည္းနဲ႔လုပ္ေတာ့မယ္ေလ။ အဲဒီမွာတင္ က်န္တဲ့သူေတြအတြက္ပါ ဒီထမင္းဝိုင္း မစိုျပည္တဲ့ဟာက က်န္တဲ့ေဘးဘက္ကိုပါ ႐ိုက္ခတ္မႈေတြျဖစ္လာဖို႔ကိုေတာ့ ေၾကာက္ရတယ္။ အခုလက္ရွိမွာဆိုရင္ အဲဒီလို အေနအထားက ဘယ္သူေတြမွာ ျဖစ္ေနလဲဆိုရင္ စစ္ေဘးေရွာင္ၿပီး ဒီကိုတက္လာတဲ့လူေတြမွာလည္း အဲဒီလို ျဖစ္လာတဲ့သူေတြပါတယ္။ ဟိုမွာတုန္းက လူတန္းေစ့ေတြ ေနႏိုင္မယ္။ ဒါေပမဲ့ အခုက အိမ္ေတြ၊ယာေတြကို စြန႔္ခြာၿပီး လာရတယ္။ သူတို႔ဒီကိုေရာက္မွ လက္ဝတ္လက္စားေတြ ထုခြဲေရာင္းခ်၊ ပါလာတဲ့ေငြေလးနဲ႔ ေနရတာမ်ိဳးေလ”ဟု ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္ေသာ စစ္ေဘးေရွာင္မ်ား အေရး ကူညီေပးေနသူ တစ္ဦးက ဆိုသည္။

စစ္ေဘးေရွာင္မ်ားအတြက္ ထိခိုက္မႈမွာ ႏွစ္ဆင့္ျဖစ္သြားေၾကာင္းလည္း ၎က ဆိုသည္။
“စစ္ေဘးေရွာင္ေတြအတြက္ကေတာ့ (၂)ဆင့္ ျပန္ထိတာေပါ့။ ဟိုမွာ တစ္ႀကိမ္ခံခဲ့ရတယ္။ ေျပာင္းလာတယ္။ စားရိတ္က ကုန္က်တာတစ္ပိုင္း၊ အိမ္ငွားတာေတြ စားတဲ့အခါမွာလည္း သူတို႔ေဒသမွာ (၅) ေထာင္နဲ႔ရေပမယ့္ ဒီမွာက (၁)ေသာင္း၊ (၁)ေသာင္းခြဲ ကုန္တဲ့အခါမွာ သူတို႔က လန႔္ေနၿပီ။ သူတို႔မၾကားဖူးတဲ့ကုန္ေဈးႏႈန္းေတြကို ၾကားေနရတာျဖစ္တဲ့အတြက္ ေနာက္တစ္ႀကိမ္ ထပ္ၿပီးအေထာင္းခံရသလို ျဖစ္ေနတယ္”ဟု ၎က ဆိုသည္။

လက္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအေနျဖင့္ တစ္ပူမွႏွစ္ပူဆင့္ေနေသာ္လည္း ေရွာင္လႊဲမရေသာ ကိစၥ ျဖစ္ၿပီး တစ္ဦးတည္းႀကဳံေနရေသာ ကိစၥမဟုတ္ပဲ အမ်ားႏွင့္အတူ ခက္ခဲေနရျခင္းျဖစ္သည္ဟူ၍သာ နားလည္ထားေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွထြက္ေျပးလာခဲ့ေသာ စစ္ေဘးေရွာင္ ျပည္သူတစ္ဦးက ဆိုသည္။

“ေတာင္ႀကီးမွာ လက္ရွိစစ္ေရွာင္ေနတဲ့ သူေပါ့ ေက်ာက္မဲသူပဲ။ ေတာင္ႀကီးက ေဈးေတာင္မွ ေက်ာက္မဲေဈးထက္ ပိုၿပီးမ်ားေနေသးတယ္တဲ့။ ေက်ာက္မဲကေဈးက အရင္တုန္းက ေဈးအတိုင္းပဲ ျပန္ေရာင္းေပးေနတယ္။ ေတာင္ႀကီးမွာေတာ့ စစ္မျဖစ္ပဲနဲ႔ ေဈးက ပိုၿပီးေတာ့ ေက်ာက္မဲထက္ ေဈးႀကီးေနတယ္တဲ့။ အခုဆို စစ္ေဘးေရွာင္ေတြထဲမွာ မနက္ျဖန္ကို ဘယ္လိုေရွ႕ဆက္ရမလဲဆိုၿပီး တကယ္ကို ေတြးပူေနရတဲ့သူေတြရွိတယ္။ ေဆြမရွိ၊ မ်ိဳးမရွိတဲ့ ေနရာေတြဆိုရင္ ပိုဆိုးမွာေပါ့။ အစ္မတို႔က ေဆြမ်ိဳးေတြရွိေတာ့ နည္းနည္းေလး ခံသာေသးတယ္ေလ။ ဘာမွမရွိတဲ့သူေတြက တကယ္ဆိုးဆိုး႐ြား႐ြား။ အဲဒါေၾကာင့္မို႔ တခ်ိဳ႕က ေပၿပီးေတာ့ ေနေနတာေလ”ဟု ၎က ဆိုသည္။

အခ်ိဳ႕ေသာ စစ္ေဘးေရွာင္ျပည္သူမ်ားဆိုလွ်င္ အိမ္ငွားခ၊ စားစရိတ္အပါအဝင္ အေထြေထြ ကုန္က်စားရိတ္မ်ားႀကီးမားသည့္အတြက္ ေသလိုကေသေစေတာ့ဟု ေတြးကာ ေနရပ္ျပန္သူမ်ားလည္း ရွိလာေၾကာင္း ၎က ဆိုသည္။ “ဘာပဲျဖစ္ျဖစ္ ကိုယ့္ၿမိဳ႕မွာပဲ ေနလိုက္ေတာ့မယ္ဆိုၿပီးေတာ့ ျပန္သြားတဲ့သူေတြလည္း အမ်ားႀကီးပဲ။ ၿပီးရင္ အိမ္ေဈးႏႈန္းေတြ၊ အိမ္ငွားခေတြ ဘာေတြကအစ ေဈးႀကီးတယ္ေလ။ စစခ်င္းျဖစ္တုန္းကဆို ေတာင္ႀကီးဘက္ဆို (၃)လစာ၊ (၆)လစာ အဲဒီလိုခ်ဳပ္ေတာ့ ျပည့္သြားတဲ့အခါ ေနာက္ထပ္ ထပ္ခ်ဳပ္ဖို႔က မႏိုင္ေတာ့ဘူးေလ။ အဲဒီေၾကာင့္ တခ်ိဳ႕က ျပန္သြားၾကတာ” ဟု ၎က ဆိုသည္။

ထို႔ျပင္ NP News က စစ္တမ္းသဖြယ္ ေကာက္ယူေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ စစ္ေဘးေရွာင္ ျပည္သူမ်ားေရာက္ရွိမႈမ်ားျပားသည့္ အခ်ိဳ႕ေနရာမ်ားတြင္ ကုန္ေစ်းႏႈန္းကို ပုံမွန္ထက္ တင္ကာ ေရာင္းခ်ျခင္းမ်ိဳး ရွိေနေၾကာင္း သိရသည္။ သို႔ေသာ္ အခ်ိဳ႕ေနရာမ်ားတြင္မူ စစ္ေဘးေရွာင္မ်ားကို စာနာေသာအားျဖင့္ အလုပ္အကိုင္ခန႔္ထားျခင္း၊ ကူညီေပးျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.