မြန်မာ့စီးပွားရေးအနုတ် တစ်ရာခိုင်နှုန်းသာရှိဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
531
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၁၂
လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးခန့်မှန်းချက်မှာ အနုတ် ၁ ရာခိုင်နှုန်းဖြစ်ကြောင်း ဒီဇင်ဘာလအတွင်း ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့နိုင်ငံ စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ တွင် ဖော်ပြထားကြောင်း သိရသည်။
ယင်းခန့်မှန်းချက်မှာ ကမ္ဘာ့ဘဏ်၏ ယခင်ခြောက်လက ခန့်မှန်းချက်ထက် ပိုပြီးလျော့နည်းသော စီးပွား ရေးတိုးတက်နှုန်း ခန့်မှန်းချက်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏စီးပွားရေးသည် သဘာဝဘေး အန္တ ရာယ်ကျရောက်မှု၊ ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများနှင့် အခြေခံကုန်စည် ရှားပါးပြတ် လပ်မှုများကြောင့် ကြီးမားသည့် သက်ရောက်မှုနှင့် ရင်ဆိုင်နေရပြီး စီးပွားရေးမျှော်မှန်းချက်မှာ အားရဖွယ်မရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံအတွင်းက မြို့နယ်စုစုပေါင်း၏ထက်ဝက်ခန့်သည် ပဋိပက္ခအခြေအနေများဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ကုန်စည်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးနှင့် နယ်စပ်ကုန်စည် ကူးသန်းရောင်း ဝယ်ရေးကို ဆက်လက်အကျိုးသက်ရောက်နေမည်ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးပေါ်မှာ လတ်တလော ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပဋိပက္ခအခြေအနေတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တာကြောင့် အိမ်ထောင်စုတွေဟာ ကုန်ဈေးနှုန်းတတ်တဲ့ ဒဏ်နဲ့လုပ်သားဈေးကွက် အားနည်းမှုဒဏ်တွေကို ခါးစည်းခံနေရတယ်။ ထိခိုက်လွယ်မှု အရှိဆုံးဖြစ်တဲ့ ပြည်သူတွေရဲ့ဘဝတွေ၊ အလုပ်အကိုင်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရေးတ ကြီးနဲ့ လျင်လျင်မြန်မြန် ပံ့ပိုးဆောင်ရွက်ပေးရမယ်”လို့ ကမ္ဘာ့ဘဏ်ရဲ့ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာလင်ဒါဂွတ်ဒ်က ပြောသည်။
အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်ခြင်းသည် အကျပ်အတည်းများကို ဖြေရှင်းသည့် အရေးပါသော နည်းလမ်းဖြစ်လာပြီး လေ့လာမှုစစ်တမ်းအရ ထိုင်းနှင့် မလေးရှားနိုင်ငံများကို သွားရောက်လုပ်ကိုင်ခြင်းက ပြည်တွင်းထက် နှစ်ဆ၊ ဂျပန်နှင့် ကိုရီးယားကို သွားရောက်လုပ်ကိုင်ခြင်းက ပြည်တွင်းထက် ဆယ်ဆကျော် ဝင်ငွေရရှိကြောင်း သိရသည်။
zawgyi version
ျမန္မာ့စီးပြားေရးအႏုတ္ တစ္ရာခိုင္ႏႈန္းသာရွိဟု ကမာၻ႔ဘဏ္ခန႔္မွန္း
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၁၂
လက္ရွိဘ႑ာေရးႏွစ္ ၂၀၂၅ ခုႏွစ္အတြက္ စီးပြားေရးခန႔္မွန္းခ်က္မွာ အႏုတ္ ၁ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ဒီဇင္ဘာလအတြင္း ထုတ္ျပန္လိုက္သည့္ ကမာၻ႔ဘဏ္၏ ျမန္မာ့ႏိုင္ငံ စီးပြားေရးေစာင့္ၾကည့္ အစီရင္ခံစာ တြင္ ေဖာ္ျပထားေၾကာင္း သိရသည္။
ယင္းခန႔္မွန္းခ်က္မွာ ကမာၻ႔ဘဏ္၏ ယခင္ေျခာက္လက ခန႔္မွန္းခ်က္ထက္ ပိုၿပီးေလ်ာ့နည္းေသာ စီးပြား ေရးတိုးတက္ႏႈန္း ခန႔္မွန္းခ်က္ျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ၏စီးပြားေရးသည္ သဘာဝေဘး အႏၲ ရာယ္က်ေရာက္မႈ၊ ဆက္လက္ျဖစ္ပြားေနသည့္ ပဋိပကၡအေျခအေနမ်ားႏွင့္ အေျခခံကုန္စည္ ရွားပါးျပတ္ လပ္မႈမ်ားေၾကာင့္ ႀကီးမားသည့္ သက္ေရာက္မႈႏွင့္ ရင္ဆိုင္ေနရၿပီး စီးပြားေရးေမွ်ာ္မွန္းခ်က္မွာ အားရဖြယ္မရွိေၾကာင္း ေဖာ္ျပထားသည္။
ႏိုင္ငံအတြင္းက ၿမိဳ႕နယ္စုစုေပါင္း၏ထက္ဝက္ခန႔္သည္ ပဋိပကၡအေျခအေနမ်ားျဖင့္ ရင္ဆိုင္ေနရျခင္းေၾကာင့္ ကုန္စည္ထုတ္လုပ္မႈ ေထာက္ပံ့ေရးကြင္းဆက္တစ္ခုလုံးႏွင့္ နယ္စပ္ကုန္စည္ ကူးသန္းေရာင္း ဝယ္ေရးကို ဆက္လက္အက်ိဳးသက္ေရာက္ေနမည္ျဖစ္သည္။
“ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးေပၚမွာ လတ္တေလာ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရတဲ့ သဘာဝေဘးအႏၲရာယ္ေတြနဲ႔ ပဋိပကၡအေျခအေနေတြဟာ ႀကီးႀကီးမားမား ျဖစ္ေပၚခဲ့တာေၾကာင့္ အိမ္ေထာင္စုေတြဟာ ကုန္ေဈးႏႈန္းတတ္တဲ့ ဒဏ္နဲ႔လုပ္သားေဈးကြက္ အားနည္းမႈဒဏ္ေတြကို ခါးစည္းခံေနရတယ္။ ထိခိုက္လြယ္မႈ အရွိဆုံးျဖစ္တဲ့ ျပည္သူေတြရဲ႕ဘဝေတြ၊ အလုပ္အကိုင္ေတြ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို အေရးတ ႀကီးနဲ႔ လ်င္လ်င္ျမန္ျမန္ ပံ့ပိုးေဆာင္႐ြက္ေပးရမယ္”လို႔ ကမာၻ႔ဘဏ္ရဲ႕ထိုင္းႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ၫႊန္ၾကားေရးမႉး မာလင္ဒါဂြတ္ဒ္က ေျပာသည္။
အလုပ္အကိုင္ေျပာင္းေ႐ႊ႕လုပ္ကိုင္ျခင္းသည္ အက်ပ္အတည္းမ်ားကို ေျဖရွင္းသည့္ အေရးပါေသာ နည္းလမ္းျဖစ္လာၿပီး ေလ့လာမႈစစ္တမ္းအရ ထိုင္းႏွင့္ မေလးရွားႏိုင္ငံမ်ားကို သြားေရာက္လုပ္ကိုင္ျခင္းက ျပည္တြင္းထက္ ႏွစ္ဆ၊ ဂ်ပန္ႏွင့္ ကိုရီးယားကို သြားေရာက္လုပ္ကိုင္ျခင္းက ျပည္တြင္းထက္ ဆယ္ဆေက်ာ္ ဝင္ေငြရရွိေၾကာင္း သိရသည္။