လာမည့်နှစ်မှစ၍ Online Sales လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးတော့မည်

 373

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၁၁

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ Online Sales လုပ်ငန်းများအား တင်ပြလျှောက်ထားလာသည့် အချက်အလက်များအပေါ် မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်းမှတ်ပုံတင် ထုတ်ပေးတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

e-Commerce Registration စနစ်မှတဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးမည်ဟု သိရသည်။

လက်ရှိ၌ မှတ်ပုံတင်ကြေးနှုန်းထားများအဖြစ် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၇၀,၀၀၀၊ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထား တစ်ခုခုပါရှိသည့် ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၅၀,၀၀၀ နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်ပါက ကျပ် ၃၀,၀၀၀ ကောက်ခံသွားမည်ဖြစ်ပြီး မှတ်ပုံတင် သက်တမ်းကို (၂)နှစ် ခွင့်ပြုပေးထားကြောင်းလည်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင်လက်မှတ်များအား စားသုံးသူများကို အကာကွယ်ပေးရန်နှင့် e-commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးနေတာဖြစ်ကြောင်း သိရသည်။

zawgyi version
လာမည့္ႏွစ္မွစ၍ Online Sales လုပ္ငန္းမ်ားကို ကြင္းဆင္းစစ္ေဆးၿပီးမွသာ လုပ္ငန္းမွတ္ပုံတင္ထုတ္ေပးေတာ့မည္
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၁၁

၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ေန႔မွစ၍ Online Sales လုပ္ငန္းမ်ားအား တင္ျပေလွ်ာက္ထားလာသည့္ အခ်က္အလက္မ်ားအေပၚ မွန္ကန္မႈ ရွိ/မရွိ ကြင္းဆင္းစစ္ေဆးၿပီးမွသာ လုပ္ငန္းမွတ္ပုံတင္ ထုတ္ေပးေတာ့မည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

e-Commerce Registration စနစ္မွတဆင့္ ေလွ်ာက္ထားလာေသာ အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္းလုပ္ငန္းမ်ား၏ ေလွ်ာက္လႊာမ်ားႏွင့္သက္တမ္းတိုးေသာ ေလွ်ာက္လႊာမ်ားကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ေျမျပင္ကြင္းဆင္းစစ္ေဆးၿပီးမွသာ Online Sales လုပ္ငန္းမွတ္ပုံတင္လက္မွတ္မ်ား ထုတ္ေပးမည္ဟု သိရသည္။

လက္ရွိ၌ မွတ္ပုံတင္ေၾကးႏႈန္းထားမ်ားအျဖစ္ ကုမၸဏီ (သို႔မဟုတ္) စီးပြားေရးအဖြဲ႕အစည္းျဖစ္ပါက က်ပ္ ၇၀,၀၀၀၊ SME လုပ္ငန္းဆိုင္ရာ အသိအမွတ္ျပဳထားသည့္ အေထာက္အထား တစ္ခုခုပါရွိသည့္ ကုမၸဏီ (သို႔မဟုတ္) စီးပြားေရးအဖြဲ႕အစည္းျဖစ္ပါက က်ပ္ ၅၀,၀၀၀ ႏွင့္ လူပုဂၢိဳလ္တစ္ဦးခ်င္းျဖစ္ပါက က်ပ္ ၃၀,၀၀၀ ေကာက္ခံသြားမည္ျဖစ္ၿပီး မွတ္ပုံတင္ သက္တမ္းကို (၂)ႏွစ္ ခြင့္ျပဳေပးထားေၾကာင္းလည္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။

ဝန္ႀကီးဌာနအေနျဖင့္ အြန္လိုင္းစနစ္ျဖင့္ ေရာင္းခ်ျခင္းလုပ္ငန္းမ်ားအတြက္ လုပ္ငန္းမွတ္ပုံတင္လက္မွတ္မ်ားအား စားသုံးသူမ်ားကို အကာကြယ္ေပးရန္ႏွင့္ e-commerce လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ ရည္႐ြယ္ကာ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈအျဖစ္သတ္မွတ္ၿပီး လုပ္ငန္းမွတ္ပုံတင္လက္မွတ္မ်ားကို ခြင့္ျပဳထုတ္ေပးေနတာျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.