ဒီဇင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဝင်ရောက်
154
ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၌ ယခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်း ဝင်ရောက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒီဇင်ဘာလ ၁၂ ရက်တွင် သိရသည်။
အဆိုပါ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများ၏ ရင်းနှီးငွေပမာဏသည် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၆ သန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၂)ခုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉၄ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၄၀)ခန့်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၄ ခုနှစ်အထိ (၄)နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၈၀၂ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၀၆,၈၄၃ ဒသမ ၈၃၂ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၂,၈၅၇ ဦးအတွက် ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
zawgyi version
ဒီဇင္ဘာလအတြင္း ပဲခူးတိုင္းေဒသႀကီးသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ကန္ေဒၚလာ ၂ ဒသမ ၂၈ သန္းဝင္ေရာက္
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၁၂
ပဲခူးတိုင္းေဒသႀကီး၌ ယခုႏွစ္ ဒီဇင္ဘာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၂ ဒသမ ၂၈ သန္း ဝင္ေရာက္ခဲ့ေၾကာင္း ပဲခူးတိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနမွ ဒီဇင္ဘာလ ၁၂ ရက္တြင္ သိရသည္။
အဆိုပါ ဝင္ေရာက္ခဲ့သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၏ ရင္းႏွီးေငြပမာဏသည္ ဖက္စပ္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းသစ္မွ အေမရိကန္ေဒၚလာ သုည ဒသမ ၅၈၆ သန္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္သည့္ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္း (၂)ခုမွ အေမရိကန္ေဒၚလာ ၁ ဒသမ ၆၉၄ သန္း၊ စုစုေပါင္း အေမရိကန္ေဒၚလာ ၂ ဒသမ ၂၈ သန္းျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၁၄၀)ခန႔္ကို ဖန္တီးေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီးအတြင္း ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္မွ ယခု ၂၀၂၄ ခုႏွစ္အထိ (၄)ႏွစ္တာကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၂၀၁ ဒသမ ၈၀၂ သန္း၊ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ေငြက်ပ္ ၁၀၆,၈၄၃ ဒသမ ၈၃၂ သန္း ဝင္ေရာက္ခဲ့ၿပီး အလုပ္အကိုင္အခြင့္အလမ္း ၁၂,၈၅၇ ဦးအတြက္ ေဖာ္ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။