သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၃၅)သန်း ရောင်းချပေးမည်ဟု ဗဟိုဘဏ်အသိပေး
196
ယွန်း (NP News) - ဒီဇင်ဘာ ၁၁
သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၃၅)သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ၃၅ သန်းနှင့် ထိုင်းဘတ် သန်း ၄၀ ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၉၄) သန်းကျော်၊ ထိုင်းဘတ် (၃၄၆) သန်းကျော်နှင့် တရုတ်ယွမ် (၁၃ ဒသမ ၇၅) သန်းကို ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၁၁ ရက်) တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ်(၄၄၀၀)ကျော်ပေါက်ဈေး ရှိကြောင်း သိရသည်။
zawgyi version
သြင္းကုန္လုပ္ငန္းရွင္မ်ားအား အေမရိကန္ေဒၚလာ (၃၅)သန္း ေရာင္းခ်ေပးမည္ဟု ဗဟိုဘဏ္အသိေပး
ယြန္း (NP News) - ဒီဇင္ဘာ ၁၁
သြင္းကုန္လုပ္ငန္းရွင္မ်ားအား အေမရိကန္ေဒၚလာ (၃၅)သန္း ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ယမန္ေန႔(ဒီဇင္ဘာ ၁၀ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္ (FX Trading Platform) တြင္ သြင္းကုန္လုပ္ငန္းရွင္မ်ားအား အေမရိကန္ေဒၚလာ ၃၅ သန္းႏွင့္ ထိုင္းဘတ္ သန္း ၄၀ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြမ်ားကို ထုတ္ေရာင္းေပးလ်က္ရွိၿပီး ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္း အေမရိကန္ေဒၚလာ (၉၄) သန္းေက်ာ္၊ ထိုင္းဘတ္ (၃၄၆) သန္းေက်ာ္ႏွင့္ တ႐ုတ္ယြမ္ (၁၃ ဒသမ ၇၅) သန္းကို ထုတ္ေရာင္းေပးခဲ့ေၾကာင္း သိရသည္။
ယေန႔(ဒီဇင္ဘာ ၁၁ ရက္) တြင္ ႏိုင္ငံျခားေငြေၾကးေဈးကြက္အတြင္း၌ အေမရိကန္ေဒၚလာ တစ္ေဒၚလာလွ်င္ ျမန္မာေငြက်ပ္(၄၄၀၀)ေက်ာ္ေပါက္ေဈး ရွိေၾကာင္း သိရသည္။