မြန်မာဘုရင့်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှိုင်းယှဉ်လေ့လာချက်

 1195

ရဲထွန်း (သီပေါ)(NP News) - မေ ၃၁

မျက်မှောက်ခေတ် ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်
ဖက်ဒရယ်စနစ်ဆိုသည့်ဝေါဟာရမှာ လက်တင်စကား “ Foedus” ၊ အဓိ ပ္ပာယ်အားဖြင့် “ စာချုပ်၊ ပဋိညာဉ်၊ သ‌ဘော တူညီချက်”ဆိုသည့်ဝေါဟာ ရမှမြစ်ဖျားခံလာခြင်းဖြစ်သည်။

ခေတ်သစ်ဖက်ဒရယ်စနစ်မှာ ဒီမိုကရေစီနည်းကျ စည်းမျဉ်းများနှင့် အဖွဲ့အစည်းများကိုအခြေခံပြီး အုပ်ချုပ်ရေးအာဏာကို တနိုင်ငံလုံးအုပ်ချုပ်သည့်အစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်အုပ်ချုပ်သည့် အစိုးရများအကြား ခွဲဝေထားသည့်စနစ်ဖြစ်သည်။

ကနေဒါနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဆာဂျွန် အေမက္ကဒေါ်နယ်က ဖက်ဒရယ်စနစ်ကို ဤသို့အဓိပ္ပါယ်ဖွင့်ဆိုခဲ့လေသည်။ “ဒေသဆိုင်ရာ ကိစ္စရပ်များကိုဖြေရှင်းရန် ‘ဒေသဆိုင်ရာအစိုးရများနှင့်ဥပဒေပြုအဖွဲ့အစည်းများ’ နှင့် တစ်နိုင်ငံလုံး ဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရန် ‘ဗဟိုအစိုးရတစ်ရပ်နှင့်ဥပဒေပြုအဖွဲ့အစည်း’ တို့ ပါဝင်ဖွဲ့စည်းထားသည့်စနစ်ဖြစ်သည်” ဟုဆိုလေသည်။

မျက်မှောက်ကမ္ဘာတွင် ဖက်ဒရယ်နိုင်ငံရေးစနစ်ကျင့်သုံးသည့် ထင်ရှားသည့်နိုင်ငံများမှာ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ ဘရာဇီးလ်၊ အီရတ်၊ ကနေဒါ၊ ဂျာမနီ၊ UAE ၊ မက္ကဆီကို၊ အင်န္ဒိယ၊ မလေးရှား၊ နီပေါ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆွစ်ဇာလန်နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ကြသည်။

ဖက်ဒရယ်စနစ်ကျင့်သုံးသည့်နိုင်ငံတစ်ခုတွင် Division of powers အာဏာခွဲဝေမှု (အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရား စီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးသည့် အာဏာပိုင်းခြားမှု separation of powers နှင့် မရောထွေးစေလိုပါ) ကို အခြေခံဥပဒေဖြင့် သတ်မှတ်ထားသည်။ နိုင်ငံတိုင်းလိုလိုတွင် ဒေသဆိုင်ရာများကို အတိုင်းအတာတစုံတရာအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားလေ့ရှိပါသည်။ သို့သော်လည်း ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံများတွင် ဒေသဆိုင်ရာ (ပြည်နယ်/တိုင်းဒေသကြီး) ယူနစ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံဥပဒေဖြင့် အခိုင်အမာအကာအကွယ်ပေးထားပါသည်။ ပါဝင်သည့်ယူနစ်များတွင် ၎င်းတို့ကိုယ်ပိုင် အခြေခံဥပဒေများရှိတတ်ကြပြီး ၎င်းတို့ကိုယ်တိုင်က သင့်တော်သလို ပြင်ဆင်မှုများပြုလုပ်နှိုင်ကြပါသည်။ သို့သော်လည်း နိုင်ငံလုံးဆိုင်ရာ အခြေခံဥပဒေကို ဆန့်ကျင်ပြဌာန်း၍ မရပါ။

ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံအားလုံးလိုလိုတွင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးတို့ကို ဗဟိုအစိုးရ၏ သီးသန့် အာဏာမျာအဖြစ် သတ်မှတ်ထားကြသည်။ ဤအချက်မှလွဲလျှင် ဗဟိုနှင့် ဖက်ဒရယ်ယူနစ်များအ ကြားကျန်သည့် အာဏာခွဲဝေသတ်မှတ်မှုများမှာ တနိုင်ငံနှင့်တနိုင်ငံ အနည်းနှင့်အများဆိုသလို ကွဲပြားခြားနားလေ့ရှိပါသည်။

ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဗဟိုအစိုးရကို အပ်နှင်းမထားသည့် ကြွင်းကျန်အာဏာများကို ပြည်နယ်များကို ပေးအပ်ထား သည်ကိုတွေ့ရှိရပြီး၊ ကနေဒါနှင့် အိန္ဒိယနိုင်ငံတို့တွင် ဖက်ဒရယ်ယူနစ်များကိုပေးအပ်ထားသည့် အာ ဏာများကလွဲ၍ ကြွင်းကျန်အာဏာများကို ဗဟိုဖက်ဒရယ်အစိုးရသို့ပေးအပ်ထားကြောင်းတွေ့ရှိရသည်။

နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကို မတူသော ပုံစံအမျိုးမျိုး၊ အာဏာခွဲဝေမှုတွင် မတူသောဒီဂရီအမျိုးမျိုးတို့ဖြင့် ကျင့်သုံးနေကြသော်လည်း၊ အဓိကကျသည့် အချက်မှာ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးမှုဖြစ်သည်။

ဖက်ဒရယ်စနစ်၏ အနှစ်သာရကိုဗဟိုပြု၍
ဤသို့ ဖက်ဒရယ်စနစ်၏ အနှစ်သာရကျသည့် အမြင်မှ မြန်မာဘုရင်များ၏ အုပ်ချုပ်မှုကိုလေ့လာကြည့်သင့်ပါသည်။ အကြောင်းမှာ အင်္ဂလိပ်နယ်ချဲ့သမားများက မြန်မာနိုင်ငံတနိုင်ငံလုံးကို သိမ်းယူသွားသည့် ၁၈၈၅ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားဒေသများ အထူးသဖြင့်ရှမ်းပြည် နယ်ကို အုပ်ချုပ်ခဲ့ရာတွင် မြန်မာဘုရင်များက အုပ်ချုပ်ခဲ့သည့်ပုံစံကို အတုယူခဲ့ကြောင်းတွေ့ရ၍ဖြစ်ပါသည်။

“ဗြိတိသျှတို့ အထက်မြန်မာပြည်ကို မသိမ်းမီက ရှမ်းပြည်နယ်များကို မြန်မာမင်း၏လက်အောက်ခံဖြစ်သော စော်ဘွားများက မျိုးရိုးအစဉ် အဆက်အလိုက် အုပ်စိုးခဲ့ကြလေသည်။ ရှမ်းပြည်နယ်တခုစီတွင် မြန်မာအရာရှိနှင့် မြန်မာတပ်ဖွဲ့များရှိ ကြပြီး၊ ၎င်းတို့သည် မိုးနဲတွင်ရုံးစိုက်သည့် မြန်မာဗိုလ်မှူးမင်းသား၏အမိန့်ကို နာခံကြရသည်။ ရံဖန်ရံခါ ရှမ်းပြည်‌ ရောက်မြန်မာအရာရှိများ၏မလိမ္မာမှုကြောင့်ဒေသအလိုက်ပုန်ကန်မှုများပေါ်ပေါက်လေ့ရှိသော်လည်း အင်းဝအစိုးရကို ပုန်ကန်ခြားနားသည့် အမှုမျိုးပေါ်ပေါက်ခြင်း မရှိခဲ့ဘူးချေ။” ဟု အင်္ဂလိပ် သမိုင်းသုတေသီ Dorothy Woodman က သူမ၏ The Making Of Burma စာအုပ်တွင်ရေးသားခဲ့သည်။

ရှမ်းပြည်နယ်များကို မြန်မာဘုရင်က ထိုကဲ့သို့တိုက်ရိုက်မအုပ်ချုပ်ခဲ့ဘဲ မိုးနဲတွင်သာ မြန်မာဗိုလ်မှူးက ရုံးစိုက်ခဲ့ပြီး ထိန်းချုပ်ခဲ့ခြင်းကို အင်္ဂလိပ်တို့လေ့လာခဲ့ပုံကိုလည်းအောက် ပါအတိုင်းရေးသားထားလေသည်။
“(၁၈၈၅ခုနှစ်) ဒီဇင်္ဘာလကုန်တွင် မစ္စတာဗားနပ်သည် မစ္စတာပီလချာ (Mr.Pilcher) နှင့်အတူမန္တလေးမြို့သို့ရောက်ရှိလာသည်။ ရှမ်းပြည်နယ်များနှင့်ပတ်သက်သည့် မြန်မာအစိုးရ၏ မှတ်တမ်းများကိုလေ့လာခဲ့သည်။ ရှမ်းပြည်နယ်အုပ်ချုပ်ရေးတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည့် မြန်မာအရာရှိများနှင့်တွေ့ဆုံမေးမြန်းစုံစမ်းခဲ့သည်။ တချိန်တည်းမှာပင် အထက် မြန်မာပြည်ကို အပြီးတိုင်သိမ်းယူပါက ရှမ်းပြည်နယ်များဆိုင် ရာ တိုင်းမင်းကြီးရုံးစိုက်သင့်သည့်နေရာရွေးချယ် ထားရန်ကိုပါတာဝန်ပေးခဲ့သည်။ ထို့ကြောင့် အင်းလေးရွာကို ရွေးချယ်ခဲ့သည်မှာ အဆန်းမဟုတ်ပေ။” အင်္ဂလိပ်တို့သည် ရှမ်းစော်ဘွားများထံမှ စည်းကြပ်သည့်အခွန်အခများကိုပင်လျှင် ယခင်အင်းဝအစိုးရသို့ပေးသွင်းနေရသည့်ဆက်ကြေးကိုမူတည်ကာ ပြဋ္ဌာန်းစည်းကြပ်လေသည်။

“ထိုနယ်မှ မြန်မာ(အင်းဝ)အစိုးရထံသို့ပေးသွင်းရသည့်ဆက်ကြေးနှင့်ပတ်သက်၍ မြန်မာမှတ်တမ်းများကိုစစ်ဆေး ရာတွင်နှစ်စဉ်ငွေ ၁၈၀၀၀ ပေးရကြောင်းတွေ့ရှိရသည်။ (တောင်ပိုင်) စော်ဘွား၏ အစီရင်ခံချက်အရဆိုလျင် ၆ဝဝဝ ကျပ်သာဖြစ်သည်။ ထို့ကြောင့်စော်ဘွား၏ဆက် ကြေးနှုန်းထားကို ၃ဝဝ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်လေသည်။” ဟု ဒေါ်ရသီဝုဒ်မင်းက ရေးသားခဲ့သည်။

သို့ဖြစ်လေရာ အင်္ဂလိပ်တို့က ရှမ်းစော်ဘွားပဒေဿရာဇ်အုပ်ချုပ်ရေးကို ဆက်လက်အသိအမှတ်ပြုပြီး၊ နှစ်စဉ်အခွန်ဆက်သစေခြင်း၊ စော်ဘွားအရိုက်အရာကိုသားစဉ်မြေးဆက် ဆက်ခံရေးကိစ္စနှင့် ဒေသခံပြည်သူလူ ထုအား အုပ်ချုပ်‌‌ရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ပုံတို့မှာ မြန်မာဘုရင်များအား အတုယူခဲ့ကြောင်းထင်ရှားပါသည်။

သို့ဖြစ်၍လည်း ဗြိတိသျှတို့အုပ်ချုပ်သည့် ကာလအတွင်း (၁၈၈၇ ခုနှစ် လင်းပင်မင်းသားလက်နက်ချပြီးနောက်မှ စတင်ကာ) ရှမ်းပြည်နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလျက် အင်္ဂလိပ်အစိုးရအား လက်နက်ကိုင်ပုန်ကန်မှုများ မပေါ်ပေါက်ခဲ့တော့ပေ။

နိုင်ငံကာကွယ်ရေးတွင် ဘုရင့်နန်းတော်မှ တာဝန်ယူမှု
၁၇၆၅ ခုနှစ်မှ ၁၇၆၉ ခုနှစ်အတွင်း လေးကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာစစ်ပွဲသည် တရုတ်ချင်မင်းဆက်နှင့် မြန်မာကုန်းဘောင် ခေတ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တရုတ်အင်ပါယာ ချင်းလုံဘုရင်လက် ထက်တွင် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့ရာ သူ့လက်ထက်ဆင်နွှဲခဲ့သည့် စစ်ပွဲကြီး ၁ဝ ပွဲတွင် တစ်ပွဲအပါအဝင်အဖြစ်သတ်မှတ်ထားလေသည်။ တရုတ်စစ်သား ၇ဝဝဝဝ နှင့် စစ်သူကြီး ၄ ဦးအသက်ပေးခဲ့ရသည့် အဆိုပါ စစ်ပွဲကို “ချင်မင်းဆက်တွင် ဆင်နွှဲခဲ့သမျှ စစ်ပွဲများမှ အဆိုးဝါးဆုံးဒုက္ခရောက်သည့် နယ်စပ်စစ်ပွဲ” ဟုဖေါ်ပြကြသည်။ (Dai, Yingcong (2004). "A Disguised Defeat: The Myanmar Campaign of the Qing Dynasty". Modern Asian Studies. Cambridge University Press. 38: 145–189. doi:10.1017/s0026749x04001040.)
ထိုစစ်ပွဲများကို မြန်မာတို့နိုင်လိုက်ပြီး မန်ချူးဘုရင်၏ တပ်များကို အောင် မြင်စွာမောင်းထုတ်နိုင်ခဲ့ခြင်းသည် လက်ရှိ တရုတ်-မြန်မာ နယ်နိမိတ်ကို အခြေခံအားဖြင့် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။

“မြန်မာပဒေဿရာဇ်ခေတ်တလျှောက်လုံး၊ ရှမ်းပြည်နယ်များသည် မြန်မာဘုရင့်ထံ အမှုတော်ထမ်းရွက်ရန်အတွက် လူအင်အားထောက်ပံ့ခဲ့ရလေသည်။ ရှမ်းတို့၏ လူအင်အားမပါဘဲ မြန်မာတို့ချည်းဖြင့် အောက်မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အခြားဒေသများကို အောင်မြင်စွာတိုက်ခိုက်နှိုင်လိမ့်မည်မဟုတ်ချေ။ ၁၈၂၄ မှ ၁၈၂၆ ထိဖြစ်ပွားသော ပထမ အင်္ဂ လိပ်-မြန်မာစစ်ပွဲတွင် မြန်မာတပ်ဖွဲ့များ၌ အဓိကပါဝင်သည့် အင်အားမှာ ရှမ်းများဖြစ်ကြပြီး၊ ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့သည်ကို ဗြိတိသျှတပ်မှုးများကပင် အသိအမှတ်ပြုကြသည်” ဟု ဒေါက်တာသန့်မြင့်ဉီးက ၎င်း၏ River of Lost Footstep; Histories of Burma စာအုပ်တွင် ရေးသားခဲ့လေသည်။

အထက်ဖေါ်ပြပါ အချက်အလက်များက ပြဆိုနေသည့်အချက်မှာ မြန်မာဘုရင်များသည် နိုင်ငံခြားဆက်ဆန်ရေးနှင့် နိုင်ငံကာကွယ်ရေးကိစ္စများကို တာဝန်ယူပြီး၊ ရှမ်းပြည်နယ်ဒေသတွင်း အုပ်ချုပ်ရေးနှင့် အရိုက်အရာဆက်ခံရေးကိစ္စများကို ဝင်ရောက် စွက်ဖက်ခြင်းမရှိဘဲ လွတ်လပ်စွာ အုပ်ချုပ်ခွင့်ပေးခဲ့ခြင်းတို့မှာ မျက်မှောက်ခေတ် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် အနှစ်သာရအားဖြင့် တူညီကြောင်းကောက်ချက်ချနှိုင်ပါသည်။
မျက်မှောက်ခေတ်တွင် ကျင့်သုံးနေကြသော နိုင်ငံရေးသဘောတရားများနှင့် အုပ်ချုပ်ရေးစနစ်များမှာ ရုတ်ချည်းဆိုသလို ချက်ခြင်းပေါ်ပေါက်လာခဲ့သည်မဟုတ်ပါ။ လူ့အဖွဲ့အစည်းအသီးသီးမှ လူမျိူး၊ ယုံကြည်ကိုးကွယ်မှု၊ ပထဝီအနေအထားစသည့် ပကတိ‌အခြေအနေများအပေါ်မူတည်၍ သင့်တော်သလို စမ်းသပ်အုပ်ချုပ်ခဲ့ကြခြင်းမှ တဖြည်းဖြည်း ပိုမိုကောင်း မွန်၊ ပိုမို ပြည့်စုံလာသည့်သဘောဖြစ်လေရာ မျက်မှောက်ခေတ် ဒီမိုက ရက်တစ်ဖက်ဒရယ်စနစ်သည်လည်း ထိုလမ်းကိုပင် လျှောက်လှမ်းခဲ့ရပါသည်။

ကိုးကား ... ဦးတင်မောင်ရင် (မဟာဝိဇ္ဇာ) ခေတ်မြန်မာတည်ဟန်
ဒေါက်တာသန့်မြင့်ဉိး၊ River of Lost Footstep
Wikipedia

https://npnewsmm.com/news/62959dd4de8f4b6d6d7cadd3

zawgyi version
ျမန္မာဘုရင့္အုပ္ခ်ဳပ္ေရးႏွင့္ ဖက္ဒရယ္စနစ္ႏႈိင္းယွဥ္ေလ့လာခ်က္
ရဲထြန္း (သီေပါ)(NP News) - ေမ ၃၁

မ်က္ေမွာက္ေခတ္ ဒီမိုကရက္တစ္ ဖက္ဒရယ္စနစ္
ဖက္ဒရယ္စနစ္ဆိုသည့္ေဝါဟာရမွာ လက္တင္စကား “ Foedus” ၊ အဓိ ပၸာယ္အားျဖင့္ “ စာခ်ဳပ္၊ ပဋိညာဥ္၊ သ‌ေဘာ တူညီခ်က္”ဆိုသည့္ေဝါဟာ ရမွျမစ္ဖ်ားခံလာျခင္းျဖစ္သည္။

ေခတ္သစ္ဖက္ဒရယ္စနစ္မွာ ဒီမိုကေရစီနည္းက် စည္းမ်ဥ္းမ်ားႏွင့္ အဖြဲ႕အစည္းမ်ားကိုအေျခခံၿပီး အုပ္ခ်ဳပ္ေရးအာဏာကို တႏိုင္ငံလုံးအုပ္ခ်ဳပ္သည့္အစိုးရႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားတြင္အုပ္ခ်ဳပ္သည့္ အစိုးရမ်ားအၾကား ခြဲေဝထားသည့္စနစ္ျဖစ္သည္။

ကေနဒါႏိုင္ငံ၏ ပထမဆုံး ဝန္ႀကီးခ်ဳပ္ ဆာဂြၽန္ ေအမကၠေဒၚနယ္က ဖက္ဒရယ္စနစ္ကို ဤသို႔အဓိပၸါယ္ဖြင့္ဆိုခဲ့ေလသည္။ “ေဒသဆိုင္ရာ ကိစၥရပ္မ်ားကိုေျဖရွင္းရန္ ‘ေဒသဆိုင္ရာအစိုးရမ်ားႏွင့္ဥပေဒျပဳအဖြဲ႕အစည္းမ်ား’ ႏွင့္ တစ္ႏိုင္ငံလုံး ဆိုင္ရာကိစၥရပ္မ်ားကို ေျဖရွင္းရန္ ‘ဗဟိုအစိုးရတစ္ရပ္ႏွင့္ဥပေဒျပဳအဖြဲ႕အစည္း’ တို႔ ပါဝင္ဖြဲ႕စည္းထားသည့္စနစ္ျဖစ္သည္” ဟုဆိုေလသည္။

မ်က္ေမွာက္ကမာၻတြင္ ဖက္ဒရယ္ႏိုင္ငံေရးစနစ္က်င့္သုံးသည့္ ထင္ရွားသည့္ႏိုင္ငံမ်ားမွာ အာဂ်င္တီးနား၊ ၾသစေၾတးလ်၊ ဘယ္လ္ဂ်ီယံ၊ ေဘာ့စနီးယား ဟာဇီဂိုဗီးနား၊ ဘရာဇီးလ္၊ အီရတ္၊ ကေနဒါ၊ ဂ်ာမနီ၊ UAE ၊ မကၠဆီကို၊ အင္ႏၵိယ၊ မေလးရွား၊ နီေပါ၊ ႏိုင္ဂ်ီးရီးယား၊ ပါကစၥတန္၊ ႐ုရွား၊ ဆြစ္ဇာလန္ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ျဖစ္ၾကသည္။

ဖက္ဒရယ္စနစ္က်င့္သုံးသည့္ႏိုင္ငံတစ္ခုတြင္ Division of powers အာဏာခြဲေဝမႈ (အုပ္ခ်ဳပ္ေရးအာဏာ၊ ဥပေဒျပဳေရးအာဏာႏွင့္ တရား စီရင္ေရးအာဏာတို႔ကို ပိုင္းျခားက်င့္သုံးသည့္ အာဏာပိုင္းျခားမႈ separation of powers ႏွင့္ မေရာေထြးေစလိုပါ) ကို အေျခခံဥပေဒျဖင့္ သတ္မွတ္ထားသည္။ ႏိုင္ငံတိုင္းလိုလိုတြင္ ေဒသဆိုင္ရာမ်ားကို အတိုင္းအတာတစုံတရာအထိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေပးထားေလ့ရွိပါသည္။ သို႔ေသာ္လည္း ဖက္ဒရယ္စနစ္က်င့္သုံးသည့္ ႏိုင္ငံမ်ားတြင္ ေဒသဆိုင္ရာ (ျပည္နယ္/တိုင္းေဒသႀကီး) ယူနစ္မ်ား၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို အေျခခံဥပေဒျဖင့္ အခိုင္အမာအကာအကြယ္ေပးထားပါသည္။ ပါဝင္သည့္ယူနစ္မ်ားတြင္ ၎တို႔ကိုယ္ပိုင္ အေျခခံဥပေဒမ်ားရွိတတ္ၾကၿပီး ၎တို႔ကိုယ္တိုင္က သင့္ေတာ္သလို ျပင္ဆင္မႈမ်ားျပဳလုပ္ႏႈိင္ၾကပါသည္။ သို႔ေသာ္လည္း ႏိုင္ငံလုံးဆိုင္ရာ အေျခခံဥပေဒကို ဆန႔္က်င္ျပဌာန္း၍ မရပါ။

ဖက္ဒရယ္စနစ္က်င့္သုံးသည့္ ႏိုင္ငံအားလုံးလိုလိုတြင္ ႏိုင္ငံျခားေရးႏွင့္ ကာကြယ္ေရးတို႔ကို ဗဟိုအစိုးရ၏ သီးသန႔္ အာဏာမ်ာအျဖစ္ သတ္မွတ္ထားၾကသည္။ ဤအခ်က္မွလြဲလွ်င္ ဗဟိုႏွင့္ ဖက္ဒရယ္ယူနစ္မ်ားအ ၾကားက်န္သည့္ အာဏာခြဲေဝသတ္မွတ္မႈမ်ားမွာ တႏိုင္ငံႏွင့္တႏိုင္ငံ အနည္းႏွင့္အမ်ားဆိုသလို ကြဲျပားျခားနားေလ့ရွိပါသည္။

ဂ်ာမနီႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔တြင္ ဗဟိုအစိုးရကို အပ္ႏွင္းမထားသည့္ ႂကြင္းက်န္အာဏာမ်ားကို ျပည္နယ္မ်ားကို ေပးအပ္ထား သည္ကိုေတြ႕ရွိရၿပီး၊ ကေနဒါႏွင့္ အိႏၵိယႏိုင္ငံတို႔တြင္ ဖက္ဒရယ္ယူနစ္မ်ားကိုေပးအပ္ထားသည့္ အာ ဏာမ်ားကလြဲ၍ ႂကြင္းက်န္အာဏာမ်ားကို ဗဟိုဖက္ဒရယ္အစိုးရသို႔ေပးအပ္ထားေၾကာင္းေတြ႕ရွိရသည္။

ႏိုင္ငံအသီးသီးတြင္ ဖက္ဒရယ္စနစ္ကို မတူေသာ ပုံစံအမ်ိဳးမ်ိဳး၊ အာဏာခြဲေဝမႈတြင္ မတူေသာဒီဂရီအမ်ိဳးမ်ိဳးတို႔ျဖင့္ က်င့္သုံးေနၾကေသာ္လည္း၊ အဓိကက်သည့္ အခ်က္မွာ အာဏာခြဲေဝမႈႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးက်င့္သုံးမႈျဖစ္သည္။

ဖက္ဒရယ္စနစ္၏ အႏွစ္သာရကိုဗဟိုျပဳ၍
ဤသို႔ ဖက္ဒရယ္စနစ္၏ အႏွစ္သာရက်သည့္ အျမင္မွ ျမန္မာဘုရင္မ်ား၏ အုပ္ခ်ဳပ္မႈကိုေလ့လာၾကည့္သင့္ပါသည္။ အေၾကာင္းမွာ အဂၤလိပ္နယ္ခ်ဲ႕သမားမ်ားက ျမန္မာႏိုင္ငံတႏိုင္ငံလုံးကို သိမ္းယူသြားသည့္ ၁၈၈၅ ခုႏွစ္ေနာက္ပိုင္း တိုင္းရင္းသားေဒသမ်ား အထူးသျဖင့္ရွမ္းျပည္ နယ္ကို အုပ္ခ်ဳပ္ခဲ့ရာတြင္ ျမန္မာဘုရင္မ်ားက အုပ္ခ်ဳပ္ခဲ့သည့္ပုံစံကို အတုယူခဲ့ေၾကာင္းေတြ႕ရ၍ျဖစ္ပါသည္။

“ၿဗိတိသွ်တို႔ အထက္ျမန္မာျပည္ကို မသိမ္းမီက ရွမ္းျပည္နယ္မ်ားကို ျမန္မာမင္း၏လက္ေအာက္ခံျဖစ္ေသာ ေစာ္ဘြားမ်ားက မ်ိဳး႐ိုးအစဥ္ အဆက္အလိုက္ အုပ္စိုးခဲ့ၾကေလသည္။ ရွမ္းျပည္နယ္တခုစီတြင္ ျမန္မာအရာရွိႏွင့္ ျမန္မာတပ္ဖြဲ႕မ်ားရွိ ၾကၿပီး၊ ၎တို႔သည္ မိုးနဲတြင္႐ုံးစိုက္သည့္ ျမန္မာဗိုလ္မႉးမင္းသား၏အမိန႔္ကို နာခံၾကရသည္။ ရံဖန္ရံခါ ရွမ္းျပည္‌ ေရာက္ျမန္မာအရာရွိမ်ား၏မလိမၼာမႈေၾကာင့္ေဒသအလိုက္ပုန္ကန္မႈမ်ားေပၚေပါက္ေလ့ရွိေသာ္လည္း အင္းဝအစိုးရကို ပုန္ကန္ျခားနားသည့္ အမႈမ်ိဳးေပၚေပါက္ျခင္း မရွိခဲ့ဘူးေခ်။” ဟု အဂၤလိပ္ သမိုင္းသုေတသီ Dorothy Woodman က သူမ၏ The Making Of Burma စာအုပ္တြင္ေရးသားခဲ့သည္။

ရွမ္းျပည္နယ္မ်ားကို ျမန္မာဘုရင္က ထိုကဲ့သို႔တိုက္႐ိုက္မအုပ္ခ်ဳပ္ခဲ့ဘဲ မိုးနဲတြင္သာ ျမန္မာဗိုလ္မႉးက ႐ုံးစိုက္ခဲ့ၿပီး ထိန္းခ်ဳပ္ခဲ့ျခင္းကို အဂၤလိပ္တို႔ေလ့လာခဲ့ပုံကိုလည္းေအာက္ ပါအတိုင္းေရးသားထားေလသည္။
“(၁၈၈၅ခုႏွစ္) ဒီဇဘၤာလကုန္တြင္ မစၥတာဗားနပ္သည္ မစၥတာပီလခ်ာ (Mr.Pilcher) ႏွင့္အတူမႏၲေလးၿမိဳ႕သို႔ေရာက္ရွိလာသည္။ ရွမ္းျပည္နယ္မ်ားႏွင့္ပတ္သက္သည့္ ျမန္မာအစိုးရ၏ မွတ္တမ္းမ်ားကိုေလ့လာခဲ့သည္။ ရွမ္းျပည္နယ္အုပ္ခ်ဳပ္ေရးတြင္ ကိုယ္တိုင္ကိုယ္က်ပါဝင္ခဲ့သည့္ ျမန္မာအရာရွိမ်ားႏွင့္ေတြ႕ဆုံေမးျမန္းစုံစမ္းခဲ့သည္။ တခ်ိန္တည္းမွာပင္ အထက္ ျမန္မာျပည္ကို အၿပီးတိုင္သိမ္းယူပါက ရွမ္းျပည္နယ္မ်ားဆိုင္ ရာ တိုင္းမင္းႀကီး႐ုံးစိုက္သင့္သည့္ေနရာေ႐ြးခ်ယ္ ထားရန္ကိုပါတာဝန္ေပးခဲ့သည္။ ထို႔ေၾကာင့္ အင္းေလး႐ြာကို ေ႐ြးခ်ယ္ခဲ့သည္မွာ အဆန္းမဟုတ္ေပ။” အဂၤလိပ္တို႔သည္ ရွမ္းေစာ္ဘြားမ်ားထံမွ စည္းၾကပ္သည့္အခြန္အခမ်ားကိုပင္လွ်င္ ယခင္အင္းဝအစိုးရသို႔ေပးသြင္းေနရသည့္ဆက္ေၾကးကိုမူတည္ကာ ျပ႒ာန္းစည္းၾကပ္ေလသည္။

“ထိုနယ္မွ ျမန္မာ(အင္းဝ)အစိုးရထံသို႔ေပးသြင္းရသည့္ဆက္ေၾကးႏွင့္ပတ္သက္၍ ျမန္မာမွတ္တမ္းမ်ားကိုစစ္ေဆး ရာတြင္ႏွစ္စဥ္ေငြ ၁၈၀၀၀ ေပးရေၾကာင္းေတြ႕ရွိရသည္။ (ေတာင္ပိုင္) ေစာ္ဘြား၏ အစီရင္ခံခ်က္အရဆိုလ်င္ ၆ဝဝဝ က်ပ္သာျဖစ္သည္။ ထို႔ေၾကာင့္ေစာ္ဘြား၏ဆက္ ေၾကးႏႈန္းထားကို ၃ဝဝ ရာခိုင္ႏႈန္းတိုးျမႇင့္သတ္မွတ္ေလသည္။” ဟု ေဒၚရသီဝုဒ္မင္းက ေရးသားခဲ့သည္။

သို႔ျဖစ္ေလရာ အဂၤလိပ္တို႔က ရွမ္းေစာ္ဘြားပေဒႆရာဇ္အုပ္ခ်ဳပ္ေရးကို ဆက္လက္အသိအမွတ္ျပဳၿပီး၊ ႏွစ္စဥ္အခြန္ဆက္သေစျခင္း၊ ေစာ္ဘြားအ႐ိုက္အရာကိုသားစဥ္ေျမးဆက္ ဆက္ခံေရးကိစၥႏွင့္ ေဒသခံျပည္သူလူ ထုအား အုပ္ခ်ဳပ္‌‌ေရး ကိစၥမ်ားတြင္ ဝင္ေရာက္စြက္ဖက္ျခင္းမျပဳခဲ့ပုံတို႔မွာ ျမန္မာဘုရင္မ်ားအား အတုယူခဲ့ေၾကာင္းထင္ရွားပါသည္။

သို႔ျဖစ္၍လည္း ၿဗိတိသွ်တို႔အုပ္ခ်ဳပ္သည့္ ကာလအတြင္း (၁၈၈၇ ခုႏွစ္ လင္းပင္မင္းသားလက္နက္ခ်ၿပီးေနာက္မွ စတင္ကာ) ရွမ္းျပည္နယ္သည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရလ်က္ အဂၤလိပ္အစိုးရအား လက္နက္ကိုင္ပုန္ကန္မႈမ်ား မေပၚေပါက္ခဲ့ေတာ့ေပ။

ႏိုင္ငံကာကြယ္ေရးတြင္ ဘုရင့္နန္းေတာ္မွ တာဝန္ယူမႈ
၁၇၆၅ ခုႏွစ္မွ ၁၇၆၉ ခုႏွစ္အတြင္း ေလးႀကိမ္တိုင္တိုင္ျဖစ္ပြားခဲ့သည့္ တ႐ုတ္-ျမန္မာစစ္ပြဲသည္ တ႐ုတ္ခ်င္မင္းဆက္ႏွင့္ ျမန္မာကုန္းေဘာင္ ေခတ္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ တ႐ုတ္အင္ပါယာ ခ်င္းလုံဘုရင္လက္ ထက္တြင္ ျမန္မာႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ရာ သူ႔လက္ထက္ဆင္ႏႊဲခဲ့သည့္ စစ္ပြဲႀကီး ၁ဝ ပြဲတြင္ တစ္ပြဲအပါအဝင္အျဖစ္သတ္မွတ္ထားေလသည္။ တ႐ုတ္စစ္သား ၇ဝဝဝဝ ႏွင့္ စစ္သူႀကီး ၄ ဦးအသက္ေပးခဲ့ရသည့္ အဆိုပါ စစ္ပြဲကို “ခ်င္မင္းဆက္တြင္ ဆင္ႏႊဲခဲ့သမွ် စစ္ပြဲမ်ားမွ အဆိုးဝါးဆုံးဒုကၡေရာက္သည့္ နယ္စပ္စစ္ပြဲ” ဟုေဖၚျပၾကသည္။ (Dai, Yingcong (2004). "A Disguised Defeat: The Myanmar Campaign of the Qing Dynasty". Modern Asian Studies. Cambridge University Press. 38: 145–189. doi:10.1017/s0026749x04001040.)
ထိုစစ္ပြဲမ်ားကို ျမန္မာတို႔ႏိုင္လိုက္ၿပီး မန္ခ်ဴးဘုရင္၏ တပ္မ်ားကို ေအာင္ ျမင္စြာေမာင္းထုတ္ႏိုင္ခဲ့ျခင္းသည္ လက္ရွိ တ႐ုတ္-ျမန္မာ နယ္နိမိတ္ကို အေျခခံအားျဖင့္ ခ်မွတ္ႏိုင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုႏိုင္ေပသည္။

“ျမန္မာပေဒႆရာဇ္ေခတ္တေလွ်ာက္လုံး၊ ရွမ္းျပည္နယ္မ်ားသည္ ျမန္မာဘုရင့္ထံ အမႈေတာ္ထမ္း႐ြက္ရန္အတြက္ လူအင္အားေထာက္ပံ့ခဲ့ရေလသည္။ ရွမ္းတို႔၏ လူအင္အားမပါဘဲ ျမန္မာတို႔ခ်ည္းျဖင့္ ေအာက္ျမန္မာႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ အျခားေဒသမ်ားကို ေအာင္ျမင္စြာတိုက္ခိုက္ႏႈိင္လိမ့္မည္မဟုတ္ေခ်။ ၁၈၂၄ မွ ၁၈၂၆ ထိျဖစ္ပြားေသာ ပထမ အဂၤ လိပ္-ျမန္မာစစ္ပြဲတြင္ ျမန္မာတပ္ဖြဲ႕မ်ား၌ အဓိကပါဝင္သည့္ အင္အားမွာ ရွမ္းမ်ားျဖစ္ၾကၿပီး၊ ႐ြတ္႐ြတ္ခြၽံခြၽံတိုက္ခိုက္ခဲ့သည္ကို ၿဗိတိသွ်တပ္မႈးမ်ားကပင္ အသိအမွတ္ျပဳၾကသည္” ဟု ေဒါက္တာသန႔္ျမင့္ဉီးက ၎၏ River of Lost Footstep; Histories of Burma စာအုပ္တြင္ ေရးသားခဲ့ေလသည္။

အထက္ေဖၚျပပါ အခ်က္အလက္မ်ားက ျပဆိုေနသည့္အခ်က္မွာ ျမန္မာဘုရင္မ်ားသည္ ႏိုင္ငံျခားဆက္ဆန္ေရးႏွင့္ ႏိုင္ငံကာကြယ္ေရးကိစၥမ်ားကို တာဝန္ယူၿပီး၊ ရွမ္းျပည္နယ္ေဒသတြင္း အုပ္ခ်ဳပ္ေရးႏွင့္ အ႐ိုက္အရာဆက္ခံေရးကိစၥမ်ားကို ဝင္ေရာက္ စြက္ဖက္ျခင္းမရွိဘဲ လြတ္လပ္စြာ အုပ္ခ်ဳပ္ခြင့္ေပးခဲ့ျခင္းတို႔မွာ မ်က္ေမွာက္ေခတ္ ဖက္ဒရယ္အုပ္ခ်ဳပ္ေရးစနစ္ႏွင့္ အႏွစ္သာရအားျဖင့္ တူညီေၾကာင္းေကာက္ခ်က္ခ်ႏႈိင္ပါသည္။
မ်က္ေမွာက္ေခတ္တြင္ က်င့္သုံးေနၾကေသာ ႏိုင္ငံေရးသေဘာတရားမ်ားႏွင့္ အုပ္ခ်ဳပ္ေရးစနစ္မ်ားမွာ ႐ုတ္ခ်ည္းဆိုသလို ခ်က္ျခင္းေပၚေပါက္လာခဲ့သည္မဟုတ္ပါ။ လူ႔အဖြဲ႕အစည္းအသီးသီးမွ လူမ်ိဴး၊ ယုံၾကည္ကိုးကြယ္မႈ၊ ပထဝီအေနအထားစသည့္ ပကတိ‌အေျခအေနမ်ားအေပၚမူတည္၍ သင့္ေတာ္သလို စမ္းသပ္အုပ္ခ်ဳပ္ခဲ့ၾကျခင္းမွ တျဖည္းျဖည္း ပိုမိုေကာင္း မြန္၊ ပိုမို ျပည့္စုံလာသည့္သေဘာျဖစ္ေလရာ မ်က္ေမွာက္ေခတ္ ဒီမိုက ရက္တစ္ဖက္ဒရယ္စနစ္သည္လည္း ထိုလမ္းကိုပင္ ေလွ်ာက္လွမ္းခဲ့ရပါသည္။

ကိုးကား ... ဦးတင္ေမာင္ရင္ (မဟာဝိဇၨာ) ေခတ္ျမန္မာတည္ဟန္
ေဒါက္တာသန႔္ျမင့္ဉိး၊ River of Lost Footstep
Wikipedia

https://npnewsmm.com/news/62959dd4de8f4b6d6d7cadd3

Related news

© 2021. All rights reserved.