နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းရန် နီပေါ သံအမတ်ကြီး ဖိတ်ခေါ်

 178

သုတကျော် (NP News) - ဇွန် ၁

နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းရန် အလားအလာများစွာရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး Mr. Harish- chandra Ghimire က ဖိတ်ခေါ်ခဲ့သည်။
အဆိုပါစကားကို မေလ (၂၉) ရက် ညပိုင်းက ရန်ကုန်မြို့ Central Hotel ၌ ကျင်းပသော (၇၂) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ဧဝရက် တောင်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“နီပေါနဲ့ မြန်မာနိုင်ငံတို့ဟာ ရှေးယခင်ကတည်းက အလွန်ကောင်းမွန်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားပါတယ်။ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာများစွာ ရှိပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ လုမ္ဗိနီအပြင် တောင်တန်းတွေ၊ သဘာဝ၊ ယဉ်ကျေးမှုနဲ့ Adventure ခရီးသွားလုပ်ငန်းတွေ ကြွယ်ဝတဲ့ နီပေါ နိုင်ငံကို သိဖို့အရေးကြီးပါတယ်။ နီပေါနိုင်ငံကို တောင်တက်ခြင်းနှင့် တောင်တက်ခရီးသွားခြင်းရဲ့ Paradise အဖြစ်လည်း သိကြပါသည်။ အလားတူပဲ မြန်မာနိုင်ငံမှာလည်း ခရီးသွားလုပ်ငန်းအတွက် မတွေ့ရှိသေးတဲ့ တောင်ကုန်းတွေနဲ့ တောင် များစွာရှိပါတယ်။ နှစ်နိုင်ငံလုံးဟာ Adventure ခရီးသွားလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်” ဟု သံအမတ်ကြီးက ဆိုသည်။
မြန်မာနိုင်ငံရှိ ခရီးသွားနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများအနေဖြင့် နီပေါနိုင်ငံသို့ ခရီးသွားများ အတွက် လုမ္ဗိနီနှင့် အခြားနေရာများပါဝင်သော ခရီးစဉ်များပြုလုပ်ရန် တိုက်တွန်းလိုပါကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
ယခုနှစ် မတ်လ (၂၈) ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သော ပြင်းအား (၇ ဒသမ ၇) ရှိသော ငလျင်ဒဏ်ကြောင့် သေဆုံးမှုများ စွာနှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် နီပေါ အစိုးရနှင့် ပြည်သူများက မြန်မာအစိုးရနှင့် ပြည်သူများအား ထပ်တူဝမ်းနည်းကြောင်းနှင့် စာနာထောက် ထားမှုများ ပေးပို့ခဲ့ပြီး မြန်မာပြည်သူများနှင့် စည်းလုံးညီညွတ်စွာဖြင့် ဖြစ်နိုင်သမျှ အကူအညီများ ပေး အပ်ရန်အဆင်သင့်ရှိကြောင်း ဖော်ပြခဲ့သည်ဟု သံအမတ်ကြီးက ဆိုသည်။
နီပေါနိုင်ငံသည် ဧပြီလ (၁၀) ရက်တွင် နီပေါလေကြောင်းလိုင်း၏ စင်းလုံးငှားလေယာဉ်ဖြင့် ဆေးဝါးများ၊ အစားအစာများ၊ ရေ၊ တဲများ၊ စောင်များ၊ အိပ်ရာအိတ်များ၊ ခြင်ထောင်များနှင့် အခြား မရှိမဖြစ် လိုအပ်သော ပစ္စည်းများပါဝင်သည့် ကယ်ဆယ်ရေး ပစ္စည်း (၂၇) တန်ကိုပေးပို့ခဲ့ကာ နီပေါ စစ် တပ်မှ (၁၆) ဦးပါဝင်သော ဆေးဘက်ဆိုင်ရာအဖွဲ့ကိုလည်း ရမည်းသင်းခရိုင်ဆေးရုံသို့စေလွှတ်ခဲ့ပြီး တစ်ပတ်အတွင်း လူပေါင်း (၁၄၀ဝ) နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း ပြောကြားခဲ့ သည်။

Zawgyi Version:
ႏွစ္ႏိုင္ငံအၾကား ခရီးသြားလုပ္ငန္းတြင္ ပူးေပါင္းရန္ နီေပါ သံအမတ္ႀကီး ဖိတ္ေခၚ
သုတေက်ာ္ (NP News) - ဇြန္ ၁

ႏွစ္ႏိုင္ငံအၾကား ခရီးသြားလုပ္ငန္းတြင္ ပူးေပါင္းရန္ အလားအလာမ်ားစြာရွိေၾကာင္း ျမန္မာႏိုင္ငံ ဆိုင္ရာ နီေပါႏိုင္ငံ သံအမတ္ႀကီး Mr. Harish- chandra Ghimire က ဖိတ္ေခၚခဲ့သည္။
အဆိုပါစကားကို ေမလ (၂၉) ရက္ ညပိုင္းက ရန္ကုန္ၿမိဳ႕ Central Hotel ၌ က်င္းပေသာ (၇၂) ႀကိမ္ေျမာက္အျပည္ျပည္ဆိုင္ရာ ဧဝရက္ ေတာင္ေန႔ အခမ္းအနားတြင္ မိန႔္ခြန္းေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“နီေပါနဲ႔ ျမန္မာႏိုင္ငံတို႔ဟာ ေရွးယခင္ကတည္းက အလြန္ေကာင္းမြန္ၿပီး ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးကို ပိုင္ဆိုင္ထားပါတယ္။ ႏွစ္ႏိုင္ငံအၾကား ခရီးသြားလုပ္ငန္းမွာ ပူးေပါင္းေဆာင္႐ြက္ဖို႔ အလားအလာမ်ားစြာ ရွိပါတယ္။ ျမန္မာျပည္သူေတြအေနနဲ႔ လုမၺိနီအျပင္ ေတာင္တန္းေတြ၊ သဘာဝ၊ ယဥ္ေက်းမႈနဲ႔ Adventure ခရီးသြားလုပ္ငန္းေတြ ႂကြယ္ဝတဲ့ နီေပါ ႏိုင္ငံကို သိဖို႔အေရးႀကီးပါတယ္။ နီေပါႏိုင္ငံကို ေတာင္တက္ျခင္းႏွင့္ ေတာင္တက္ခရီးသြားျခင္းရဲ႕ Paradise အျဖစ္လည္း သိၾကပါသည္။ အလားတူပဲ ျမန္မာႏိုင္ငံမွာလည္း ခရီးသြားလုပ္ငန္းအတြက္ မေတြ႕ရွိေသးတဲ့ ေတာင္ကုန္းေတြနဲ႔ ေတာင္ မ်ားစြာရွိပါတယ္။ ႏွစ္ႏိုင္ငံလုံးဟာ Adventure ခရီးသြားလုပ္ငန္းမွာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ပါတယ္” ဟု သံအမတ္ႀကီးက ဆိုသည္။
ျမန္မာႏိုင္ငံရွိ ခရီးသြားႏွင့္ ခရီးသြားလုပ္ငန္းကုမၸဏီမ်ားအေနျဖင့္ နီေပါႏိုင္ငံသို႔ ခရီးသြားမ်ား အတြက္ လုမၺိနီႏွင့္ အျခားေနရာမ်ားပါဝင္ေသာ ခရီးစဥ္မ်ားျပဳလုပ္ရန္ တိုက္တြန္းလိုပါေၾကာင္းလည္း သံအမတ္ႀကီးက ဆိုသည္။
ယခုႏွစ္ မတ္လ (၂၈) ရက္တြင္ ျမန္မာႏိုင္ငံအလယ္ပိုင္း၌ လႈပ္ခတ္ခဲ့ေသာ ျပင္းအား (၇ ဒသမ ၇) ရွိေသာ ငလ်င္ဒဏ္ေၾကာင့္ ေသဆုံးမႈမ်ား စြာႏွင့္ ပစၥည္းဥစၥာမ်ား ပ်က္စီးဆုံးရႈံးခဲ့ရသည့္အတြက္ နီေပါ အစိုးရႏွင့္ ျပည္သူမ်ားက ျမန္မာအစိုးရႏွင့္ ျပည္သူမ်ားအား ထပ္တူဝမ္းနည္းေၾကာင္းႏွင့္ စာနာေထာက္ ထားမႈမ်ား ေပးပို႔ခဲ့ၿပီး ျမန္မာျပည္သူမ်ားႏွင့္ စည္းလုံးညီၫြတ္စြာျဖင့္ ျဖစ္ႏိုင္သမွ် အကူအညီမ်ား ေပး အပ္ရန္အဆင္သင့္ရွိေၾကာင္း ေဖာ္ျပခဲ့သည္ဟု သံအမတ္ႀကီးက ဆိုသည္။
နီေပါႏိုင္ငံသည္ ဧၿပီလ (၁၀) ရက္တြင္ နီေပါေလေၾကာင္းလိုင္း၏ စင္းလုံးငွားေလယာဥ္ျဖင့္ ေဆးဝါးမ်ား၊ အစားအစာမ်ား၊ ေရ၊ တဲမ်ား၊ ေစာင္မ်ား၊ အိပ္ရာအိတ္မ်ား၊ ျခင္ေထာင္မ်ားႏွင့္ အျခား မရွိမျဖစ္ လိုအပ္ေသာ ပစၥည္းမ်ားပါဝင္သည့္ ကယ္ဆယ္ေရး ပစၥည္း (၂၇) တန္ကိုေပးပို႔ခဲ့ကာ နီေပါ စစ္ တပ္မွ (၁၆) ဦးပါဝင္ေသာ ေဆးဘက္ဆိုင္ရာအဖြဲ႕ကိုလည္း ရမည္းသင္းခ႐ိုင္ေဆး႐ုံသို႔ေစလႊတ္ခဲ့ၿပီး တစ္ပတ္အတြင္း လူေပါင္း (၁၄၀ဝ) နီးပါးကို က်န္းမာေရးေစာင့္ေရွာက္မႈေပးခဲ့ေၾကာင္း ေျပာၾကားခဲ့ သည္။

Related news

© 2021. All rights reserved.