အမေရိကန်နိုင်ငံမှာ ပျားအကောင် ရေသန်း(၂၅၀)တင်ဆောင်လာတဲ့ တွဲကားတိမ်းမှောက်ပြီးနောက် သတိပေးချက်တွေ ထုတ်ပြန်

993

Pika (NP News) - ဇွန် ၁
အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပျားအကောင်ရေသန်း(၂၅၀)ကို သယ်ဆောင်လာတဲ့ တွဲကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီထရပ်ကားတိမ်းမှောက်မှုနဲ့အတူ ပျားအစုအဝေးတွေကို ရှောင်ရှားကြဖို့ ပြည်သူတွေကို ရဲတပ်ဖွဲ့က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပျားတွေကို သယ်ဆောင်လာတဲ့ တွဲကားတစ်စီး တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က “ပျားအကောင်ရေသန်း(၂၅၀)လောက်သယ်ဆောင်လာတဲ့ တွဲကားတစ်စီး တိမ်းမှောက်ခဲ့ပါတယ်။ ပျားတွေ လွတ်သွားမှုနဲ့အတူ အန္တရာယ်ရှိတာကြောင့် အဲဒီဧရိယာကို ရှောင်ရှားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ထုတ်ပြန် ခဲ့ပါတယ်။
ကနေဒါနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး ဗန်ကူးပါးမြို့ကနေ မိုင်(၃ဝ)အကွာလောက်မှာတည်ရှိတဲ့ ဒေသရဲ့လမ်းမ ပေါ်မှာ ပျားပညာရှင်တွေက ကူညီမှုတွေ လုပ်ဆောင်ပေးမှုနဲ့အတူ လမ်းတွေကို ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။ အချို့ပျားမွေးမြူရေးသမားတွေဟာ ပျားရည်ထုတ်လုပ်ဖို့အတွက် မွေးမြူကြပေမယ့်လည်း အချို့ကတော့ သီးနှံတွေဝတ်မှုန်ကူးဖို့အတွက် အင်းဆက်ပိုးမွှားတွေ လိုအပ်တဲ့လူတွေကို ပျားအုံငှားရမ်းတာမျိုးတွေ လုပ်ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ ပ်ားအေကာင္ ေရသန္း(၂၅၀)တင္ေဆာင္လာတဲ့ တြဲကားတိမ္းေမွာက္ၿပီးေနာက္ သတိေပးခ်က္ေတြ ထုတ္ျပန္
Pika (NP News) - ဇြန္ ၁
အေမရိကန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ပ်ားအေကာင္ေရသန္း(၂၅၀)ကို သယ္ေဆာင္လာတဲ့ တြဲကားတစ္စီး တိမ္းေမွာက္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီထရပ္ကားတိမ္းေမွာက္မႈနဲ႔အတူ ပ်ားအစုအေဝးေတြကို ေရွာင္ရွားၾကဖို႔ ျပည္သူေတြကို ရဲတပ္ဖြဲ႕က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဒီျဖစ္ရပ္ဟာ အေမရိကန္ႏိုင္ငံ အေနာက္ေျမာက္ဘက္ ဝါရွင္တန္ျပည္နယ္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ပ်ားေတြကို သယ္ေဆာင္လာတဲ့ တြဲကားတစ္စီး တိမ္းေမွာက္ခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က “ပ်ားအေကာင္ေရသန္း(၂၅၀)ေလာက္သယ္ေဆာင္လာတဲ့ တြဲကားတစ္စီး တိမ္းေမွာက္ခဲ့ပါတယ္။ ပ်ားေတြ လြတ္သြားမႈနဲ႔အတူ အႏၲရာယ္ရွိတာေၾကာင့္ အဲဒီဧရိယာကို ေရွာင္ရွားၾကဖို႔ တိုက္တြန္းလိုပါတယ္” လို႔ ထုတ္ျပန္ ခဲ့ပါတယ္။
ကေနဒါႏိုင္ငံနဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနၿပီး ဗန္ကူးပါးၿမိဳ႕ကေန မိုင္(၃ဝ)အကြာေလာက္မွာတည္ရွိတဲ့ ေဒသရဲ႕လမ္းမ ေပၚမွာ ပ်ားပညာရွင္ေတြက ကူညီမႈေတြ လုပ္ေဆာင္ေပးမႈနဲ႔အတူ လမ္းေတြကို ပိတ္ဆို႔ထားတယ္လို႔လည္း သိရပါတယ္။ အခ်ိဳ႕ပ်ားေမြးျမဴေရးသမားေတြဟာ ပ်ားရည္ထုတ္လုပ္ဖို႔အတြက္ ေမြးျမဴၾကေပမယ့္လည္း အခ်ိဳ႕ကေတာ့ သီးႏွံေတြဝတ္မႈန္ကူးဖို႔အတြက္ အင္းဆက္ပိုးမႊားေတြ လိုအပ္တဲ့လူေတြကို ပ်ားအုံငွားရမ္းတာမ်ိဳးေတြ လုပ္ၾကတယ္လို႔လည္း သိရပါတယ္။