ယူကရိန်းက ဒေါ်နယ်ထရမ့်ကို လှည့်ဖြားဖို့ကြိုးပမ်းနေတယ်လို့ ရုရှားအစိုးရ ဝေဖန်

 349

Pika (NP News) - ဇွန် ၁

ယူကရိန်းနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးရရှိစေလို့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လှည့်ဖြားဖို့ ကြိုးပမ်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် Vassily Nebenzia က ပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာ အမေရိကန်ကို ရုရှားဆန့်ကျင်ရေး ရပ်တည်ချက်တစ်ခုအဖြစ် ပြန်လည် ရောက်ရှိအောင် ကြိုးပမ်းနေတယ်လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားနိုင်ငံအတွင်းကို ယူကရိန်းရဲ့ဒရုန်းတွေ ကျူးကျော်ဝင်ရောက်လာမှုတွေ မြင့်တက်လာတာနဲ့ပတ်သက်ပြီး Vassily Nebenzia က သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းရဲ့ ဒရုန်းအစင်းရေ စုစုပေါင်း(၁၄၆၅)စင်းကို ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပစ်ချခဲ့ပေမယ့်လည်း ကလေးငယ်တွေ အပါအဝင် အရပ်သားသေဆုံးမှုတွေကိုဖြစ်ပေါ်စေခဲ့တယ်လို့ Vassily Nebenzia က ပြောကြားခဲ့ ပါတယ်။ Vassily Nebenzia က “ယူကရိန်းနဲ့ ၎င်းရဲ့နေတိုးအဖွဲ့ကျောထောက်နောက်ခံနိုင်ငံတွေဟာ ရုရှားက ယူကရိန်းမြို့တွေရဲ့လူနေဧရိယာတွေကို တမင်တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ယုံကြည်အောင် ကြိုးပမ်း နေကြပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေဟာ ယူကရိန်းရဲ့စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေကိုသာ ပစ်မှတ်ထား တာမျိုးဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက ေဒၚနယ္ထရမ့္ကို လွည့္ျဖားဖို႔ႀကိဳးပမ္းေနတယ္လို႔ ႐ုရွားအစိုးရ ေဝဖန္
Pika (NP News) - ဇြန္ ၁

ယူကရိန္းႏိုင္ငံဟာ လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးရရွိေစလို႔တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို လွည့္ျဖားဖို႔ ႀကိဳးပမ္းေနတယ္လို႔ ကုလသမဂၢဆိုင္ရာ ႐ုရွားသံတမန္ Vassily Nebenzia က ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းဟာ အေမရိကန္ကို ႐ုရွားဆန႔္က်င္ေရး ရပ္တည္ခ်က္တစ္ခုအျဖစ္ ျပန္လည္ ေရာက္ရွိေအာင္ ႀကိဳးပမ္းေနတယ္လို႔ ၎က ထပ္မံေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ႐ုရွားႏိုင္ငံအတြင္းကို ယူကရိန္းရဲ႕ဒ႐ုန္းေတြ က်ဴးေက်ာ္ဝင္ေရာက္လာမႈေတြ ျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး Vassily Nebenzia က သတိေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းရဲ႕ ဒ႐ုန္းအစင္းေရ စုစုေပါင္း(၁၄၆၅)စင္းကို ႐ုရွားရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက ပစ္ခ်ခဲ့ေပမယ့္လည္း ကေလးငယ္ေတြ အပါအဝင္ အရပ္သားေသဆုံးမႈေတြကိုျဖစ္ေပၚေစခဲ့တယ္လို႔ Vassily Nebenzia က ေျပာၾကားခဲ့ ပါတယ္။ Vassily Nebenzia က “ယူကရိန္းနဲ႔ ၎ရဲ႕ေနတိုးအဖြဲ႕ေက်ာေထာက္ေနာက္ခံႏိုင္ငံေတြဟာ ႐ုရွားက ယူကရိန္းၿမိဳ႕ေတြရဲ႕လူေနဧရိယာေတြကို တမင္တိုက္ခိုက္မႈေတြလုပ္ေဆာင္ေနတယ္လို႔ ယုံၾကည္ေအာင္ ႀကိဳးပမ္း ေနၾကပါတယ္။ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြဟာ ယူကရိန္းရဲ႕စစ္ဘက္ဆိုင္ရာအေဆာက္အဦးေတြကိုသာ ပစ္မွတ္ထား တာမ်ိဳးျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.