အခွန်စည်းကြပ်မှုဆိုင်ရာသဘောတူညီချက်ကို တရုတ်က ချိုးဖောက်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

203

Pika (NP News) - ဇွန် ၁
တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ အခွန်စည်းကြပ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ သဘောတူထား တဲ့သဘောတူညီချက်အချို့ကို ချိုးဖောက်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့တရုတ်တို့ရဲ့ကုန်သွယ်ရေးဆွေးနွေးပွဲတွေဟာ အနည်းငယ်နှောင့်နှေးနေပြီး ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ ကိုယ်တိုင်ပါဝင်ဖို့ လိုအပ်ပုံပေါ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ၎င်းရဲ့ကုန်သွယ်ဖက်နိုင်ငံ တွေအပေါ် အခွန်စည်းကြပ်မှုအသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်မှု ဆိုင်ရာဆွေးနွေးပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့အခွန်စည်းကြပ်မှုအသစ်ကို နိုင်ငံအများအပြားက ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြ တယ်လို့လည်း သိရပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲတွေ နှောင့်နှေးသွားပေမယ့်လည်း လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း နောက်ထပ်ဆွေးနွေးပွဲတွေကို မျှော်လင့် ထားတယ်လို့ စကော့ဘတ်ဆန့်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အခြန္စည္းၾကပ္မႈဆိုင္ရာသေဘာတူညီခ်က္ကို တ႐ုတ္က ခ်ိဳးေဖာက္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၁
တ႐ုတ္ႏိုင္ငံဟာ အေမရိကန္နဲ႔ အခြန္စည္းၾကပ္မႈဆိုင္ရာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “တ႐ုတ္ႏိုင္ငံဟာ အေမရိကန္နဲ႔ သေဘာတူထား တဲ့သေဘာတူညီခ်က္အခ်ိဳ႕ကို ခ်ိဳးေဖာက္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔တ႐ုတ္တို႔ရဲ႕ကုန္သြယ္ေရးေဆြးေႏြးပြဲေတြဟာ အနည္းငယ္ေႏွာင့္ေႏွးေနၿပီး ေဒၚနယ္ထရမ့္နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ ကိုယ္တိုင္ပါဝင္ဖို႔ လိုအပ္ပုံေပၚတယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ဘတ္ဆန႔္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ဟာ ၎ရဲ႕ကုန္သြယ္ဖက္ႏိုင္ငံ ေတြအေပၚ အခြန္စည္းၾကပ္မႈအသစ္ကို ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တ႐ုတ္နဲ႔အေမရိကန္ၾကား ကုန္သြယ္မႈ ဆိုင္ရာေဆြးေႏြးပြဲေတြ ေပၚေပါက္လာတာျဖစ္ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕အခြန္စည္းၾကပ္မႈအသစ္ကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့ၾက တယ္လို႔လည္း သိရပါတယ္။ ကမာၻ႔စီးပြားေရးအင္အားႀကီးႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးပြဲေတြ ေႏွာင့္ေႏွးသြားေပမယ့္လည္း လာမယ့္သီတင္းပတ္အနည္းငယ္အတြင္း ေနာက္ထပ္ေဆြးေႏြးပြဲေတြကို ေမွ်ာ္လင့္ ထားတယ္လို႔ စေကာ့ဘတ္ဆန႔္က ေျပာၾကားခဲ့ပါတယ္။