ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်မည့် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များ လုယက်ယူဆောင်ခံရမှုဖြစ်ပွား

 1080

NP News - မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်မည့် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များအား လက်နက် ကိုင်ဆောင်ထားသူ (၂ဝ)ဦးမှ လုယက်ယူဆောင်ခြင်းခံခဲ့ရကြောင်း နစကဘက်မှ မေလ(၃ဝ)ရက်ညပိုင်းတွင် ထုတ်ပြန်ထားသည်။

၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် အသုံးပြုရန် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပါဝင်သည့် ပီနံအိတ် ၄၁ အိတ်နှင့် စက္ကူဂျပ်ဖာ ၄၁ ဖာတို့ကို မေလ ၂၉ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပညာရေးမှူးရုံးမှ ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်ရန် မော်လိုက်-ဖောင်းပြင် ကုန်တင်ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါရေယာဉ်သည် မွန်းလွဲ ၂ နာရီခန့်က မော်လိုက်မြို့နယ်၊ ယုဝကျေးရွာအနီးသို့အရောက်တွင် လက်နက်ငယ်များ ကိုင်ဆောင်ထားသူ ၂ဝ ဦးခန့်က ရေယာဉ်အားတားဆီး၍ ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင်ပြီး ရေယာဉ်အား ဆက်လက် ထွက်ခွာစေခိုင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ယူဆောင်သွားသည့် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များသည် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန်အတွက် ပေးပို့သည့်စာအုပ်များဖြစ်ပြီး ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁ဝဝဝ (၁၂ဝဝဝ အုပ်)၊ Grade-11 သင်ရိုးအတွက် စာရိတ္တနှင့် ပြည်သူ့နီတိပုံနှိပ်စာအုပ် ၂၅ဝဝ အုပ်၊ ရူပဗေဒပုံနှိပ်စာအုပ် ၁၁ဝဝ အုပ်နှင့် ရူပဗေဒလက်တွေ့ပုံနှိပ်စာအုပ် ၁၁ဝဝ အုပ်၊ စုစုပေါင်း ပုံနှိပ်စာအုပ် ၄၇ဝဝ အုပ် ပါဝင်ကြောင်း သိရသည်။

အလားတူ မေလ ၂၄ ရက် ညနေ ၆ နာရီ ၁ဝ မိနစ်ခန့်ကလည်း တနင်္သာ ရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေး ရွာ၏ အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ ထားဝယ် - မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်၌ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်း များသို့ဖြန့်ချီမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် နှစ်စီးအား လက်နက်ကိုင်အချို့ကတားဆီးရပ်တန့်၍ ကျောင်းသုံးပုံနှိပ်စာအုပ်များထည့်ထားသည့် ဆာလာအိတ် ၁၅၉၇ ထုပ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်ကို ကားလမ်းဘေးသို့ချ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကဘက်မှ ဖော်ပြထားသည်။

https://npnewsmm.com/news/6295ce167bbab3061338c476

zawgyi version
ေဖာင္းျပင္ၿမိဳ႕နယ္ ပညာေရးမႉး႐ုံးသို႔ ပို႔ေဆာင္မည့္ ေက်ာင္းသုံးဗလာစာအုပ္မ်ားႏွင့္ ပုံႏွိပ္စာအုပ္မ်ား လုယက္ယူေဆာင္ခံရမႈ ျဖစ္ပြား
NP News - ေမ ၃၁

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေဖာင္းျပင္ၿမိဳ႕နယ္ ပညာေရးမႉး႐ုံးသို႔ ပို႔ေဆာင္မည့္ ေက်ာင္းသုံးဗလာစာအုပ္မ်ားႏွင့္ ပုံႏွိပ္စာအုပ္မ်ားအား လက္နက္ ကိုင္ေဆာင္ထားသူ (၂ဝ)ဦးမွ လုယက္ယူေဆာင္ျခင္းခံခဲ့ရေၾကာင္း နစကဘက္မွ ေမလ(၃ဝ)ရက္ညပိုင္းတြင္ ထုတ္ျပန္ထားသည္။

၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္တြင္ အသုံးျပဳရန္ ေက်ာင္းသုံးဗလာစာအုပ္မ်ားႏွင့္ ပုံႏွိပ္စာအုပ္မ်ားပါဝင္သည့္ ပီနံအိတ္ ၄၁ အိတ္ႏွင့္ စကၠဴဂ်ပ္ဖာ ၄၁ ဖာတို႔ကို ေမလ ၂၉ ရက္ နံနက္ ၉ နာရီခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ေမာ္လိုက္ခ႐ိုင္ ပညာေရးမႉး႐ုံးမွ ေဖာင္းျပင္ၿမိဳ႕နယ္ ပညာေရးမႉး႐ုံးသို႔ ပို႔ေဆာင္ရန္ ေမာ္လိုက္-ေဖာင္းျပင္ ကုန္တင္ေရယာဥ္ျဖင့္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါေရယာဥ္သည္ မြန္းလြဲ ၂ နာရီခန႔္က ေမာ္လိုက္ၿမိဳ႕နယ္၊ ယုဝေက်း႐ြာအနီးသို႔အေရာက္တြင္ လက္နက္ငယ္မ်ား ကိုင္ေဆာင္ထားသူ ၂ဝ ဦးခန႔္က ေရယာဥ္အားတားဆီး၍ ေက်ာင္းသုံးဗလာစာအုပ္မ်ားႏွင့္ ပုံႏွိပ္စာအုပ္မ်ားကို လုယက္ယူေဆာင္ၿပီး ေရယာဥ္အား ဆက္လက္ ထြက္ခြာေစခိုင္းခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

၎တို႔ယူေဆာင္သြားသည့္ ေက်ာင္းသုံးဗလာစာအုပ္မ်ားႏွင့္ ပုံႏွိပ္စာအုပ္မ်ားသည္ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အသုံးျပဳရန္အတြက္ ေပးပို႔သည့္စာအုပ္မ်ားျဖစ္ၿပီး ေက်ာင္းသုံးဗလာစာအုပ္ ဒါဇင္ ၁ဝဝဝ (၁၂ဝဝဝ အုပ္)၊ Grade-11 သင္႐ိုးအတြက္ စာရိတၱႏွင့္ ျပည္သူ႔နီတိပုံႏွိပ္စာအုပ္ ၂၅ဝဝ အုပ္၊ ႐ူပေဗဒပုံႏွိပ္စာအုပ္ ၁၁ဝဝ အုပ္ႏွင့္ ႐ူပေဗဒလက္ေတြ႕ပုံႏွိပ္စာအုပ္ ၁၁ဝဝ အုပ္၊ စုစုေပါင္း ပုံႏွိပ္စာအုပ္ ၄၇ဝဝ အုပ္ ပါဝင္ေၾကာင္း သိရသည္။

အလားတူ ေမလ ၂၄ ရက္ ညေန ၆ နာရီ ၁ဝ မိနစ္ခန႔္ကလည္း တနသၤာ ရီတိုင္းေဒသႀကီး၊ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ေအာက္သရက္ေခ်ာင္းေက်း ႐ြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၂ဝဝဝ ခန႔္အကြာရွိ ထားဝယ္ - ၿမိတ္ ျပည္ေထာင္စု လမ္းမႀကီးေပၚ၌ ၿမိတ္ခ႐ိုင္အတြင္းရွိ စာသင္ေက်ာင္း မ်ားသို႔ျဖန႔္ခ်ီမည့္ ေက်ာင္းသုံးပုံႏွိပ္စာအုပ္မ်ား သယ္ေဆာင္လာသည့္ ၁၂ ဘီးယာဥ္ ႏွစ္စီးအား လက္နက္ကိုင္အခ်ိဳ႕ကတားဆီးရပ္တန႔္၍ ေက်ာင္းသုံးပုံႏွိပ္စာအုပ္မ်ားထည့္ထားသည့္ ဆာလာအိတ္ ၁၅၉၇ ထုပ္အနက္မွ ဆာလာအိတ္ ၄၈ ထုပ္ကို ကားလမ္းေဘးသို႔ခ်၍ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နစကဘက္မွ ေဖာ္ျပထားသည္။

https://npnewsmm.com/news/6295ce167bbab3061338c476

Picture

U Hla Yi

01/06/2022 08:58

စာဖတ်မရ မှောင်နေတယ်

© 2021. All rights reserved.