အိန္ဒိယနိုင်ငံကိုတိုက်ခိုက်ဖို့ အယ်ကိုင်ဒါးလက်အောက်ခံ (AQIS) အဖွဲ့ ခြိမ်းခြောက်

872

ဂျန်ဇက် (NP News) - ဇွန် ၈
အယ်ကိုင်ဒါးလက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအခြေစိုက် အယ်ကိုင်ဒါးအုပ်စု (AQIS)က အိန္ဒိယကို တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ BJP ပါတီရဲ့ခေါင်းဆောင်နှစ်ဦး ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ တမန်တော်မိုဟာမက်ဒ်နဲ့ ပတ်သက် ပြီး အငြင်းပွားမှုများဖြစ်စေခဲ့ပြီးနောက် အိန္ဒိယအခြေစိုက် အယ်ကိုင်ဒါးအုပ်စုက အခုလိုမျိုးခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံသားတွေ ပါဝင်နေတဲ့ (AQIS) အုပ်စုဟာ အိန္ဒိယနိုင်ငံ နယူးဒေ လီ၊ မွန်ဘိုင်း၊ ဥတ္တရာပရာဒက်ချ်၊ ဂူဂျာရက်ပြည်နယ်များကို တိုက်ခိုက်ဖွယ်ရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက်အဖွဲ့စည်းက "BJP ပါတီခေါင်းဆောင်များရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကမ္ဘာတဝန်းရှိ မွတ်စလင်တွေ စိတ်မကောင်းဖြစ်ရတယ်။ အဲဒီအတွက် လက်စားချေသွားမယ်။ ပြန်လည်ဒဏ်ခတ်သင့်တယ်လို့ ခံစားမိတယ်" လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
AQIS အုပ်စုဟာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ဘလော့ဂါများ၊ စာရေးဆရာများကို တိုက်ခိုက်ခြင်းများကြောင့် လူသိ များတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါအဖွဲ့အစည်းကို အယ်ကိုင်ဒါလက်အောက်ခံအဖွဲ့အစည်း အဖြစ်၂ဝ၁၄ ခုနှစ်က ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းဟာ အိန္ဒိယနိုင်ငံ အတွင်းရှိ ဆရာဝန်များနဲ့ ဘာသာမဲ့တွေကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
https://www.thehindu.com/news/national/al-qaeda-in-indian-subcontinent-threatens-to-attack-india-after-prophet-controversy/article65505330.ece

Zawgyi Version;
အိႏၵိယႏိုင္ငံကိုတိုက္ခိုက္ဖို႔ အယ္ကိုင္ဒါးလက္ေအာက္ခံ (AQIS) အဖြဲ႕ ၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) - ဇြန္ ၈
အယ္ကိုင္ဒါးလက္ေအာက္ခံအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ အိႏၵိယႏိုင္ငံအေျခစိုက္ အယ္ကိုင္ဒါးအုပ္စု (AQIS)က အိႏၵိယကို တိုက္ခိုက္သြားမယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုလိုက္ပါတယ္။
အိႏၵိယႏိုင္ငံ BJP ပါတီရဲ႕ေခါင္းေဆာင္ႏွစ္ဦး ထုတ္ျပန္ခဲ့တဲ့ေၾကညာခ်က္မွာ တမန္ေတာ္မိုဟာမက္ဒ္နဲ႔ ပတ္သက္ ၿပီး အျငင္းပြားမႈမ်ားျဖစ္ေစခဲ့ၿပီးေနာက္ အိႏၵိယအေျခစိုက္ အယ္ကိုင္ဒါးအုပ္စုက အခုလိုမ်ိဳးၿခိမ္းေျခာက္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
ျမန္မာ၊ ဘဂၤလားေဒရွ္႕၊ ပါကစၥတန္နဲ႔ အိႏၵိယႏိုင္ငံသားေတြ ပါဝင္ေနတဲ့ (AQIS) အုပ္စုဟာ အိႏၵိယႏိုင္ငံ နယူးေဒ လီ၊ မြန္ဘိုင္း၊ ဥတၱရာပရာဒက္ခ်္၊ ဂူဂ်ာရက္ျပည္နယ္မ်ားကို တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။
အဆိုပါ အၾကမ္းဖက္အဖြဲ႕စည္းက "BJP ပါတီေခါင္းေဆာင္မ်ားရဲ႕ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ကမာၻတဝန္းရွိ မြတ္စလင္ေတြ စိတ္မေကာင္းျဖစ္ရတယ္။ အဲဒီအတြက္ လက္စားေခ်သြားမယ္။ ျပန္လည္ဒဏ္ခတ္သင့္တယ္လို႔ ခံစားမိတယ္" လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
AQIS အုပ္စုဟာ ဘဂၤလားေဒရွ႕္ႏိုင္ငံကို ဘေလာ့ဂါမ်ား၊ စာေရးဆရာမ်ားကို တိုက္ခိုက္ျခင္းမ်ားေၾကာင့္ လူသိ မ်ားတဲ့အဖြဲ႕အစည္းတစ္ခုလည္းျဖစ္ပါတယ္။ အဆိုပါအဖြဲ႕အစည္းကို အယ္ကိုင္ဒါလက္ေအာက္ခံအဖြဲ႕အစည္း အျဖစ္၂ဝ၁၄ ခုႏွစ္က ဖြဲ႕စည္းခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါအၾကမ္းဖက္အဖြဲ႕အစည္းဟာ အိႏၵိယႏိုင္ငံ အတြင္းရွိ ဆရာဝန္မ်ားနဲ႔ ဘာသာမဲ့ေတြကို တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ဖူးတယ္လို႔ သိရပါတယ္။
https://www.thehindu.com/news/national/al-qaeda-in-indian-subcontinent-threatens-to-attack-india-after-prophet-controversy/article65505330.ece