မြို့ကြီး(၄)မြို့ရှိ KBZ ATM အချို့၌ တစ်ပတ်လျှင် အများဆုံး ငွေကျပ် (၃) သိန်းထုတ်ယူနိုင်ပြီဟုဆို

 1569

ရဲပြည့် (NP News) - ဇွန် ၁ဝ
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် တောင်ကြီးရှိ သတ်မှတ်ထားသည့် KBZ ATM များတွင် တစ်ပတ်လျှင် အများဆုံးအနေဖြင့် ငွေကျပ်(၃) သိန်းအထိထုတ်ယူနိုင်မည်ဖြစ်ကြောင်း KBZ ဘဏ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါငွေထုတ်ယူမှုများကို ကမ္ဘောဇဘဏ် MPU Debit (ATM ကတ်) မှဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်းနည်းလမ်းဖြင့်ဖြစ်စေ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်အနေဖြင့် Customer များ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လို အပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ဇွန်လ ၉ ရက်စတင်ကာ သတ်မှတ်ထားသော ATM များတွင် ငွေသားထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဘဏ်များတွင် ရန်ကုန်မြို့ရှိ ဘဏ်ခွဲ ၁၇ ခု၊ မန္တလေးမြို့ရှိ ဘဏ်ခွဲ ၁ဝ ခု၊ နေပြည်တော်ရှိ ဘဏ်ခွဲ ၁၃ ခုနှင့် ရှမ်းပြည်နယ်ရှိ ဘဏ်ခွဲ ၁ဝ ခု စုစုပေါင်း ဘဏ်ခွဲ ၅ဝ တွင်ထုတ်ယူနိုင်မည်ဖြစ် ကြောင်းသိရသည်။

ထို့ပြင် ကမ္ဘောဇဘဏ်အနေဖြင့် ၂ဝ၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတစ်ဆင့် ငွေလွှဲခကို အခမဲ့အဖြစ်ဆောင် ရွက်ပေးခဲ့ပြီး အဆိုပါအစီအစဉ်ကို ၂ဝ၂၂ ခုနှစ် ဇွန်လကုန်အထိ ဆက် လက်တိုးမြှင့်ပေးထားခြင်းကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို ဇွန်လတစ်လလုံး အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် KBZ အနေဖြင့် ငွေသားထုတ်ယူနိုင်သည့် KBZ ATM များအား ဆက်လက်တိုးချဲ့ပေးသွားမည်ဖြစ်ပြီး ATM စာရင်းများကိုလည်း အချိန်နှင့်တပြေးညီကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။ လက်ရှိအချိန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ATM စက်အလုံးပေါင်း ၅ဝဝ ကျော်ရှိကြောင်း သိရသည်။

https://npnewsmm.com/news/62a2f64766476b1eac1e5875

zawgyi version
ၿမိဳ႕ႀကီး(၄)ၿမိဳ႕ရွိ KBZ ATM အခ်ိဳ႕၌ တစ္ပတ္လွ်င္ အမ်ားဆုံး ေငြက်ပ္ (၃) သိန္းထုတ္ယူႏိုင္ၿပီဟုဆို
ရဲျပည့္ (NP News) - ဇြန္ ၁ဝ

ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ ႏွင့္ ေတာင္ႀကီးရွိ သတ္မွတ္ထားသည့္ KBZ ATM မ်ားတြင္ တစ္ပတ္လွ်င္ အမ်ားဆုံးအေနျဖင့္ ေငြက်ပ္(၃) သိန္းအထိထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း KBZ ဘဏ္က သတင္းထုတ္ျပန္ထားသည္။

အဆိုပါေငြထုတ္ယူမႈမ်ားကို ကေမာၻဇဘဏ္ MPU Debit (ATM ကတ္) မွျဖစ္ေစ၊ mBanking Cardless Withdrawal ကတ္မဲ့ေငြထုတ္ျခင္းနည္းလမ္းျဖင့္ျဖစ္ေစ ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ကေမာၻဇဘဏ္အေနျဖင့္ Customer မ်ား၏ ဘဏ္လုပ္ငန္းဆိုင္ရာ လို အပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ ဇြန္လ ၉ ရက္စတင္ကာ သတ္မွတ္ထားေသာ ATM မ်ားတြင္ ေငြသားထုတ္ယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးလိုက္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါဘဏ္မ်ားတြင္ ရန္ကုန္ၿမိဳ႕ရွိ ဘဏ္ခြဲ ၁၇ ခု၊ မႏၲေလးၿမိဳ႕ရွိ ဘဏ္ခြဲ ၁ဝ ခု၊ ေနျပည္ေတာ္ရွိ ဘဏ္ခြဲ ၁၃ ခုႏွင့္ ရွမ္းျပည္နယ္ရွိ ဘဏ္ခြဲ ၁ဝ ခု စုစုေပါင္း ဘဏ္ခြဲ ၅ဝ တြင္ထုတ္ယူႏိုင္မည္ျဖစ္ ေၾကာင္းသိရသည္။

ထို႔ျပင္ ကေမာၻဇဘဏ္အေနျဖင့္ ၂ဝ၂၁ ခုႏွစ္ ဧၿပီလမွစတင္ၿပီး KBZ mBanking ႏွင့္ iBanking တို႔မွတစ္ဆင့္ ေငြလႊဲခကို အခမဲ့အျဖစ္ေဆာင္ ႐ြက္ေပးခဲ့ၿပီး အဆိုပါအစီအစဥ္ကို ၂ဝ၂၂ ခုႏွစ္ ဇြန္လကုန္အထိ ဆက္ လက္တိုးျမႇင့္ေပးထားျခင္းေၾကာင့္ ကေမာၻဇဘဏ္အေကာင့္အခ်င္းခ်င္း (ျမန္မာက်ပ္ေငြ) အတြက္ KBZ mBanking ႏွင့္ iBanking မွ ေငြလႊဲမႈမ်ားကို ဇြန္လတစ္လလုံး အခမဲ့ျဖင့္ ဆက္လက္လုပ္ေဆာင္သြားႏိုင္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ေၾကညာထားသည္။

လက္ရွိတြင္ KBZ အေနျဖင့္ ေငြသားထုတ္ယူႏိုင္သည့္ KBZ ATM မ်ားအား ဆက္လက္တိုးခ်ဲ႕ေပးသြားမည္ျဖစ္ၿပီး ATM စာရင္းမ်ားကိုလည္း အခ်ိန္ႏွင့္တေျပးညီေၾကညာေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထား သည္။ လက္ရွိအခ်ိန္တြင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအသီးသီး၌ ATM စက္အလုံးေပါင္း ၅ဝဝ ေက်ာ္ရွိေၾကာင္း သိရသည္။

https://npnewsmm.com/news/62a2f64766476b1eac1e5875

Related news

© 2021. All rights reserved.