Netflix က ကမ္ဘာလုံးဆိုင်ရာ နာမည်ကြီးခဲ့တဲ့ Squid Game ဇာတ်လမ်းတွဲ Season-2 ထွက်မယ်

 800

ရောင်နီ (NP News) - ဇွန် ၁၃
ကမ္ဘာလုံးဆိုင်ရာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Squid Game ကိုရီးယားဇာတ်လမ်းတွဲ Season-2 ထပ်မံ ရောက်ရှိလာတော့မှာဖြစ်ကြောင်း Netflix Inc က တနင်္ဂနွေနေ့ (ဇွန် ၁၂) မှာ ကြေညာခဲ့ကာ၊ အမိုက်စား ကိုရီးယား ဒရာမာမှာ ပါလာမယ့် ကာရိုက်တာတွေနဲ့ပတ်သက်ပြီး အရိပ်အမြွက်အနည်းငယ်ကို ပြသခဲ့ပါတယ်။

Squid Game ဟာ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့ပြီး Netflix ရဲ့ လူကြည့်အများဆုံး စီးရီးဖြစ်လာခဲ့ပါ တယ်။ အဆိုပါရှိုးဟာ ငယ်စဉ်ကလေးဘဝ ဂိမ်းများကစားကာ ပိုက်ဆံသန်းပေါင်းများစွာ ရရှိနိုင်တဲ့ အခွင့်အရေး အတွက် အသက်ကိုလောင်းကြေးထပ်ကာ ပြိုင်ပွဲဝင်ကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

စီးရီးရဲ့အောင်မြင်မှုဟာ memes များနဲ့ ဟောလိုဝင်း ဝတ်စုံတွေအဖြစ် အစိမ်းရောင်ဝတ်စုံများ များစွာကိုပင် ရောင်းချနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ စာရေးဆရာနဲ့ ဒါရိုက်တာဟွမ်ဒေါင်ဟွတ် ဟာ Netflix မှ ထုတ်ပြန်တဲ့စာတစ်စောင်မှာ ရှိုးရဲ့ Season-2 အကြောင်း အသေးစိတ်အချက်အလက်အချို့ကို အရိပ်အမြွတ် ပြောကြားခဲ့ပြီး Season-1 ဇာတ်လိုက်ဖြစ်သူ ဂီဟွန်း၊ The Front Man ဇာတ်ကောင်နဲ့ ဒေါ့ဂီကစားရင်း ဂိမ်းထဲပါဝင်ချင်သူတွေကို လိုက်လံစုဆောင်းတဲ့ကာရိုက်တာလည်း ပြန်ပါမှာဖြစ်ပြီး လှုပ်ရှားမှုကို အာရုံခံတဲ့ ယောင်းဟီစက်ရုပ် ကာရိုက်တာမှာလည်း ၎င်းရဲ့ရည်းစားလို့သတ်မှတ်ထားတဲ့ စက်ရုပ်တစ်ခု ပါဝင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် Squit Game ရဲ့ Season သစ် ဘယ်တော့ထွက်မယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် အသိပေးခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

https://cnalifestyle.channelnewsasia.com/entertainment/squid-game-season-2-coming-netflix-315976?cid=FBcna&fbclid=IwAR0M7sp1_fosVhMSm7rBcqjqoAPO_tMhAWoBcJedbBVxSTmfqb3mDZCDtC4

Zawgyi Version;
Netflix က ကမာၻလုံးဆိုင္ရာ နာမည္ႀကီးခဲ့တဲ့ Squid Game ဇာတ္လမ္းတြဲ Season-2 ထြက္မယ္
ေရာင္နီ (NP News) - ဇြန္ ၁၃
ကမာၻလုံးဆိုင္ရာ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့တဲ့ Squid Game ကိုရီးယားဇာတ္လမ္းတြဲ Season-2 ထပ္မံ ေရာက္ရွိလာေတာ့မွာျဖစ္ေၾကာင္း Netflix Inc က တနဂၤေႏြေန႔ (ဇြန္ ၁၂) မွာ ေၾကညာခဲ့ကာ၊ အမိုက္စား ကိုရီးယား ဒရာမာမွာ ပါလာမယ့္ ကာ႐ိုက္တာေတြနဲ႔ပတ္သက္ၿပီး အရိပ္အႁမြက္အနည္းငယ္ကို ျပသခဲ့ပါတယ္။

Squid Game ဟာ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလမွာ ထြက္ရွိခဲ့ၿပီး Netflix ရဲ႕ လူၾကည့္အမ်ားဆုံး စီးရီးျဖစ္လာခဲ့ပါ တယ္။ အဆိုပါရႈိးဟာ ငယ္စဥ္ကေလးဘဝ ဂိမ္းမ်ားကစားကာ ပိုက္ဆံသန္းေပါင္းမ်ားစြာ ရရွိႏိုင္တဲ့ အခြင့္အေရး အတြက္ အသက္ကိုေလာင္းေၾကးထပ္ကာ ၿပိဳင္ပြဲဝင္ၾကရတဲ့ ဇာတ္လမ္းျဖစ္ပါတယ္။

စီးရီးရဲ႕ေအာင္ျမင္မႈဟာ memes မ်ားနဲ႔ ေဟာလိုဝင္း ဝတ္စုံေတြအျဖစ္ အစိမ္းေရာင္ဝတ္စုံမ်ား မ်ားစြာကိုပင္ ေရာင္းခ်ႏိုင္တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ စာေရးဆရာနဲ႔ ဒါ႐ိုက္တာဟြမ္ေဒါင္ဟြတ္ ဟာ Netflix မွ ထုတ္ျပန္တဲ့စာတစ္ေစာင္မွာ ရႈိးရဲ႕ Season-2 အေၾကာင္း အေသးစိတ္အခ်က္အလက္အခ်ိဳ႕ကို အရိပ္အႁမြတ္ ေျပာၾကားခဲ့ၿပီး Season-1 ဇာတ္လိုက္ျဖစ္သူ ဂီဟြန္း၊ The Front Man ဇာတ္ေကာင္နဲ႔ ေဒါ့ဂီကစားရင္း ဂိမ္းထဲပါဝင္ခ်င္သူေတြကို လိုက္လံစုေဆာင္းတဲ့ကာ႐ိုက္တာလည္း ျပန္ပါမွာျဖစ္ၿပီး လႈပ္ရွားမႈကို အာ႐ုံခံတဲ့ ေယာင္းဟီစက္႐ုပ္ ကာ႐ိုက္တာမွာလည္း ၎ရဲ႕ရည္းစားလို႔သတ္မွတ္ထားတဲ့ စက္႐ုပ္တစ္ခု ပါဝင္ဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။

သို႔ေပမယ့္ Squit Game ရဲ႕ Season သစ္ ဘယ္ေတာ့ထြက္မယ္ဆိုတာကိုေတာ့ အေသးစိတ္ထုတ္ေဖာ္ အသိေပးခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

https://cnalifestyle.channelnewsasia.com/entertainment/squid-game-season-2-coming-netflix-315976?cid=FBcna&fbclid=IwAR0M7sp1_fosVhMSm7rBcqjqoAPO_tMhAWoBcJedbBVxSTmfqb3mDZCDtC4

Related news

© 2021. All rights reserved.