ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းပြီးပါက လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ၈.၅၉ ဆင့်နှုန်းဖြင့်ဖြန့်ချီနိုင်မည်

1157

ရဲပြည့် (NP News) - ဇွန် ၁၅
ကျောက်ဖြူမြို့တွင်ဆောင်ရွက်နေသည့် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အ ပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းစတင်လည်ပတ်မည်ဆိုပါက လျှပ် စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ပြီး ၁ ယူနစ်လျင် ၈ ဒသမ ၅၉ ဆင့်နှုန်းဖြင့်ဖြန့်ချီနိုင်မည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇွန်လ (၁၄)ရက်တွင် ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ သွားရောက်လေ့လာကြည့်ရှုချိန်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"စီမံကိန်းဆောင်ရွက်မှုကို သတ်မှတ်စံချိန်စံနှုန်းတွေ ပြည့်မီစွာနဲ့ရည်မှန်းကာလမှာ ပြီးစီးအောင်ဆောင်ရွက်ရမှာဖြစ်သလို စီမံကိန်း အကောင်အ ထည်ဖော်မှု သတ်မှတ်ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးလေ့ လာလိုတဲ့ ပညာရှင်တွေရှိရင် လာရောက်လေ့လာနိုင်အောင်လုပ်ဆောင် ရမှာဖြစ်ပါတယ်"ဟု နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြန်လည်ဆွေးနွေးခဲ့သည်။
သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွင် ဂျာမနီနိုင်ငံမှထုတ်လုပ်သည့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအသုံးပြုမည့် စွမ်းအားအမြင့်ဆုံးနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး စက်ရုံလည်ပတ်စဉ်ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးလုပ်ငန်း(EPGE)မှ အင်ဂျင်နီယာများအား စက်ရုံတွင် ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှုပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများအား လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံ ကိန်းအား ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်လျက်ရှိပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ် စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်သည်။
https://npnewsmm.com/news/62a9b495ed0e4f2997588056

zawgyi version
ေက်ာက္ျဖဴၿမိဳ႕ရွိ သဘာဝဓာတ္ေငြ႕ႏွင့္စြန႔္ပစ္အပူသုံးလွ်ပ္စစ္ဓာတ္အားေပးစီမံကိန္းၿပီးပါက လွ်ပ္စစ္ဓာတ္အား တစ္ယူနစ္လွ်င္ ၈.၅၉ ဆင့္ႏႈန္းျဖင့္ျဖန႔္ခ်ီႏိုင္မည္
ရဲျပည့္ (NP News) - ဇြန္ ၁၅
ေက်ာက္ျဖဴၿမိဳ႕တြင္ေဆာင္႐ြက္ေနသည့္ သဘာဝဓာတ္ေငြ႕ႏွင့္စြန႔္ပစ္အ ပူသုံး လွ်ပ္စစ္ဓာတ္အားေပးစီမံကိန္းစတင္လည္ပတ္မည္ဆိုပါက လွ်ပ္ စစ္ဓာတ္အား ၁၃၅ မဂၢါဝပ္ထြက္ရွိမည္ျဖစ္ၿပီး ၁ ယူနစ္လ်င္ ၈ ဒသမ ၅၉ ဆင့္ႏႈန္းျဖင့္ျဖန႔္ခ်ီႏိုင္မည္ျဖစ္ေၾကာင္း နစက ဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာသည္။
ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဇြန္လ (၁၄)ရက္တြင္ ေက်ာက္ျဖဴၿမိဳ႕ရွိ သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံး လွ်ပ္စစ္ဓာတ္အားေပးစီမံကိန္းသို႔ သြားေရာက္ေလ့လာၾကည့္ရႈခ်ိန္တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
"စီမံကိန္းေဆာင္႐ြက္မႈကို သတ္မွတ္စံခ်ိန္စံႏႈန္းေတြ ျပည့္မီစြာနဲ႔ရည္မွန္းကာလမွာ ၿပီးစီးေအာင္ေဆာင္႐ြက္ရမွာျဖစ္သလို စီမံကိန္း အေကာင္အ ထည္ေဖာ္မႈ သတ္မွတ္ကာလအတြင္း ႐ုပ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီးေလ့ လာလိုတဲ့ ပညာရွင္ေတြရွိရင္ လာေရာက္ေလ့လာႏိုင္ေအာင္လုပ္ေဆာင္ ရမွာျဖစ္ပါတယ္"ဟု နစက ဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကျပန္လည္ေဆြးေႏြးခဲ့သည္။
သဘာဝဓာတ္ေငြ႕ႏွင့္စြန႔္ပစ္အပူသုံး လွ်ပ္စစ္ဓာတ္အားေပးစီမံကိန္းတြင္ ဂ်ာမနီႏိုင္ငံမွထုတ္လုပ္သည့္ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးအသုံးျပဳမည့္ စြမ္းအားအျမင့္ဆုံးႏွင့္ သဘာဝဓာတ္ေငြ႕သုံးစြဲမႈ အသက္သာဆုံး SGT-800 Gas Turbine အနည္းငယ္ျဖင့္ လည္ပတ္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိၿပီး စက္႐ုံလည္ပတ္စဥ္ကာလ ၂၅ ႏွစ္အတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရးလုပ္ငန္း(EPGE)မွ အင္ဂ်င္နီယာမ်ားအား စက္႐ုံတြင္ ေခၚယူတာဝန္ေပး၍ စက္႐ုံလည္ပတ္မႈျပဳျပင္ထိန္းသိမ္းမႈဆိုင္ရာ နည္းပညာမ်ားအား လႊဲေျပာင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေက်ာက္ျဖဴ သဘာဝဓာတ္ေငြ႕သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံစီမံ ကိန္းအား ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္တြင္ တည္ေဆာက္လ်က္ရွိၿပီး ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းမွ သဘာဝဓာတ္ေငြ႕ အသုံးျပဳ၍ လွ်ပ္ စစ္ဓာတ္အား ထုတ္လုပ္မည္ျဖစ္သည္။
https://npnewsmm.com/news/62a9b495ed0e4f2997588056