မြန်မာနိုင်ငံက အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ကစားနည်း(၄)မျိုး ပါဝင်ယှဉ်ပြိုင်မည်

1077

ပုံစာ - မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
ဟိန်း (NP News) - ဇွန် ၁၇
ထိုင်းနိုင်ငံ၌ကျင်းပမည့် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း (၄) မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။
ဒုတိယဝန်ကြီးက အဆိုပါအာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများ အောင်နိုင်ရေးညှိနှိုင်းအ စည်းအဝေးကို ဇွန်လ ၁၆ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာနရုံး၌ကျင်းပစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
၂ဝ၂၂ ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ မြားပစ်စသည့် အားကစားနည်း (၄)မျိုး ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
အကြိမ်(၂ဝ)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဇူ လိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၈ ရက်အထိ ထိုင်းနိုင်ငံ အူဘွန်ရချာဌာနီမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် နှစ်နှစ်လျှင်တစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တွင် အာဆီယံ တက္ကသိုလ်များ အား ကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကာ နိုင်ငံ ၁၁ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း (၁၇) မျိုးတွင် ရွှေ (၂၄) ခု၊ ငွေ (၂၆) ခု၊ ကြေး (၂၉) ခုဖြင့် နိုင်ငံအလိုက် အဆင့်(၄) ရရှိခဲ့သည်။
https://npnewsmm.com/news/62ac0ed0043fab73b7597e71

zawgyi version
ျမန္မာႏိုင္ငံက အာဆီယံတကၠသိုလ္မ်ားအားကစားၿပိဳင္ပြဲတြင္ ကစားနည္း(၄)မ်ိဳး ပါဝင္ယွဥ္ၿပိဳင္မည္
ဟိန္း (NP News) - ဇြန္ ၁၇
ထိုင္းႏိုင္ငံ၌က်င္းပမည့္ အာဆီယံတကၠသိုလ္မ်ားအားကစားၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အားကစားနည္း (၄) မ်ိဳးျဖင့္ ပါဝင္ယွဥ္ၿပိဳင္ရန္ စခန္းသြင္းေလ့က်င့္ေနေၾကာင္း အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေဇာ္ျမင့္က ေျပာၾကားသည္။
ဒုတိယဝန္ႀကီးက အဆိုပါအာဆီယံတကၠသိုလ္မ်ားအားကစားၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အားကစားၿပိဳင္ပြဲမ်ား ေအာင္ႏိုင္ေရးညႇိႏႈိင္းအ စည္းအေဝးကို ဇြန္လ ၁၆ ရက္က ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီး ဌာန႐ုံး၌က်င္းပစဥ္ ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
၂ဝ၂၂ ခုႏွစ္ အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံ မွ ေဘာလုံး၊ ပိုက္ေက်ာ္ျခင္း၊ ဝူရႉး၊ ျမားပစ္စသည့္ အားကစားနည္း (၄)မ်ိဳး ပါဝင္ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ စခန္းသြင္းေလ့က်င့္ေနေၾကာင္း ဒုတိယဝန္ႀကီးက ေျပာသည္။
အႀကိမ္(၂ဝ)ေျမာက္ အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲကို ဇူ လိုင္လ ၂၆ ရက္မွ ဩဂုတ္လ ၈ ရက္အထိ ထိုင္းႏိုင္ငံ အူဘြန္ရခ်ာဌာနီၿမိဳ႕၌ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။
အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲသည္ ႏွစ္ႏွစ္လွ်င္တစ္ႀကိမ္က်င္းပျခင္းျဖစ္ၿပီး ၂ဝ၁၈ ခုႏွစ္တြင္ အာဆီယံ တကၠသိုလ္မ်ား အား ကစားၿပိဳင္ပြဲကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ကာ ႏိုင္ငံ ၁၁ ႏိုင္ငံက ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကသည္။ အဆိုပါၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံက အားကစားနည္း (၁၇) မ်ိဳးတြင္ ေ႐ႊ (၂၄) ခု၊ ေငြ (၂၆) ခု၊ ေၾကး (၂၉) ခုျဖင့္ ႏိုင္ငံအလိုက္ အဆင့္(၄) ရရွိခဲ့သည္။
https://npnewsmm.com/news/62ac0ed0043fab73b7597e71