တရုတ်မီဒီယာဂရုစ် (CMG) က ဟောင်ကောင်၊ မကာအိုတို့အပြင် (GBA) ဒေသများမှာ ရုပ်သံအစီအစဉ်အစုံ တင်ဆက်ထုတ်လွှင့်ပေး

 667

ဂျန်ဇက် (NP News) - ဇွန် ၂၄
တရုတ်မီဒီယာအုပ်စု (CMG) ဟာ ဂွန်ဒေါင်း၊ ဟောင်ကောင်၊ မာကာအိုတို့အပါအဝင် Greater Bay Area များမှာ နေ့စဉ်အစီအစဉ်များကို ဇွန် ၂ဝ ရက်မှ ဇွန်လ ၃ဝ ရက်အထိ အသံလွှင့်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါဒေသရှိ မြို့တစ်မြို့ချင်းစီရဲ့အကြောင်းကို အဓိကထားတဲ့ တစ်နာရီကြာ TV show အစီအစဉ်များကို လည်း ၁၂ နာရီကြာ ထုတ်လွှင့်ပြသနေတဲ့ အွန်လိုင်း livestreaming မှာ နေ့စဉ် ထုတ်လွှင့်ပြသလျက်ရှိနေ ပါတယ်။ Greater Bay Area (GBA) မှာ တရုတ်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခုဖြစ်တဲ့ ဟောင်ကောင်နဲ့ မာကာအိုတို့အပြင် တရုတ်ပြည်မကြီးမှ ကွမ်ကျိူး၊ ရှင်ကျန်၊ ကျူဟိုင်း၊ ဖိုရှန်း ဟွေ့ကျိုး၊ တုံကွမ်၊ ကျုံးရှန်၊ ကျန့်မန်၊ ကျောက်ချင် စတဲ့ မြို့ ၉ မြို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

(CMG) ဥက္ကဋ္ဌ ရှန်ဟိုင်ရှောင် က ၎င်းတို့ရဲ့နေ့စဉ်ရုပ်သံအစီအစဉ်များမှာ GBA ဒေသရဲ့ အထွေထွေဓါတ်ပုံများ ပြသနိုင်ဖို့မျှော်လင့်ထားသလို ကမ္ဘာတဝန်းရှိ ပရိသတ်များကိုလည်း အဆိုပါမြို့တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုများကို ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအကြီးအကဲဂျွန်လီ နဲ့ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအကြီးအကဲ ဟိုအက်ဆန်တို့က (CMG) က ဟောင်ကောင်နဲ့ မာကာအိုဒေသရှိ ကာလအတန်ကြာတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ၁၁ ရက်ကြာပြသမယ့် ရုပ်သံအစီအစဉ်များဟာ ဒေသနှစ်ခုအပြင် အဓိကပြည်မကြီး ကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

https://news.cgtn.com/news/2022-06-22/CMG-launches-multimedia-series-on-Greater-Bay-Area--1b4Vce0nP0I/index.html

Zawgyi Version;
တ႐ုတ္မီဒီယာဂ႐ုစ္ (CMG) က ေဟာင္ေကာင္၊ မကာအိုတို႔အျပင္ (GBA) ေဒသမ်ားမွာ ႐ုပ္သံအစီအစဥ္အစုံ တင္ဆက္ထုတ္လႊင့္ေပး
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄
တ႐ုတ္မီဒီယာအုပ္စု (CMG) ဟာ ဂြန္ေဒါင္း၊ ေဟာင္ေကာင္၊ မာကာအိုတို႔အပါအဝင္ Greater Bay Area မ်ားမွာ ေန႔စဥ္အစီအစဥ္မ်ားကို ဇြန္ ၂ဝ ရက္မွ ဇြန္လ ၃ဝ ရက္အထိ အသံလႊင့္ထုတ္လႊင့္ေပးလ်က္ရွိေၾကာင္း သိရပါတယ္။

အဆိုပါေဒသရွိ ၿမိဳ႕တစ္ၿမိဳ႕ခ်င္းစီရဲ႕အေၾကာင္းကို အဓိကထားတဲ့ တစ္နာရီၾကာ TV show အစီအစဥ္မ်ားကို လည္း ၁၂ နာရီၾကာ ထုတ္လႊင့္ျပသေနတဲ့ အြန္လိုင္း livestreaming မွာ ေန႔စဥ္ ထုတ္လႊင့္ျပသလ်က္ရွိေန ပါတယ္။ Greater Bay Area (GBA) မွာ တ႐ုတ္ႏိုင္ငံရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွစ္ခုျဖစ္တဲ့ ေဟာင္ေကာင္နဲ႔ မာကာအိုတို႔အျပင္ တ႐ုတ္ျပည္မႀကီးမွ ကြမ္က်ိဴး၊ ရွင္က်န္၊ က်ဴဟိုင္း၊ ဖိုရွန္း ေဟြ႕က်ိဳး၊ တုံကြမ္၊ က်ဳံးရွန္၊ က်န႔္မန္၊ ေက်ာက္ခ်င္ စတဲ့ ၿမိဳ႕ ၉ ၿမိဳ႕နဲ႔ ေပါင္းစပ္ဖြဲ႕စည္းထားတယ္လို႔ သိရပါတယ္။

(CMG) ဥကၠ႒ ရွန္ဟိုင္ေရွာင္ က ၄င္းတို႔ရဲ႕ေန႔စဥ္႐ုပ္သံအစီအစဥ္မ်ားမွာ GBA ေဒသရဲ႕ အေထြေထြဓါတ္ပုံမ်ား ျပသႏိုင္ဖို႔ေမွ်ာ္လင့္ထားသလို ကမာၻတဝန္းရွိ ပရိသတ္မ်ားကိုလည္း အဆိုပါၿမိဳ႕ေတြရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ျပသႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။

ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ခြင့္ရေဒသအႀကီးအကဲဂြၽန္လီ နဲ႔ မကာအို အထူးအုပ္ခ်ဳပ္ခြင့္ရေဒသအႀကီးအကဲ ဟိုအက္ဆန္တို႔က (CMG) က ေဟာင္ေကာင္နဲ႔ မာကာအိုေဒသရွိ ကာလအတန္ၾကာတည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳး တိုးတက္ေရးတို႔အတြက္ ၁၁ ရက္ၾကာျပသမယ့္ ႐ုပ္သံအစီအစဥ္မ်ားဟာ ေဒသႏွစ္ခုအျပင္ အဓိကျပည္မႀကီး ၾကား အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္သြယ္မႈမ်ား ပိုမိုေကာင္းမြန္လာဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။

https://news.cgtn.com/news/2022-06-22/CMG-launches-multimedia-series-on-Greater-Bay-Area--1b4Vce0nP0I/index.html

Related news

© 2021. All rights reserved.